• Follow Us on
Latest News

Home မြန်မာနိုင်ငံလူဦးရေ၏ (၆၇ ဒသမ ၉) ရာခိုင်နှုန်းအား ကိုဗစ်ကာကွယ်ဆေးထိုးနှံပေးသွားမည်ဖြစ်ပြီး ရောဂါ ကူးစက်နိုင်ခြေမြင့်မားသောအုပ်စုကို ကာကွယ်ဆေးဦးစားပေးထိုးနှံပေးမည်

မြန်မာနိုင်ငံလူဦးရေ၏ (၆၇ ဒသမ ၉) ရာခိုင်နှုန်းအား ကိုဗစ်ကာကွယ်ဆေးထိုးနှံပေးသွားမည်ဖြစ်ပြီး ရောဂါ ကူးစက်နိုင်ခြေမြင့်မားသောအုပ်စုကို ကာကွယ်ဆေးဦးစားပေးထိုးနှံပေးမည်

Share this post

ရန်ကုန်၊ ဇန်နဝါရီ – ၁၁ (𝐏𝐞𝐨𝐩𝐥𝐞 𝐌𝐞𝐝𝐢𝐚)

COVID-19 ကာကွယ်ဆေးအား မြန်မာနိုင်ငံတွင် ရောက်ရှိလာပါက မြန်မာနိုင်ငံလူဦးရေ၏ (၆၇ ဒသမ ၉) ရာ ခိုင်နှုန်းကို ကိုဗစ်ကာကွယ်ဆေးထိုးနှံပေးသွားမည်ကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန(တိုးချဲ့ကာ ကွယ်ဆေးထိုးလုပ်ငန်း)မှ ညွန်ကြားရေးမှူးဖြစ်သူ ဒေါက်တာ ဒေါ်ထားထားလင်းက မြန်မာနိုင်ငံ COVID-19 ကာကွယ်ဆေး လုပ်ငန်းပေါင်းစပ်ညှိနှိုင်း စီမံခန့်ခွဲမှုကော်မတီ (COVAX National Coordinating Committee – CNCC) ၏ စတုတ္ထအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ပြောသည်။

COVID-19 ကာကွယ်ဆေးအား ၂၀၂၁/၂၂ ခုနှစ် အတွင်း လူထုအတွင်း ရောဂါကာကွယ်နိုင်မှုနှုန်းရရှိရန် အသက်(၁၈)နှစ်အထက်ရှိသည့် နိုင်ငံသားအားလုံးကို ထိုးနှံနိုင်ရန်အတွက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ၎င်းကဆိုသည်။

“၂၀၂၁/၂၂ ခုနှစ်အတွင်း လူထုအတွင်းရောဂါကာကွယ်နိုင်မှုနှုန်းရရှိရန် အသက်(၁၈)နှစ်အထက်ရှိသည့် နိုင်ငံသားအားလုံး၊ မြန်မာနိုင်ငံလူဦးရေ၏ (၆၇ ဒသမ ၉) ရာခိုင်နှုန်းကို ကိုဗစ်ကာကွယ်ဆေး ထိုးနှံပေးသွား မည်ဖြစ်ကြောင်း” ဟု ဒေါက်တာ ဒေါ်ထားထားလင်းက ပြောသည်။

COVID-19 ကာကွယ်ဆေးသည် အကန့်အသတ်ဖြင့်သာ ထုတ်လုပ်နိုင်ချိန်တွင် ရရှိနိုင်သော အရေအတွက်အ တွင်းအထိ ရောက်ဆုံးသုံးစွဲနိုင်ရန် အခြားနိုင်ငံများနည်းတူ ရောဂါကူးစက်နိုင်ခြေ အမြင့်မားဆုံးအုပ်စုကို ရောဂါ ကူးကို စတင်ထိုးနှံပေးမည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။

“ရောဂါကူးစက်နိုင်ခြေ အမြင့်မားဆုံးအုပ်စုကို ရောဂါကူးစက်ပြန့်ပွားမှုမှ ကာကွယ်နိုင်ရန်နှင့် သေဆုံးမှုကိုလျော့ ချရန်၊ ရောဂါကူးစက်ပျံ့နှံ့မှုကို ထိန်းချုပ်၍ ပုံမှန်လုပ်ငန်းများပြန်လည် လည်ပတ်နိုင်စေရန် ရည်ရွယ်၍ ကာကွယ် ဆေးရရှိမှုပေါ် မူတည်၍ အဆင့်ဆင့် တိုးချဲ့ထိုးနှံသွားမည်ဖြစ်ပါကြောင်း” ဒေါက်တာ ဒေါ်ထားထားလင်းက ပြောသည်။

COVID-19 ကာကွယ်ဆေးထိုးနှံခြင်းမှာ ယခင်ဝန်ကြီးဌာနက ထိုးနှံတိုက်ကျွေးနေသည့် ရောဂါကာကွယ်ဆေး (၁၃) မျိုးနှင့် တူညီမှုမရှိသည့်အတွက် COVID-19 ကာကွယ်ဆေးနှင့်ပတ်သက်၍ သိရှိနားလည်စေရန် အချက်များကို လာမည့်ရက်ပိုင်းအတွင်း အသိပေးရှင်းလင်းပြောကြားမှုများကို ပြုလုပ်သွားမည်ဖြစ်ကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက မြန်မာနိုင်ငံ COVID-19 ကာကွယ်ဆေး လုပ်ငန်းပေါင်းစပ်ညှိနှိုင်း စီမံခန့်ခွဲမှုကော်မတီ (COVAX National Coordinating Committee – CNCC) ၏ စတုတ္ထအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ပြောကြားထားသည်။

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ယမန်နေ့ညက ထုတ်ပြန်ချက်များအရ မြန်မာနိုင်ငံတွင် COVID-19 အတည်ပြုလူနာစုစုပေါင်း တစ်သိန်းသုံးသောင်းကျော်ရှိပြီး သေဆုံးသူလူနာ စုစုပေါင်းရေအတွက် နှစ်ထောင် ကျော်အထိ ရှိလားကြောင်း သိရသည်။

#PeopleMedia#Ministry-of-and-Sports,# COVID-19 LabResuits

(unicode)
………………………………………………………………









#PeopleMedia#Ministry-of-and-Sports,# COVID-19 LabResuits


Share this post