• Follow Us on

Home ျမန္မာနိုင္ငံမွ လာဖြယ္ရွိသည့္ ေဒၚလာ ၃၅ သန္းတန္ေၾကးရွိ စိတ္ႂကြေဆးျပားမ်ား မေလးရွားရဲတပ္ဖြဲ႕ ဖမ္းဆီးရမိ

ျမန္မာနိုင္ငံမွ လာဖြယ္ရွိသည့္ ေဒၚလာ ၃၅ သန္းတန္ေၾကးရွိ စိတ္ႂကြေဆးျပားမ်ား မေလးရွားရဲတပ္ဖြဲ႕ ဖမ္းဆီးရမိ

Share this post

နိုင္ငံတကာ၊ ဒီဇင္ဘာ ၁၃ (People Media)

မေလးရွားနိုင္ငံအေနာက္ပိုင္း ကမ္းရိုးတန္းအလြန္၌ စက္ေလွတစ္စင္းမွ ရင္းဂစ္ ၁၀၆ သန္းခန္႔ (ေဒၚလာ ၃၅ သန္း) တန္ေၾကးရွိ မီသာဖက္တမင္း ႏွစ္တန္ေက်ာ္ ဖမ္းဆီးရမိခဲ့ေၾကာင္း မေလးရွား ပင္လယ္ေရေၾကာင္းေအ ဂ်င္စီက ယေန႔ ေျပာၾကားလိုက္သည္။

သိမ္းဆည္းရမိေသာ မူးယစ္ေဆးမ်ားက ၾသစေၾတးလ်၊ အေရွ႕ေတာင္အာရွႏွင့္ တ႐ုတ္နိုင္ငံတစ္ဝွမ္း ပ်ံ႕ႏွံ့ ေနသည့္ ေဒၚလာ ဘီလီယံခ်ီတန္ေသာ တရားမဝင္ မူးယစ္ေဆးေရာင္းဝယ္မႈမ်ား၏ တစ္စိတ္ တစ္ေဒသဟု မေလး ရွား အာဏာပိုင္မ်ားက ေျပာသည္။

မေလးရွား ပင္လယ္ေရေၾကာင္းလုံျခဳံေရးေအဂ်င္စီ (MMEA) မွ ကင္းလွည့္ေရယာဥ္တစ္စင္းက ပီနန္ ကၽြန္းအလြန္၌ သံသယျဖစ္ဖြယ္ရာ စက္ေလွတစ္စင္းကို ေတြ႕ရွိေသာေၾကာင့္ စစ္ေဆးရန္ရပ္တန္႔ခိုင္းရာ အသက္ ၂၆ ႏွစ္အရြယ္ စက္ေလွသမား မေလးရွားလူမ်ိဳးက လိုက္နာမႈမရွိဘဲ ထြက္ေျပးရန္ ႀကိဳးပမ္းခဲ့သည္။

လုံျခဳံေရးတပ္ဖြဲ႕ဝင္မ်ားက စက္ေလွသမားေနာက္သို႔ လိုက္လံဖမ္းဆီးခဲ့ရာ စက္ေလွသမားက ေရထဲသို႔ခုန္ ခ်၍ ထြက္ေျပးရန္ ႀကိဳးပမ္းခဲ့ေသာ္လည္း ေနာက္ပိုင္းတြင္ ဖမ္းမိခဲ့ေၾကာင္း MMEA ညႊန္ၾကားေရးမႉးခ်ဳပ္ ဒါတြတ္ မိုဟာမက္က ေျပာသည္။

တာဝန္ရွိသူမ်ားက စက္ေလွအတြင္းမွ တ႐ုတ္လက္ဖက္ေျခာက္မ်ားအျဖစ္ ပုံျဖစ္ထားေသာ အေလးခ်ိန္ ၂၁၁၈ ကီလိုဂရမ္ရွိ မီသာဖက္တမင္းေဆးဝါးမ်ား ဖမ္းဆီးရမိခဲ့သည္။

ယခင္က လက္ဖက္ေျခာက္ထုပ္မ်ားအတြင္း ဝွက္ထားသည့္ မူးယစ္ေဆးဝါး ဖမ္းဆီးရမႈမ်ားက ျမန္မာနိုင္ ငံက လာျခင္းျဖစ္ေၾကာင္း မိုဟာမက္က သတင္းေထာက္မ်ားသို႔ ေျပာၾကားခဲ့သည္။

“ဒါဟာ မေလးရွား ပင္လယ္ေရေၾကာင္းလုံျခဳံေရးေအဂ်င္စီ (MMEA) ရဲ့ ၁၅ ႏွစ္ၾကာ သမိုင္းေၾကာင္းမွာ မူးယစ္ေဆးဝါး အမ်ားဆုံး ဖမ္းဆီးရမိမႈျဖစ္ပါတယ္” ဟု ၄င္းက ဆိုသည္။

ကိုးကား – စထရိတ္တိုင္းမ္

Ref; Malaysia seizes record haul of crystal meth worth S$35 million

#PeopleMedia

(unicode)
မြန်မာနိုင်ငံမှ လာဖွယ်ရှိသည့် ဒေါ်လာ ၃၅ သန်းတန်ကြေးရှိ စိတ်ကြွဆေးပြားများ မလေးရှားရဲတပ်ဖွဲ့ ဖမ်းဆီးရမိ ……………………………….
နိုင်ငံတကာ၊ ဒီဇင်ဘာ ၁၃ (People Media) မလေးရှားနိုင်ငံအနောက်ပိုင်း ကမ်းရိုးတန်းအလွန်၌ စက်လှေတစ်စင်းမှ ရင်းဂစ် ၁၀၆ သန်းခန့် (ဒေါ်လာ ၃၅ သန်း) တန်ကြေးရှိ မီသာဖက်တမင်း နှစ်တန်ကျော် ဖမ်းဆီးရမိခဲ့ကြောင်း မလေးရှား ပင်လယ်ရေကြောင်းအေ ဂျင်စီက ယနေ့ ပြောကြားလိုက်သည်။ သိမ်းဆည်းရမိသော မူးယစ်ဆေးများက သြစတြေးလျ၊ အရှေ့တောင်အာရှနှင့် တရုတ်နိုင်ငံတစ်ဝှမ်း ပျံ့နှံ့ နေသည့် ဒေါ်လာ ဘီလီယံချီတန်သော တရားမဝင် မူးယစ်ဆေးရောင်းဝယ်မှုများ၏ တစ်စိတ် တစ်ဒေသဟု မလေး ရှား အာဏာပိုင်များက ပြောသည်။ မလေးရှား ပင်လယ်ရေကြောင်းလုံခြုံရေးအေဂျင်စီ (MMEA) မှ ကင်းလှည့်ရေယာဉ်တစ်စင်းက ပီနန် ကျွန်းအလွန်၌ သံသယဖြစ်ဖွယ်ရာ စက်လှေတစ်စင်းကို တွေ့ရှိသောကြောင့် စစ်ဆေးရန်ရပ်တန့်ခိုင်းရာ အသက် ၂၆ နှစ်အရွယ် စက်လှေသမား မလေးရှားလူမျိုးက လိုက်နာမှုမရှိဘဲ ထွက်ပြေးရန် ကြိုးပမ်းခဲ့သည်။ လုံခြုံရေးတပ်ဖွဲ့ဝင်များက စက်လှေသမားနောက်သို့ လိုက်လံဖမ်းဆီးခဲ့ရာ စက်လှေသမားက ရေထဲသို့ခုန် ချ၍ ထွက်ပြေးရန် ကြိုးပမ်းခဲ့သော်လည်း နောက်ပိုင်းတွင် ဖမ်းမိခဲ့ကြောင်း MMEA ညွှန်ကြားရေးမှူးချုပ် ဒါတွတ် မိုဟာမက်က ပြောသည်။ တာဝန်ရှိသူများက စက်လှေအတွင်းမှ တရုတ်လက်ဖက်ခြောက်များအဖြစ် ပုံဖြစ်ထားသော အလေးချိန် ၂၁၁၈ ကီလိုဂရမ်ရှိ မီသာဖက်တမင်းဆေးဝါးများ ဖမ်းဆီးရမိခဲ့သည်။ ယခင်က လက်ဖက်ခြောက်ထုပ်များအတွင်း ဝှက်ထားသည့် မူးယစ်ဆေးဝါး ဖမ်းဆီးရမှုများက မြန်မာနိုင် ငံက လာခြင်းဖြစ်ကြောင်း မိုဟာမက်က သတင်းထောက်များသို့ ပြောကြားခဲ့သည်။ “ဒါဟာ မလေးရှား ပင်လယ်ရေကြောင်းလုံခြုံရေးအေဂျင်စီ (MMEA) ရဲ့ ၁၅ နှစ်ကြာ သမိုင်းကြောင်းမှာ မူးယစ်ဆေးဝါး အများဆုံး ဖမ်းဆီးရမိမှုဖြစ်ပါတယ်” ဟု ၄င်းက ဆိုသည်။ ကိုးကား – စထရိတ်တိုင်းမ်
Ref; Malaysia seizes record haul of crystal meth worth S$35 million
#PeopleMedia


Share this post