• Follow Us on

Home ျမန္မာနိုင္ငံသားမွ ခရီးသြားဝန္ေဆာင္မႈလုပ္ငန္းလုပ္ကိုင္သည့္ တ႐ုတ္နိုင္ငံသား ေလးဦးကို က်ပ္သိန္း(၇၅၀)ရလိုမႈျဖင့္အမႈဖြင့္၊မႏၲေလးတိုင္းရဲတပ္ဖြဲ႕မွ တ႐ုတ္နိုင္ငံသားမ်ားကို ဖမ္းမိျခင္းမရွိ

ျမန္မာနိုင္ငံသားမွ ခရီးသြားဝန္ေဆာင္မႈလုပ္ငန္းလုပ္ကိုင္သည့္ တ႐ုတ္နိုင္ငံသား ေလးဦးကို က်ပ္သိန္း(၇၅၀)ရလိုမႈျဖင့္အမႈဖြင့္၊မႏၲေလးတိုင္းရဲတပ္ဖြဲ႕မွ တ႐ုတ္နိုင္ငံသားမ်ားကို ဖမ္းမိျခင္းမရွိ

Share this post

ရန္ကုန္၊ဒီဇင္ဘာ-၂၀

ျမန္မာနိုင္ငံသားမွ ခရီးသြားဝန္ေဆာင္မႈလုပ္ငန္းလုပ္ကိုင္သည့္ တ႐ုတ္နိုင္ငံသား ေလးဦးကို က်ပ္သိန္း(၇၅၀)ရလိုမႈျဖင့္အမႈဖြင့္၊မႏၲေလးတိုင္းရဲတပ္ဖြဲ႕မွ တ႐ုတ္နိုင္ငံသားမ်ားကို ဖမ္းမိျခင္းမရွိပါ။

၂၀၁၉ခုႏွစ္၊ ဒီဇင္ဘာလ၁၈ရက္ေန႕၁၁း၄၀အခ်ိန္ခ်မ္းေအးသာစံၿမိဳ႕နယ္အမွတ္-၃၊ခ်မ္းေအးသာစံနယ္ေျမရဲစခန္းသို႔ ေဒၚခင္ေဌးၾကည္ (၅၈)ႏွစ္မွ လာေရာက္တိုင္တန္းသျဖင့္ Myanmar Zhoyue Co.,Ltd (ခရီးသြားဝန္ေဆာင္မႈလုပ္ငန္း)မွ တ႐ုတ္နိုင္ငံသူ Mrs. Wan Wei Hong (စိစစ္ဆဲ)ပါ တ႐ုတ္နိုင္ငံသား ၄ ဦး(အမ်ိဳးသား ၃ ဦး၊ အမ်ိဳးသမီး ၁ ဦး )(ဖမ္းမမိ)တို႔အား အမွတ္-၃၊ ခ်မ္းေအးသာစံနယ္ေျမရဲစခန္း (ပ)၅၃၀/၂၀၁၉၊ ရာဇသတ္ႀကီးပုဒ္မ ၄၂၀(လိမ္လည္မႈ)ျဖင့္ အမႈဖြင့္ စစ္ေဆးခဲ့ပါသည္။

ျဖစ္စဥ္မွာ ၂၀၁၈ခုႏွစ္၊ ဒီဇင္ဘာလ ၂၂ ရက္ေန႕တြင္ ခ်မ္းေအးသာစံၿမိဳ႕နယ္ Hilton Hotel ၌ Mrs. Wan Wei Hong ပါ ၄ ဦးသည္ ေဒၚခင္ေဌးၾကည္ထံမွ ေမာ္ေတာ္ယာဥ္ ၂၀ စီးအား စာခ်ဳပ္ ခ်ဳပ္ဆို၍ ငွားရမ္းအသုံးျပဳခဲ့ပါသည္။

ထိုသို႔ငွားရမ္းအသုံးျပဳစဥ္ ငွားရမ္းခမ်ားအား လစဥ္ပုံမွန္ ေပးအပ္ခဲ့ေသာ္လည္း ေနာက္ပိုင္း၌ ပုံမွန္မေပးသျဖင့္ ၂၀၁၉ခုႏွစ္၊ ဩဂုတ္လ ၂၁ ရက္တြင္ ေဒၚခင္ေဌးၾကည္မွ ေမာ္ေတာ္ယာဥ္ငွားရမ္းျခင္းအား ရပ္ဆိုင္းခဲ့သျဖင့္ Mrs. Wan Wei Hong ပါ ၄ ဦးသည္ ေဒၚခင္ေဌးၾကည္ႏွင့္ ထပ္မံေတြ႕ဆုံ၍ ေမာ္ေတာ္ယာဥ္မ်ားအား ဆက္လက္ငွားရမ္းေပးရန္ ႏွင့္ ကားငွားရမ္းခေပးေခ်ရန္ ေက်ာက္စိမ္းလက္ဝတ္ရတနာမ်ားရွိေၾကာင္း ယုံၾကည္ေအာင္ ေျပာဆိုသျဖင့္ေဒၚခင္ေဌးၾကည္မွ ဆက္လက္ငွားရမ္းေပးခဲ့ေသာ္လည္း ေမာ္ေတာ္ယာဥ္ငွားရမ္းခ တန္ဖိုးေငြ ၇၅,၁၁၅,၀၀၀ က်ပ္အား ယေန႕အထိ ေပးေခ်ျခင္းမရွိသျဖင့္ အမႈဖြင့္တိုင္တန္းျခင္းျဖစ္ေၾကာင္း ျပည္ထဲေရးမွ သတင္းထုတ္ျပန္ထားသည္။

#PeopleMedia #Mandaly

[Unicode]
မြန်မာနိုင်ငံသားမှ ခရီးသွားဝန်ဆောင်မှုလုပ်ငန်းလုပ်ကိုင်သည့် တရုတ်နိုင်ငံသား လေးဦးကို ကျပ်သိန်း(၇၅၀)ရလိုမှုဖြင့်အမှုဖွင့်၊မန္တလေးတိုင်းရဲတပ်ဖွဲ့မှ တရုတ်နိုင်ငံသားများကို ဖမ်းမိခြင်းမရှိ

ရန်ကုန်၊ဒီဇင်ဘာ-၂၀

မြန်မာနိုင်ငံသားမှ ခရီးသွားဝန်ဆောင်မှုလုပ်ငန်းလုပ်ကိုင်သည့် တရုတ်နိုင်ငံသား လေးဦးကို ကျပ်သိန်း(၇၅၀)ရလိုမှုဖြင့်အမှုဖွင့်၊မန္တလေးတိုင်းရဲတပ်ဖွဲ့မှ တရုတ်နိုင်ငံသားများကို ဖမ်းမိခြင်းမရှိပါ။

၂၀၁၉ခုနှစ်၊ ဒီဇင်ဘာလ၁၈ရက်နေ့၁၁း၄၀အချိန်ချမ်းအေးသာစံမြို့နယ်အမှတ်-၃၊ချမ်းအေးသာစံနယ်မြေရဲစခန်းသို့ ဒေါ်ခင်ဌေးကြည် (၅၈)နှစ်မှ လာရောက်တိုင်တန်းသဖြင့် Myanmar Zhoyue Co.,Ltd (ခရီးသွားဝန်ဆောင်မှုလုပ်ငန်း)မှ တရုတ်နိုင်ငံသူ Mrs. Wan Wei Hong (စိစစ်ဆဲ)ပါ တရုတ်နိုင်ငံသား ၄ ဦး(အမျိုးသား ၃ ဦး၊ အမျိုးသမီး ၁ ဦး )(ဖမ်းမမိ)တို့အား အမှတ်-၃၊ ချမ်းအေးသာစံနယ်မြေရဲစခန်း (ပ)၅၃၀/၂၀၁၉၊ ရာဇသတ်ကြီးပုဒ်မ ၄၂၀(လိမ်လည်မှု)ဖြင့် အမှုဖွင့် စစ်ဆေးခဲ့ပါသည်။

ဖြစ်စဉ်မှာ ၂၀၁၈ခုနှစ်၊ ဒီဇင်ဘာလ ၂၂ ရက်နေ့တွင် ချမ်းအေးသာစံမြို့နယ် Hilton Hotel ၌ Mrs. Wan Wei Hong ပါ ၄ ဦးသည် ဒေါ်ခင်ဌေးကြည်ထံမှ မော်တော်ယာဉ် ၂၀ စီးအား စာချုပ် ချုပ်ဆို၍ ငှားရမ်းအသုံးပြုခဲ့ပါသည်။

ထိုသို့ငှားရမ်းအသုံးပြုစဉ် ငှားရမ်းခများအား လစဉ်ပုံမှန် ပေးအပ်ခဲ့သော်လည်း နောက်ပိုင်း၌ ပုံမှန်မပေးသဖြင့် ၂၀၁၉ခုနှစ်၊ ဩဂုတ်လ ၂၁ ရက်တွင် ဒေါ်ခင်ဌေးကြည်မှ မော်တော်ယာဉ်ငှားရမ်းခြင်းအား ရပ်ဆိုင်းခဲ့သဖြင့် Mrs. Wan Wei Hong ပါ ၄ ဦးသည် ဒေါ်ခင်ဌေးကြည်နှင့် ထပ်မံတွေ့ဆုံ၍ မော်တော်ယာဉ်များအား ဆက်လက်ငှားရမ်းပေးရန် နှင့် ကားငှားရမ်းခပေးချေရန် ကျောက်စိမ်းလက်ဝတ်ရတနာများရှိကြောင်း ယုံကြည်အောင် ပြောဆိုသဖြင့်ဒေါ်ခင်ဌေးကြည်မှ ဆက်လက်ငှားရမ်းပေးခဲ့သော်လည်း မော်တော်ယာဉ်ငှားရမ်းခ တန်ဖိုးငွေ ၇၅,၁၁၅,၀၀၀ ကျပ်အား ယနေ့အထိ ပေးချေခြင်းမရှိသဖြင့် အမှုဖွင့်တိုင်တန်းခြင်းဖြစ်ကြောင်း ပြည်ထဲရေးမှ သတင်းထုတ်ပြန်ထားသည်။

#PeopleMedia #Mandaly


Share this post