• Follow Us on

Home မြန်မာနိုင်ငံဘက်မှ စနစ်တကျ ပြင်ဆင်၍ အဆင်သင့်စောင့်ဆိုင်းခဲ့သော်လည်း နေရပ်စွန့်ခွာသူများ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ ပြန်လည်ရောက်ရှိလာ ခြင်းမရှိ

မြန်မာနိုင်ငံဘက်မှ စနစ်တကျ ပြင်ဆင်၍ အဆင်သင့်စောင့်ဆိုင်းခဲ့သော်လည်း နေရပ်စွန့်ခွာသူများ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ ပြန်လည်ရောက်ရှိလာ ခြင်းမရှိ

Share this post

နေပြည်တော်၊ ဩဂုတ် – ၂၂

အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေ၊ နေရပ်စွန့်ခွာသူများ ပြန်လည်လက်ခံ ရေးနှင့် ပြန်လည်နေရာချထားရေး ကော်မတီ ဥက္ကဋ္ဌ၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာဝင်းမြတ် အေး၊ နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးခင်မောင်တင်နှင့် တာဝန်ရှိသူများသည် ဩဂုတ် ၂၁ ရက်တွင် ရခိုင်ပြည်နယ် စစ်တွေမြို့သို့ ရောက်ရှိပြီး နေရပ်စွန့်ခွာသူများ ပြန်လည်လက်ခံရေးနှင့် ပြန်လည်နေရာ ချထားရေးကိစ္စရပ်များနှင့်ပတ် သက်၍ ညှိနှိုင်းအစည်းအဝေးပွဲကို ကျင်းပရာ အစည်းအဝေးသို့ ရခိုင်ပြည်နယ်ဝန်ကြီး ချုပ် ဦးညီပု၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီး များနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။

အစည်းအဝေးတွင် နေရပ်စွန့်ခွာသူများ ပြန်လည်လက်ခံရေးနှင့် ပြန် လည် နေရာချထားရေး ကော်မတီဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံ သဘော တူစာချုပ်ပါအတိုင်း နေရပ်စွန့်ခွာသူများ ပြန်လည်လက်ခံရေးအတွက် မြန်မာနိုင်ငံဘက်က အဆင်သင့်ဖြစ်အောင် ဆောင်ရွက်ထားခဲ့ပြီးဖြစ် ကြောင်း၊ အာဆီယံအတွင်းရေးမှူးချုပ်ရုံး၊ သဘာဝဘေးစီမံခန့်ခွဲမှု အတွက် လူသားချင်းစာနာကူညီမှုဆိုင်ရာ အာဆီယံညှိနှိုင်းရေးမှူးရုံး (ဗံဗ ဃနညအမန) နှင့် ဗှနဗN နျွဗွှ အဖွဲ့တို့မှ တာဝန်ရှိသူများကလည်း ပြန်လည်လက်ခံရေးစခန်းများနှင့် လှဖိုးခေါင်ကြားစခန်း၏ လုပ်ငန်း ဆောင်ရွက်မှုအား စွမ်းဆောင်ရည် မြှင့်တင်ခြင်း၊ သတင်းအချက်အလက် များ ဖြန့်ဝေရာတွင် ခိုင်မာအားကောင်းမှုရှိစေခြင်း၊ အခြေခံဝန်ဆောင်မှု များ ထောက်ပံ့ခြင်း စသည့်ကိစ္စရပ်များ လိုအပ်သလို ပူးပေါင်းဆောင် ရွက်မည်ဖြစ်ကြောင်းဖြင့် ပြောကြားသည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေက နေရပ်စွန့်ခွာသူများ ပြန်လည်လက်ခံရေးအတွက် မြန်မာ – ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံMoU လက်မှတ် ရေးထိုးထားပြီး စာချုပ်ပါအတိုင်း အကောင်အထည်ဖော် ဆောင်ရွက်ရန် အဆင်သင့်ရှိပါကြောင်း၊ ပြန်လည်ဝင်ရောက်လာသူများ အား လက်ခံရာတွင် အရေးကြီးသည့်အပိုင်းဖြစ်သည့် မြန်မာနိုင်ငံ အတွင်း၌ နေထိုင်ခဲ့ဖူးသူ ဟုတ်/မဟုတ် စိစစ်ပေးနိုင်ရန် မိမိတို့ဝန်ကြီး ဌာနမှ တာဝန်ရှိသူများသည် သက်ဆိုင်ရာ ဌာနအသီးသီးရှိ ဝန်ထမ်း များနှင့်အတူ ပြန်လည်လက်ခံရေးစခန်းများဖြစ်သည့် တောင်ပြိုလက်ဝဲ၊ ငါးခူရ စခန်းများတွင် ရောက်ရှိ၍ တာဝန်ထမ်းဆောင်နေပြီဖြစ်ကြောင်း ဖြင့် ပြောကြားသည်။ ထို့နောက် ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပု၊ ဒုတိယဝန်ကြီး ဦးခင်မောင်တင်နှင့် တာဝန်ရှိသူများက နေရပ်စွန့်ခွာ သူများ ပြန်လည်လက်ခံရေးနှင့် ပြန်လည်နေရာချထားရေးအတွက် စနစ် တကျ ကြိုတင်စီစဉ်ဆောင်ရွက်ထားရှိမှုများနှင့်ပတ်သက်၍ ရှင်းလင်း တင်ပြ ကြရာ ပြည်ထောင်စုဝန်ကြီးများနှင့် တာဝန်ရှိသူများက ပြန်လည် ညှိနှိုင်း ဆွေးနွေးကြသည်။ ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီးဌာနက မြန်မာနိုင်ငံဘက်မှ အဆိုပြုသော နေရပ်စွန့်ခွာသူများ ပြန်လည်ပို့ဆောင် ရေးကို ယနေ့ (၂၀၁၉ ခုနှစ် ဩဂုတ်လ ၂၂ ရက်နေ့) တွင် ဆောင်ရွက် မည်ဖြစ်ကြောင်း နှစ်နိုင်ငံညှိနှိုင်းသဘောတူညီချက်ရရှိခဲ့သဖြင့် ပြန်လည် လက်ခံရေးနှင့် ပြန်လည်နေရာချထားရေးလုပ်ငန်းများ ဆောင်ရွက်ပေး နိုင်ရန်အတွက် ရခိုင် ပြည်နယ်အစိုးရအဖွဲ့မှ လျှပ်စစ်၊ စက်မှုနှင့် လမ်းပန်း ဆက်သွယ်ရေးဝန်ကြီး ဦးအောင်ကျော်ဇံနှင့် ဌာနဆိုင်ရာ အဆင့်မြင့် အရာရှိများသည် အာဆီယံ အတွင်းရေးမှူးချုပ်ရုံး၊ သဘာဝဘေးစီမံ ခန့်ခွဲမှုအတွက် လူသားချင်းစာနာကူညီမှုဆိုင်ရာ အာဆီယံညှိနှိုင်းရေး မှုးရုံး (AHA Centre) ESifh ASEAN ERAT အဖွဲ့တို့မှ တာဝန်ရှိသူ များနှင့် အတူ မြန်မာနိုင်ငံနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံနယ်စပ်ရှိ တောင်ပြို လက်ဝဲ ပြန်လည် လက်ခံရေးစခန်းမှ အသင့်ပြင်ဆင် စောင့်ဆိုင်းခဲ့ ကြသော်လည်း ဘင်္ဂလားဒေ့ရှ် နိုင်ငံဘက်မှ မြန်မာနိုင်ငံဘက်သို့ နေရပ် စွန့်ခွာသူများ ပြန်လည်ဝင်ရောက်လာခြင်း မရှိကြောင်း သိရသည်။

မြန်မာနိုင်ငံအနေဖြင့် မြန်မာနိုင်ငံနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့၏ နှစ်နိုင်ငံ သဘောတူညီချက်အရ နေရပ်စွန့်ခွာသူများ ပြန်လည်လက်ခံရေးနှင့် ပြန်လည်နေရာချထားရေးကိစ္စရပ်များကို ၂၀၁၈ ခုနှစ် ဇန်နဝါရီ ၂၃ ရက်မှ စတင်ကာ အဆင်သင့်အနေထားဖြင့် လိုအပ်သည်များကို ကြိုတင်ဆောင်ရွက်ထားရှိပြီးဖြစ်ကြောင်း၊ ၂၀၁၈ ခုနှစ် နိုဝင်ဘာ ၁၅ ရက် ကလည်း ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေ၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး၊ ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဦးညီပု၊ ဒုတိယ ဝန်ကြီး ဗိုလ်ချုပ်အောင်သူနှင့် ဦးစိုးအောင်၊ ရခိုင်ပြည်နယ် လုံခြုံရေးနှင့် နယ်စပ်ရေးရာ ဝန်ကြီးနှင့် လျှပ်စစ်၊ စက်မှုနှင့် လမ်းပန်းဆက်သွယ်ရေး ဝန်ကြီးတို့ ဦးဆောင်သောအဖွဲ့သည် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ မြန်မာ နိုင်ငံမှ နေရပ်စွန့်ခွာသူများ ပြန်လည်ပို့ဆောင်မည်ဟု အကြောင်းကြား ချက်အရ တောင်ပြိုလက်ဝဲ ပြန်လည်လက်ခံရေးစခန်း၊ ငါးခူရပြန်လည် လက်ခံရေး စခန်းနှင့် လှဖိုးခေါင် ကြားစခန်းများသို့ သွားရောက်ကာ နေရပ်စွန့်ခွာသူများ ပြန်လည်လက်ခံရေးနှင့် ပြန်လည်နေရာချထားရေး ကိစ္စရပ်များကို သွားရောက် ဆောင်ရွက်ခဲ့သော်လည်း ပြန်လည် ဝင်ရောက်လာခြင်းမရှိခဲ့ကြောင်း သိရှိရသည်။

သတင်း၊ဓါတ်ပုံ (နိုင်ငံပိုင် မီဒီယာ)


Share this post