• Follow Us on

Home မြန်မာနိုင်ငံရှိ အကျဉ်းထောင်များအတွင်းသို့ ပြန်လည်ဝင်ရောက်လေ့လာခွင့်နှင့် လုပ်ငန်းများ အမြန်ဆုံးပြန် လည်စတင်နိုင်ရေးအတွက် ဆက်လက်ကြိုးပမ်းဆောင်ရွက်မည်ဖြစ်ကြောင်း ICRC ထုတ်ပြန်

မြန်မာနိုင်ငံရှိ အကျဉ်းထောင်များအတွင်းသို့ ပြန်လည်ဝင်ရောက်လေ့လာခွင့်နှင့် လုပ်ငန်းများ အမြန်ဆုံးပြန် လည်စတင်နိုင်ရေးအတွက် ဆက်လက်ကြိုးပမ်းဆောင်ရွက်မည်ဖြစ်ကြောင်း ICRC ထုတ်ပြန်

Share this post

နေပြည်တော်၊ ဒီဇင်ဘာ ၁၅ (People Media)

 

မြန်မာနိုင်ငံရှိ အကျဉ်းထောင်များအတွင်းသို့ ပြန်လည်ဝင်ရောက်လေ့လာခွင့်နှင့် လုပ်ငန်းများကို အမြန်ဆုံး ပြန် လည်စတင်နိုင်ရေးအတွက် ဆက်လက်ကြိုးပမ်းဆောင်ရွက်မည်ဖြစ်ကြောင်း International Committee of the Red Cross Myanmar မှ ထုတ်ပြန်လိုက်သည်။

 

မြန်မာနိုင်ငံတွင် အိုင်စီအာရ်စီသည် အကျဉ်းသားများနှင့် ၎င်းတို့၏ မိသားစုများကို ကူညီပေးနေခဲ့သည်မှာ ဆယ်စုနှစ်အချို့ ရှိပြီဖြစ်ပြီး၊  ကိုဗစ်-၁၉ ကပ်ရောဂါစတင်ဖြစ်ပွားလာခဲ့ပြီးနောက်ပိုင်းတွင် အကျဉ်းထောင်တာ ဝန်ရှိသူများ၏ တောင်းဆိုချက်အရ  အိုင်စီအာရ်စီက အကျဉ်းထောင်များတွင်ဆောင်ရွက်သည့် လူသားချင်းစာ နာထောက်ထားမှုဆိုင်ရာ သွားရောက်လေ့လာမှုနှင့် လုပ်ငန်းများကို ၂၀၂၀ ခုနှစ် မတ်လမှစတင်ပြီး ရပ်ဆိုင်း ထားခဲ့ရကြောင်း၊ ထိုစဉ်ကတည်းကပင် မြန်မာနိုင်ငံတွင် အကျဉ်းထောင်သို့ သွားရောက်လေ့လာမှုနှင့် လုပ် ငန်းများ ပြန်လည်ဆောင်ရွက်နိုင်ရန် ဆက်လက်ကြိုးပမ်းလျက်ရှိပြီး၊ ကျွန်ုပ်တို့၏ အကြိမ်ကြိမ်တင်ပြချက်များ နှင့် တာဝန်ရှိသူအဆင့်ဆင့်နှင့် ဆွေးနွေးမှုများ ဆက်လက်လုပ်ဆောင်နေသော်လည်း အကျဉ်းထောင်များသို့ ပြန်လည်ဝင်ရောက်ပြီး လုပ်ငန်းများ ပြန်လည်စတင်ရန် ခွင့်ပြုချက်မရရှိသေးကြောင်း ICRC မှ ထုတ်ပြန်ထား သည်။

 

သို့ရာတွင် အိုင်စီအာရ်စီ၏ အကျဉ်းထောင်လုပ်ငန်းများဆောင်ရွက်သည့်အဖွဲ့များသည် အကျဉ်းထောင် အတွင်းသို့ ပြန်လည်သွားရောက်လေ့လာခွင့် မရရှိမချင်း ထိန်းသိမ်းခံထားရသူများ၏ အကျိုးအတွက်ရည်ရွယ် အလေးထားကာ အဝေးမှနေ၍ အတတ်နိုင်ဆုံး ကူညီဆောင်ရွက်ပေးနေကြောင်း၊ ICRC မှ ထုတ်ပြန်ထားသည်။

 

ထို့ကြောင့် မြန်မာနိုင်ငံရှိ အကျဉ်းထောင်များအတွင်းသို့ ပြန်လည်ဝင်ရောက်လေ့လာခွင့်နှင့် လုပ်ငန်းများကို အမြန်ဆုံး ပြန်လည်စတင်နိုင်ရေးအတွက် ဆက်လက်ကြိုးပမ်းဆောင်ရွက်မည်ဖြစ်ပြီး အကျဉ်းထောင်များတွင် အကျဉ်းသားများနှင့်ယင်းတို့၏ မိသားစုများဖြစ်နိုင်သမျှမြန်မြန် ပြန်လည်တွေ့ဆုံနိုင်ကြရန်အတွက် ကျွန်ပ်တို့ ဆက်လက်တိုက်တွန်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ICRC မှ ထုတ်ပြန်ထားသည်။

 

Photo – ICRC

 

#PeopleMedia #ICRC #အကျဉ်းထောင်

 

(unicode)


………………………………………………………………..

 


 


 


 


 


 

Photo – ICRC

 



Share this post