• Follow Us on

Home မြန်မာနိုင်ငံတွင် လူကုန်ကူးခံရသူများကို အလုပ်အကိုင်အခွင့်အလမ်းများ ချိတ်ဆက်ဆောင်ရွက်ပေးနေကြောင်း လူကယ်ပြန်ဝန်ကြီး ဒေါက်တာသက်သက်ခိုင် ပြောဆို

မြန်မာနိုင်ငံတွင် လူကုန်ကူးခံရသူများကို အလုပ်အကိုင်အခွင့်အလမ်းများ ချိတ်ဆက်ဆောင်ရွက်ပေးနေကြောင်း လူကယ်ပြန်ဝန်ကြီး ဒေါက်တာသက်သက်ခိုင် ပြောဆို

Share this post

နေပြည်တော်၊ သြဂုတ် ၁၉ (People Media)

 

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနအနေဖြင့် လူကုန်ကူးခံရသူများ၏ အလုပ်အကိုင်အခွင့်အလမ်းများ ချိတ်ဆက်ပေးခြင်းလုပ်ငန်းများကို ဆောင်ရွက်နေကြောင်း အဆိုပါ ဝန်ကြီးဌာန ၏ ပြည်ထောင်စုဝန်ကြီးဒေါက်တာ ဒေါ်သက်သက်ခိုင်က ပြောပါတယ်။

 

လူကုန်ကူးခံရသူများ၏ အလုပ်အကိုင်အခွင့်အလမ်းများ ချိတ်ဆက်ပေးခြင်းလုပ်ငန်းများကို တတိယ (၅) နှစ်စီမံကိန်းအဖြစ် ဆောင်ရွက်သွားမည်ဖြစ်ကြောင်းကိုလည်း ပြည်ထောင်စုဝန်ကြီးက ဆိုပါတယ်။

 

အလားတူ လူကုန်ကူးခံရသူများအား ပြန်လည်လက်ခံခြင်း ၎င်းတို့အား နေရာထိုင်ခင်း ဆောင်ရွက်ပေးခြင်း၊ Psycho Social Support ပြုလုပ်ဖြင်း၊ လတ်တလောလိုအပ်ချက်များ ကူညီဆောင်ရွက်ပေးခြင်း၊ အလုပ်အကိုင် အခွင့်အလမ်းများ ချိတ်ဆက်ပေးခြင်း၊ ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ပေးနေပါကြောင်း၊ လူကုန်ကူးမှုတားဆီးကာကွယ်ရေးဗဟိုအဖွဲ့တွင် အဖွဲ့ဝင်ဖြစ်သည့်အပြင် အကူအညီလိုအပ်သူများအား ဦးတည်အုပ်စုအလိုက် ကူညီစောင့်ရှောက်မှုများ ဆောင်ရွက်ပေးနေသည့် ဝန်ကြီးဌာနလည်းဖြစ်ပါကြောင်း၊ ဗဟိုအဖွဲ့၏ဦးဆောင်မှု၊ လမ်းညွှန်ချက်များနှင့်အညီ လူကုန်ကူးခံရသူများအား ကာကွယ်စောင့်ရှောက်ရေးလုပ် ငန်းများကို ဆောင်ရွက်ပေးနေပါကြောင်း ပြောကြားခဲ့ပါတယ်။

 

#PeopleMedia #လူကယ်ပြန်

 

(unicode)


…………………………………………………………………

 


 


 


 


 



Share this post