• Follow Us on
Latest News

Home မြန်မာနိုင်ငံရှိလက်နက်ကိုင်အဖွဲ့အစည်းများကိုလက်နက်၊ ခဲယမ်းများထောက်ပံ့ပေးမှုမရှိကြောင်း တရုတ်သမ္မတ ပြောဆို


Share this post

ရန်ကုန်၊ဇန်နဝါရီ-၁၈







#PeopleMedia

[Unicode]
မြန်မာနိုင်ငံရှိလက်နက်ကိုင်အဖွဲ့အစည်းများကိုလက်နက်၊ခဲယမ်းများထောက်ပံ့ပေးမှုမရှိကြောင်း တရုတ်သမ္မတ ပြောဆို

ရန်ကုန်၊ဇန်နဝါရီ-၁၈

မြန်မာနိုင်ငံရှိလက်နက်ကိုင်အဖွဲ့အစည်းများကိုလက်နက်၊ခဲယမ်းများထောက်ပံ့ပေးမှုမရှိကြောင်း တရုတ်သမ္မတ ပြောဆိုလိုက်ပါတယ်။

တရုတ်သမ္မတနှင့်တပ်မတော်ကာကွယ်ရေးဦးစီးချုပ်တို့ တွေ့ဆုံစဉ် တရုတ်သမ္မတက အထက်ပါအတိုင်း ပြောဆိုခဲ့တာလည်းဖြစ်ပါတယ်။

မည်သည့်အဖွဲ့ အစည်းဖြစ်စေ တရုတ်နိုင်ငံပိုင်နက်ကို အသုံးချ၍ မြန်မာနိုင်ငံကို ထိခိုက်အောင် ဆောင်ရွက်ခြင်းမျိုးကို လက်မခံကြောင်း၊ အများကစွပ်စွဲပြောကြားနေသလို မြန်မာနိုင်ငံရှိ လက်နက်ကိုင်အဖွဲ့အစည်းများကို လက်နက်၊ ခဲယမ်းများ ထောက်ပံ့ပေးနေခြင်း လုံး၀မရှိကြောင်း၊ အခြားနည်းလမ်းများနှင့် ရရှိနိုင်သည် ဖြစ်၍ မိမိတို့ကလည်း သေချာစွာစိစစ်ဖြေရှင်းပေးသွားမည်ဖြစ်ကြောင်း၊ နိုင်ငံတကာ နယ်ပယ်တွင် မြန်မာနိုင်ငံဘက်မှ ဆက်လက်ရပ်တည်ထောက်ခံပေးသွားမည်ဖြစ်ကြောင်း တရုတ်သမ္မတက တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်တွေ့ဆုံစဉ် ပြောဆိုလိုက်တာဖြစ်ပါတယ်။

တရုတ်သမ္မတက တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များကို လက်နက်၊ခဲယမ်းထောက်ပံ့ခြင်း မရှိကြောင်း ပြောဆိုခဲ့သော်လည်း မြောက်ပိုင်းလက်နက်ကိုင်အဖွဲ့ထံမှ တရုတ်နိုင်ငံထုတ် ရှော့တိုက်ဒုံးများ အပါအဝင် အဆင့်မြင့် လေယာဉ်ပစ် FN-6ကို တပ်မတော်မှ သိမ်းဆည်းနိုင်ခဲ့ပါတယ်။

အလားတူ ၂၀၁၉ ခုနှစ်၌ ပြင်ဦးလွင်အပါအဝင် ရှမ်းမြောက်ဒေသရှိမြို့များကို မြောက်ပိုင်းလက်နက်ကိုင်အဖွဲ့မှလ တရုတ်နိုင်ငံထုတ် ရှော့တိုက်ဒုံများဖြင့် ပစ်ခက်တိုက်ခိုက်ခဲ့ပါတယ်။

ထို့အတူရခိုင်ပြည်နယ်မြောက်ပိုင်း၌စစ်ရေးလှုပ်ရှားသည့်AAလက်နက်ကိုင်အဖွဲ့သည်လည်း တရုတ်နိုင်ငံထုတ် ရှော့တိုက်ဒုံးများ အသုံးပြု့၍ တပ်မတော်(ရေ)ကို တိုက်ခိုက်ခဲ့ပါတယ်။

#PeopleMedia


Share this post