• Follow Us on
Latest News

Home မြန်မာနိုင်ငံအနေဖြင့် ဆိုက်ဘာလုံခြုံရေးဥပဒေကို အပြည်ပြည်ဆိုင်ရာစံနှုန်းများနှင့်အညီ ရေးဆွဲလျက်ရှိကြောင်း ပြည်ထောင်စုရှေ့နေချုပ် ပြောကြား

မြန်မာနိုင်ငံအနေဖြင့် ဆိုက်ဘာလုံခြုံရေးဥပဒေကို အပြည်ပြည်ဆိုင်ရာစံနှုန်းများနှင့်အညီ ရေးဆွဲလျက်ရှိကြောင်း ပြည်ထောင်စုရှေ့နေချုပ် ပြောကြား

Share this post

နေပြည်တော်၊ နိုဝင်ဘာ ၃၀ (People Media)

 

ဆိုက်ဘာမှုခင်း တိုက်ဖျက်ရေးနှင့် စပ်လျဉ်း၍ မြန်မာနိုင်ငံအနေဖြင့် ဆိုက်ဘာလုံခြုံရေးဥပဒေကို အပြည်ပြည် ဆိုင်ရာ စံနှုန်းများနှင့်အညီ ရေးဆွဲလျက်ရှိပါကြောင်း ပြည်ထောင်စုရှေ့နေချုပ် ဒေါက်တာသီတာဦးက ပြော သည်။

 

ယမန်နေ့က ကျင်းပပြုလုပ်သည့် (၅၉) ကြိမ်မြောက် အာရှ-အာဖရိက ဥပဒေအတိုင်ပင်ခံအဖွဲ့ (Asian-African Legal Consultative Organization-AALCO) အစည်းအဝေးကို ဗီဒီယိုကွန်ဖရင့်ဖြင့် ပြည်ထောင်စုရှေ့နေချုပ်မှ တက်ရောက်ခဲ့ခြင်းဖြစ်သည်။

 

ပြည်ထောင်စုရှေ့နေချုပ်က အပြည်ပြည်ဆိုင်ရာဥပဒေသည် အပြည်ပြည်ဆိုင်ရာ ဆက်ဆံရေးနယ်ပယ်များတွင် သာတူညီမျှရှိမှုနှင့် အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုကဏ္ဍများတွင် ဖွံ့ဖြိုးတိုးတက်အောင်မြင်စေရန် အခြေခံအုတ်မြစ်ဖြစ်ပါကြောင်း၊ ယခုဖြစ်ပွားလျက်ရှိသည့် ကိုဗစ်-၁၉ ကမ္ဘာ့ ကပ်ရောဂါကာလအတွင်း နိုင်ငံ အသီးသီးအနေဖြင့် အခက်အခဲများ ရင်ဆိုင်ကြုံတွေ့နေရသော်လည်း အပြည်ပြည်ဆိုင်ရာဥပဒေကို အလေး ထားလိုက်နာရန် လိုအပ်မည်ဖြစ်ပါကြောင်း၊ ကိုဗစ်-၁၉ ကမ္ဘာ့ကပ်ရောဂါကာလအတွင်းနှင့် ကာလအလွန် အခြေအနေများတွင် ရင်ဆိုင်ကြုံတွေ့ရမည့် စီးပွားရေး၊ လူမှုရေးနှင့် နိုင်ငံရေးဆိုင်ရာ စိန်ခေါ်မှုများကို အဖွဲ့ ဝင်နိုင်ငံများအကြား အတူတကွ ရင်ဆိုင်ဖြေရှင်းရန် လိုအပ်မည်ဖြစ်ပါကြောင်း ပြောသည်။

 

ဆိုက်ဘာမှုခင်းများသည် နိုင်ငံဖြတ်ကျော်မှုခင်းဖြစ်သည့်အတွက် နိုင်ငံတစ်နိုင်ငံတည်းအနေဖြင့် တိုက်ဖျက်၍ မရနိုင်ပါကြောင်း၊ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုသည် အရေးကြီးပါကြောင်း၊ ဆိုက်ဘာမှုခင်း တိုက်ဖျက်ရေးနှင့် စပ်လျဉ်း၍ မြန်မာနိုင်ငံအနေဖြင့် ဆိုက်ဘာလုံခြုံရေးဥပဒေကို အပြည်ပြည်ဆိုင်ရာ စံနှုန်း များနှင့်အညီ ရေးဆွဲလျက်ရှိပါကြောင်း ပြောကြားခဲ့သည်။

 

#PeopleMedia #ပြည်ထောင်စုရှေ့နေချုပ်

 

(unicode)


………………………………………………………………

 


 


 


 


 


 



Share this post