• Follow Us on

Home မြန်မာနိုင်ငံဆိုင်ရာ ကမ္ဘောဒီယားသံရုံးအနီး၌ ဗုံးပေါက်ကွဲမှုများရှိခဲ့သော်လည်း ဝန်ကြီးချုပ် ဟွန်ဆန်၏ မြန်မာ နိုင်ငံခရီးစဉ်အပေါ် သက်ရောက်မှုမရှိဟုဆို

မြန်မာနိုင်ငံဆိုင်ရာ ကမ္ဘောဒီယားသံရုံးအနီး၌ ဗုံးပေါက်ကွဲမှုများရှိခဲ့သော်လည်း ဝန်ကြီးချုပ် ဟွန်ဆန်၏ မြန်မာ နိုင်ငံခရီးစဉ်အပေါ် သက်ရောက်မှုမရှိဟုဆို

Share this post

နိုင်ငံတကာ၊ ဇန်နဝါရီ ၃ (People Media)

 

မြန်မာနိုင်ငံဆိုင်ရာ ကမ္ဘောဒီးယားသံရုံးအနီး၌ ပြီးခဲ့သည့် ဒီဇင်ဘာ ၃၁ ရက်နေ့က ဗုံးပေါက်ကွဲမှုနှစ်ကြိမ် ဖြစ်ပွားခဲ့သော်လည်း ဝန်ကြီးချုပ် ဟွန်ဆန်၏ လာမည့် တစ်ပါတ်အတွင်း တရားဝင်လာရောက်မည့် ခရီး စဉ်အပေါ် သက်ရောက်မှုရှိမည်မဟုတ်ကြောင်း သိရသည်။

 

ဟွန်ဆန်၏ မြန်မာနိုင်ငံသို့ လာရောက်လည်ပတ်မည့်အစီအစဉ်သည် ပြောင်းလဲမည်မဟုတ်ကြောင်း နိုင်ငံ ခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ Koy Kuong က ပြောကြားခဲ့သည်။

 

ပြီးခဲ့သည့် ဒီဇင်ဘာ ၇ ရက်က မြန်မာနိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်၏ ကမ္ဘောဒီးယားခရီးစဉ်အတွင်း မစ္စတာ ဟွန်ဆန်ထံ ပေးအပ်ခဲ့သည့် ဖိတ်ကြားချက်အရ ဝန်ကြီးချုပ်သည် ဇန်နဝါရီ ၇ ရက်နေ့ နှင့် ၈ ရက်နေ့ တို့တွင် နှစ်ရက်တာ ခရီးစဉ်အဖြစ် မြန်မာနိုင်ငံကို လာရောက်ရန် စီစဉ်ထားကြောင်း ပြောဆိုထားသည်။

 

ခရီးစဉ်အတွင်း ဒေါ်အောင်ဆန်းစုကြည့်နှင့် တွေ့ဆုံဖို့ရှိမရှိ သတင်းထောက်များက မေးမြန်းခဲ့ရာတွင် ဝန်ကြီး ချုပ် ဟွန်ဆန်၏ မြန်မာနိုင်ငံခရီးစဉ်သည် ပထမအကြိမ်ဖြစ်သဖြင့် န.စ.ကဥက္ကဋ္ဌနှင့် အရင်တွေ့ဆုံပြီးမှ အခြား အခြေအနေများဖြစ်လာနိုင်ဖွယ်ရှိကြောင်း နိုင်ငံတကာဆက်ဆံရေးညွှန်ကြားရေးမှူးချုပ် Kin Phea က ပြော ကြားသည်။

 

“ဟုတ်ပါတယ်၊ မြန်မာနိုင်ငံမှာ အကျပ်အတည်း ကြုံလာတဲ့အခါ ပါတီအားလုံး ပါဝင်သင့်ပြီး ဝန်ကြီးချုပ် ဒေါ် အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံနိုင်ရင် ကောင်းမယ်လို့ ပြောနိုင်ပေမယ့် ပထမအဆင့်အနေနဲ့တော့ (မစ္စတာ ဟွန်ဆန်) အနေနဲ့ န.စ.ကဥက္ကဋ္ဌနဲ့ အရင်ဆုံးတွေ့ဆုံပြီးမှပဲ တခြားအခြေအနေတွေ ဖြစ်လာနိုင်ပါတယ်” ဟု ၎င်းက ပြောသည်။

 

မြန်မာနိုင်ငံကို လာရောက်လည်ပတ်စဉ်အတွင်း အာဆီယံဥက္ကဋ္ဌအဖြစ် တာဝန်ယူခဲ့သည့် မစ္စတာ ဟွန်ဆန်က အာဆီယံအဖွဲ့အစည်းအတွင်း ကောင်းမွန်သော ပူးပေါင်းဆောင်ရွက်မှုနှင့် စည်းလုံးညီညွတ်မှု ပြန်လည်ရရှိရန် မြန်မာနိုင်ငံအား အာဆီယံသို့ ပြန်လည်ပို့ဆောင်ရန် ကတိပြုထားကြောင်း သိရသည်။

 

ကိုးကား – Khmertimeskh

 

Ref; Bomb blasts will not affect PM’s visit to Myanmar this week

 

#PeopleMedia #EPN #မြန်မာ_ကမ္ဘောဒီယား

 

(unicode)


……………………………………………………………

 


 


 


 


 


 


 


 

ကိုးကား – Khmertimeskh

 

Ref; Bomb blasts will not affect PM’s visit to Myanmar this week

 

#PeopleMedia #EPN #မွနျမာ_ကမ်ဘောဒီယား


Share this post