• Follow Us on

Home မြန်မာနိုင်ငံခြားရေးဝန်ကြီး လက်ရှိအကျပ်အတည်း ဆွေးနွေးရန် ထိုင်းနိုင်ငံသို့ ရောက်ရှိနေ

မြန်မာနိုင်ငံခြားရေးဝန်ကြီး လက်ရှိအကျပ်အတည်း ဆွေးနွေးရန် ထိုင်းနိုင်ငံသို့ ရောက်ရှိနေ

Share this post

နိုင်ငံတကာ၊ ဖေဖော်ဝါရီ ၂၄ (People Media)

 

မြန်မာနိုင်ငံ၌ လတ်တလောဖြစ်ပွားနေသော အကျပ်အတည်းများကို ဖြေရှင်းရန် မြန်မာ့တပ်မတော်က ခန့် အပ်ထားသည့် နိုင်ငံခြားရေးဝန်ကြီးသည် ယနေ့ ထိုင်းနိုင်ငံသို့ သွားရောက်ခဲ့ကြောင်း ထိုင်းအစိုးရသတင်းရပ် ကွက်တစ်ခုက ပြောကြားသည်။

 

မြန်မာနိုင်ငံ၌ အာဏာသိမ်းမှုများကြောင့် ဆန္ဒပြမှုများ ပို၍ဖြစ်ပွားလာချိန် အာဆီယံအဖွဲ့ဝင်နိုင်ငံများနှင့် သံခင်း တမန်ခင်းအရ ဆွေးနွေးမှုများပြုလုပ်ရန် နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်က ယနေ့ ဘန်ကောက်မြို့သို့ ရောက်ရှိလာခဲ့သည်။

 

အင်ဒိုနီးရှားနိုင်ငံက မြန်မာ့အရေး ဖြေရှင်းမည့်ကြိုးပမ်းမှုများတွင် ဦးဆောင်အခန်းကဏ္ဍမှ ပါဝင်ခဲ့ပြီး နိုင်ငံခြား ရေးဝန်ကြီးကို မြန်မာနိုင်ငံသို့စေလွှတ်ရန် စီစဉ်ခဲ့သော်လည်း ကန့်ကွက်မှုများကြောင့် ခရီးစဉ်ပယ်ဖျက်ခဲ့ရ သည်။

 

တရားမျှတသော ရွေးကောက်ပွဲများကျင်းပမည်ဆိုသော မြန်မာဗိုလ်ချုပ်ကြီးများ၏ ကတိကဝတ် သေချာစေရန် အာဆီယံအဖွဲ့ဝင်နိုင်ငံများက စောင့်ကြည့်လေ့လာသူများ စေလွှတ်မည့် အစီအစဉ်တစ်ရပ်ကို အင်ဒိုနီးရှား နိုင်ငံက အဆိုပြုခဲ့သည်။

 

မြန်မာ့တပ်မတော်က ရွေးကောက်ပွဲသစ် ကျင်းပမည့်အချိန်ကို မပြောကြားခဲ့သော်လည်း အာဏာသိမ်း ယူပြီးနောက် တစ်နှစ်ကြာ အရေးပေါ်အခြေအနေတစ်ရပ် သတ်မှတ်ခဲ့သည်။

 

ထိုင်းနိုင်ငံတွင် ရောက်ရှိနေသည့် အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီး ရတ်နိုမာဆူဒီက မြန်မာနိုင်ငံသို့သွား ရောက်ရန် စီစဉ်ခဲ့သော်လည်း ခရီးစဉ်ကို ဖျက်သိမ်းခဲ့ရကြောင်း သိရသည်။

 

“လက်ရှိအခြေအနေတွေနဲ့ အခြား အာဆီယံအဖွဲ့ဝင်နိုင်ငံတွေရဲ့ ဖိအားကြောင့် လက်ရှိအချိန်ဟာ မြန်မာ နိုင်ငံကို သွားရောက်ဖို့ အကောင်းမွန်ဆုံးအချိန် မဟုတ်ပါဘူး” ဟု အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောသည်။

 

ကိုးကား – ရိုက်တာ

 

Ref; Myanmar minister flies to Thailand for crisis talks

 

#PeopleMedia

 

(unicode)

……………………………………………………………










Ref; Myanmar minister flies to Thailand for crisis talks

#PeopleMedia


Share this post