• Follow Us on

Home မြန်မာနိုင်ငံသို့ အာဆီယံ AHA Centre မှတစ်ဆင့် လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကူအညီ ပေး အပ်မည်

မြန်မာနိုင်ငံသို့ အာဆီယံ AHA Centre မှတစ်ဆင့် လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကူအညီ ပေး အပ်မည်

Share this post

နေပြည်တော်၊ မတ် ၁၂

 

မြန်မာနိုင်ငံသို့ အာဆီယံ လူသားချင်းစာနာထောက်ထားမှု အကူအညီပေးအပ်ရေး ညှိနှိုင်းမှုဗဟိုဌာန (AHA Centre) မှတစ်ဆင့် လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကူအညီပေးအပ်မည့်နှင့် ပတ်သက်ပြီး မြန်မာလုပ်ငန်းအဖွဲ့၏ ပဉ္စမအကြိမ် အစည်းအဝေးကို ယမန်နေ့ မွန်းလွဲပိုင်းက နိုင်ငံခြားရေးဝန်ကြီးဌာန၌ ကျင်းပခဲ့ကြောင်း သိရသည်။

 

ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင်က ဦးဆောင်၍ မြန်မာနိုင်ငံသို့ AHA Centre မှတစ်ဆင့် အာဆီယံ၏ လူသား ချင်း စာနာထောက်ထားမှု အကူအညီပေးအပ်ရေးဆိုင်ရာကိစ္စရပ်များ၊ လူသားချင်း စာနာထောက်ထားမှု အကူ အညီများ ဖြန့်ဝေရာတွင် ဦးစားပေးဒေသများနှင့် ဦးစားပေးရရှိလိုသည့် အကူအညီများနှင့် စပ်လျဉ်း၍ ဆွေး နွေးခဲ့သည်။

 

ထို့နောက် အစည်းအဝေးသို့ တက်ရောက်လာကြသည့် လုပ်ငန်းအဖွဲ့၏ ဒုတိယဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး များနှင့် အဖွဲ့ဝင်များက အာဆီယံ၏ လူသားချင်းစာနာထောက်ထားမှု အကူအညီ ဒုတိယအဆင့်လုပ်ငန်းများ အဆင်ပြေချောမွေ့စွာ အကောင်အထည်ဖော်နိုင်ရေး ပြင်ဆင်ဆောင်ရွက်မှုများအပေါ် အမြင်ချင်းဖလှယ် အကြံပြုဆွေးနွေးကြသည်။

 

အဆိုပါ အစည်းအဝေးကို လုပ်ငန်းအဖွဲ့၏ ဥက္ကဋ္ဌ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင်က ဦးဆောင်၍ လုပ်ငန်းအဖွဲ့၏ ဒုတိယဥက္ကဋ္ဌများဖြစ်ကြသည့် ကျန်းမာ ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ သက်ခိုင်ဝင်း၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင်နှင့် သက်ဆိုင်ရာဝန်ကြီးဌာနများမှ လုပ်ငန်းအဖွဲ့ အဖွဲ့ဝင်များ တက်ရောက်သည်။

 

#PeopleMedia

 

(unicode)


……………………………………….

 


 


 


 


 


 

#PeopleMedia


Share this post