• Follow Us on

Home မြန်မာနိုင်ငံအတွင်း ကိုဗစ်ကာကွယ်ဆေးထုတ်လုပ်နိုင်ရေးဆောင်ရွက်နေကြောင်း န-စ-က ဥက္ကဋ္ဌ ပြောဆို

မြန်မာနိုင်ငံအတွင်း ကိုဗစ်ကာကွယ်ဆေးထုတ်လုပ်နိုင်ရေးဆောင်ရွက်နေကြောင်း န-စ-က ဥက္ကဋ္ဌ ပြောဆို

Share this post

ရန်ကုန်၊ သြဂုတ် ၃ (People Media)

 

မြန်မာနိုင်ငံအတွင်း ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထုတ်လုပ်နိုင်ရေးအတွက် ဆောင်ရွက်နေလျှက်ရှိကြောင်း နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောသည်။

 

ယမန်နေ့က ကိုဗစ် – ၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာ ဆဋ္ဌမအကြိမ် ညှိနှိုင်းအစည်းအဝေးကို နေပြည်တော်ရှိ ဘုရင့်နောင်ရိပ်သာအစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားခဲ့သည်။

 

“ကာကွယ်ဆေးတွေ တင်သွင်းမှာယူခြင်းသာမက ကျွန်တော်တို့နိုင်ငံတွင်းမှာ ကာကွယ်ဆေးထုတ်လုပ်နိုင်ရေး အတွက်လည်း လုပ်ဆောင်လျက်ရှိပါတယ်။ အခြားနိုင်ငံတွေမှာ သက်ဆိုင်ရာနိုင်ငံအလိုက် တိုင်းရင်းဆေးများ ကိုလည်း စမ်းသပ်နေသလို မြန်မာ့တိုင်းရင်းဆေးဘက်ဝင်အပင်တွေ သစ်ဥသစ်ဖုတွေနဲ့ တိုင်းရင်းဆေးများ ကိုလည်း သုတေသန ပြုလုပ်စမ်းသပ်ဆောင်ရွက်ကြဖို့ လိုအပ်မှာဖြစ်ပါတယ်။ မြန်မာ့တိုင်းရင်းဆေးပညာရှင် တွေနဲ့ ပေါင်းစပ်ညှိနှိုင်းတိုင်ပင်ပြီး စနစ်တကျသုတေသနပြုလုပ်ရမှာဖြစ်ပြီးတော့ ရေရှည်မျှော်တွေးပြီး လိုအပ် လာနိုင်တဲ့မှန်သမျှကို တွက်ချက်လုပ်ဆောင်ကြစေလိုတယ်” န-စ-က ဥက္ကဋ္ဌကပြောဆိုသည်။

 

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က အဖွင့် အမှာစကားပြောကြားရာတွင် “ကျွန်တော်တို့ ပြီးခဲ့တဲ့ဇူလိုင်လကနေ စပြီးတော့ ဒုတိယပတ်ပြီးတဲ့အချိန်ကနေ စပြီးတော့ ကိုဗစ်နဲ့ပတ်သက်ပြီး ထိန်းလိုက်တဲ့အခါမှာ စကြေညာခါစမှာတော့ ဖြစ်နှုန်းတွေတော်တော်လေးများ ပါတယ်။ သို့သော်လည်းပဲ တဖြည်းဖြည်းကျလာတာ တောက်လျှောက်ကို ဆင်းလာတဲ့အတွက်ကြောင့် ၃၀ ရာခိုင်နှုန်းအထက်လောက်အထိပဲ ရှိတော့တယ်။ ကျွန်တော်ပြီးခဲ့တဲ့ အစည်းအဝေးမှာလည်း ပြောပါတယ်။ ကျဆင်းသွားတယ်ဆိုပြီးတော့ ကျေနပ်နေလို့တော့ မရဘူး။ ဒီထက်ပိုပြီးတော့ကျအောင်၊ ပိုပြီးထိန်းနိုင်အောင် လုပ်ဖို့လိုမယ်။ ဒါကြောင့် အဓိကကတော့ လှုပ်ရှားသွားလာမှုတွေ ထိန်းချုပ်ခြင်းကတော့ နံပါတ်တစ်ဆောင် ရွက်ရလိမ့်မယ်။ ဒုတိယကတော့ ကာကွယ်ဆေးထိုးတာတွေ၊ ရောက်တဲ့ကာကွယ်ဆေးတွေ လျှင်လျှင်မြန်မြန် ထိုးဖို့ လိုလိမ့်မယ်။ ဒါကျွန်တော်ပြောခဲ့ပါတယ်။ အသွားအလာနဲ့ပတ်သက်ပြီးတော့လည်း တောက်လျှောက် ထိန်းလာတဲ့အတွက်ကြောင့် Indicator မှာ ဖော်ပြချက်ဟာဆိုရင်တော့ တော်တော်လေးကို ကျလာတာ တွေ့ရတယ်။ ဒါကလည်း ကောင်းတာပဲပေါ့။ ပြည်သူတွေရဲ့ ပူးပေါင်းဆောင်ရွက်မှုကောင်းတဲ့အတွက်ကြောင့် ဒီလိုဖြစ်လာတာ။ ကျွန်တော်အနေနဲ့ ဒီဩဂုတ်လအတွင်းမှာ သိသိသာသာကြီးကို။ ရှင်းရှင်းပြောရရင် ခေါက်ချိုး လောက်ကို ကျသွားအောင်ကို လုပ်ချင်ပါတယ်။ လက်ရှိဖြစ်နေတဲ့အခြေအနေကနေ ခေါက်ချိုးလောက် ကျ သွားအောင် ဩဂုတ်လအတွင်းမှာ ကျအောင်ကြိုးစားရမှာ။ လုံးလုံးလျားလျားကျဖို့ ဆိုတာတော့ တော်တော်ခဲ ယဉ်းပါတယ်။ ဒီရောဂါက ဘယ်လိုမှကို ကင်းစင်သွားမယ့်ရောဂါမဟုတ်ဘူးဆိုပြီးတော့လဲ နိုင်ငံတကာမှာ ဆေးဝါးကျွမ်းကျင်သူတွေအားလုံးက လက်ခံထားတဲ့ကိစ္စဖြစ်ပါတယ်။ သို့သော်လူတွေရဲ့ ကြိုးစားအားထုတ်မှုနဲ့ ပူးပေါင်းဆောင်ရွက်မှုရှိလို့ရှိရင်တော့ စောစောက ကျွန်တော်တို့မျှော်မှန်းတဲ့ လက်ရှိ မြန်မာနိုင်ငံမှာဖြစ်ပွား နေတဲ့အခြေအနေရဲ့ ထက်ဝက်ထိကို ကျဆင်းသွားမယ်လို့ ယုံကြည်ပါတယ်” လို့ ပြောကြားခဲ့သည်။

 

#PeopleMedia #COVID19 #ဝန်ကြီးချုပ် #နစက

 

(unicode)


………………………………………………………

 


 


 


 


 


 



Share this post