• Follow Us on
Latest News

Home မြန်မာနိုင်ငံတစ်နိုင်ငံလုံးရှိ အကျဉ်းထောင်များတွင် COVID-19 ကူးစက်ခံရသည့် အကျဉ်းသူ/သား စုစုပေါင်း (၃၇၅) ဦးရှိ

မြန်မာနိုင်ငံတစ်နိုင်ငံလုံးရှိ အကျဉ်းထောင်များတွင် COVID-19 ကူးစက်ခံရသည့် အကျဉ်းသူ/သား စုစုပေါင်း (၃၇၅) ဦးရှိ

Share this post

နေပြည်တော်၊ ဇူလိုင် – ၂၀ (People Media)

 

မြန်မာနိုင်ငံတစ်နိုင်ငံလုံးရှိ အကျဉ်းထောင်များတွင် COVID-19 ကူးစက်ခံရသူ အကျဉ်းသူ၊ အကျဉ်းသား စုစုပေါင်း ၃၇၅ ဦးရှိတယ်လို့ န-စ-က မှ ရှင်းလင်းထားပါတယ်။

 

အကျဉ်းထောင်များ၌ ကိုဗစ်ရောဂါကူးစက်မှုများရှိနေခြင်းနှင့် ပတ်သက်၍ အကျဉ်းထောင်များအလိုက် အကျဉ်းထောင်ဆေးရုံ၊ ဆေးခန်းများနဲ့ COVID-19 ရောဂါ Positive Center များ သီးခြားဖွင့်လှစ်ထားပြီး COVID-19 ရောဂါပျောက်ကင်းသည့်အထိ ကုသပေးနေကြောင်း န-စ-က ၏ ရှင်းလင်းချက်၌ ဖော်ပြထား ပါတယ်။

 

ယနေ့အချိန်ထိ အကျဉ်းထောင်အလိုက် COVID-19 ကူးစက်ခံရပြီး သက်သာပျောက်ကင်းသူ ၁၂၅ ဦး၊ ဆက် လက်ကုသမှုခံယူဆဲ ၂၀၈ ဦးဖြစ်ပြီး၊ ဖမ်းဆီးခံရသည့် NLD ပါတီ၏ ဗဟိုအလုပ်အမှုဆောင် အတွင်းရေးမှူး ဦးဉာဏ်ဝင်းအပါအဝင် သေဆုံးသူစုစုပေါင်း ၆ ဦးရှိပြီးဖြစ်ကြောင်းဆိုပါတယ်။

 

ထို့အပြင် COVID-19 ရောဂါပျောက်ကင်းပြီး လွတ်ရက်စေ့ လွတ်မြောက်သူစုစုပေါင်း ၉ ဦးရှိကြောင်း ရှင်း လင်းဖော်ပြထားပါတယ်။

 

လက်ရှိအချိန်၌ အာဆီယံနိုင်ငံများအပါအဝင် ကမ္ဘာ့နိုင်ငံများက ဖမ်းဆီးခံ နိုင်ငံရေးအကျဉ်းသားများ ပြန်လည်လွှတ်ပေးရေးအတွက် တောင်းဆိုလျက်ရှိပါတယ်။

 

Photo – Credit

 

#PeopleMedia #အကျဉ်းထောင် #နစက

 

(unicode)


…………………………………………………………

 


 


 


 


 


 


 

Photo – Credit

 



Share this post