• Follow Us on

Home မြန်မာနိုင်ငံတွင် ရုရှားလုပ်ငန်းရှင်များမှ လျှပ်စစ်ဓာတ်အားထုတ်လုပ်ခြင်း၊ ရေနံတူးဖော်ထုတ်လုပ်သန့်စင်ခြင်းနှင့်  ဘက်စုံသုံးပင်လယ်ဆိပ်ကမ်းတည်ဆောက်ရန် စိတ်ဝင်စား

မြန်မာနိုင်ငံတွင် ရုရှားလုပ်ငန်းရှင်များမှ လျှပ်စစ်ဓာတ်အားထုတ်လုပ်ခြင်း၊ ရေနံတူးဖော်ထုတ်လုပ်သန့်စင်ခြင်းနှင့်  ဘက်စုံသုံးပင်လယ်ဆိပ်ကမ်းတည်ဆောက်ရန် စိတ်ဝင်စား

Share this post

နေပြည်တော်၊ စက်တင်ဘာ ၆ (People Media)

 

မြန်မာနိုင်ငံတွင် ရုရှားလုပ်ငန်းရှင်များမှ လျှပ်စစ်ဓာတ်အားထုတ်လုပ်ခြင်း၊ ရေနံတူးဖော်ထုတ်လုပ်သန့်စင်ခြင်း၊ ဘက်စုံသုံးပင်လယ်ဆိပ်ကမ်းတည်ဆောက်ခြင်းများ ရင်းနှီးမြှုပ်နှံရန် စိတ်ဝင်စားလျက်ရှိနေကြောင်း နစကမှ ထုတ်ပြန်ချက်အရ သိရသည်။

 

စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန်နှင့် မြန်မာကိုယ်စားလှယ်အဖွဲ့သည် ရုရှား ဖက်ဒရေးရှင်းနိုင်ငံ၏ ဒုတိယဝန်ကြီးချုပ်နှင့် သမ္မတ၏အထူးအာဏာကုန်လွှဲအပ်ခြင်းခံရသော ရုရှားအရှေ့ဖျား ဒေသဆိုင်ရာ ကိုယ်စားလှယ်ဖြစ်သူ၏ ဖိတ်ကြားချက်အရ ရုရှားဖက်ဒရေးရှင်းနိုင်ငံ ဗလာဒီဗော့စတော့မြို့၌ စက် တင်ဘာ ၂ ရက်မှ ၄ ရက်နေ့အထိ ကျင်းပသည့် ၆ ကြိမ်မြောက် အရှေ့ဖျားစီပွားရေးဖိုရမ်သို့သွားရောက်သည့် အစည်းအဝေးတွင် ဆွေးနွေးပြောကြားခဲ့ခြင်းဖြစ်သည်။

 

အဆိုပါအစည်းအဝေးတွင် ကိုယ်စားလှယ်အဖွဲ့သည် မြန်မာနိုင်ငံနှင့် စီးပွားရေးပူးပေါင်းဆောင်ရွက်လိုသည့် ကုမ္ပဏီများနှင့် သီးခြားတွေ့ဆုံ၍ မြန်မာနိုင်ငံ၏ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာအခွင့်အလမ်းများကို ဆွေး နွေးကြရာ ရုရှားလုပ်ငန်းရှင်များအနေဖြင့် မြန်မာနိုင်ငံ၏ စိုက်ပျိုးရေးထုတ်ကုန်များအား တန်ဖိုးမြှင့်ထုတ်လုပ်၍ ရုရှားနိုင်ငံသို့ ဝယ်ယူတင်သွင်းခြင်းနှင့် အထက်ပါအကြောင်းအရာတို့ကို စိတ်ဝင်စားလျက်ရှိကြကြောင်း ထုတ် ပြန်ချက်တွင် ဖော်ပြပါရှိသည်။

 

ဆက်လက်ပြီး ရုရှား-မြန်မာနှစ်နိုင်ငံအကြား စိုက်ပျိုးရေးအခြေခံတန်ဖိုးမြှင့် စားသောက်ကုန်ထုတ်လုပ်မှုကဏ္ဍ၊ စွမ်းအင်ကဏ္ဍ၊ စက်သုံးဆီသိုလှောင်ကန်နှင့် အခြားအခြေခံအဆောက်အဦများ တည်ဆောက်ရေးကဏ္ဍ၊ ရော် ဘာအခြေခံစက်မှုကုန်ထုတ်လုပ်မှုကဏ္ဍ၊ သိပ္ပံနှင့်နည်းပညာကဏ္ဍ၊ ကျန်းမာရေးကဏ္ဍများ၌ ရုရှားနိုင်ငံမှ ရင်းနှီး မြှုပ်နှံမှုများ ဝင်ရောက်လာရေး၊ ရင်းနှီးမြှုပ်နှံမှုနှင့် နှစ်နိုင်ငံကုန်သွယ်မှုကဏ္ဍ တိုးတက်စေရေးအတွက် နှစ်နိုင်ငံ အစိုးရများအကြား ရှေ့ဆက်၍ ကူညီပူးပေါင်းဆောင်ရွက်သင့်သည့် ကိစ္စများကို သီးသန့်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

 

ထို့အပြင် ရုရှားနှင့် အာဆီယံနိုင်ငံများအကြား မြောက်ပိုင်းပင်လယ်လမ်းကြောင်းတစ်ခုဖြစ်ပေါ်လာရေးတို့ကို ဦး တည်ဆွေးနွေးခဲ့ကြသည်ဟုဆိုသည်။

 

ယင်း Business Gialogue ၌ ရုရှားဖက်ဒရေးရှင်းနိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ပြည်နယ်များပူးပေါင်းဆောင် ရွက်မှုအဖွဲ့ အမှုဆောင်အရာရှိချုပ်နှင့် ရုရှား-အာဆီယံစီးပွားရေးကောင်စီဥက္ကဋ္ဌဖြစ်သူမှဦးဆောင်ဆွေးနွေး၍ ဘရူးနိုင်း၊ ဗီယက်နမ်၊ ရုရှားဖက်ဒရေးရှင်း၊ ဖိလစ်ပိုင်၊ မြန်မာနှင့် စင်ကာပူနိုင်ငံတို့မှ စီးပွားရေးလုပ်ငန်းများ၊ ကုန် သည်နှင့် စက်မှုလက်မှုလုပ်ငန်းရှင်အသင်းများမှ တာဝန်ရှိပုဂ္ဂိုလ်များမှ ပါဝင်ဆွေးနွေးခဲ့ကြကြောင်း နစကမှ ထုတ်ပြန်ချက်အရ သိရသည်။

 

#PeopleMedia #Russia #ASEAN #ရုရှားမြန်မာ

 

(unicode)


……………………………………………………………………………

 


 


 


 


 


 


 


 



Share this post