• Follow Us on

Home မြန်မာနိုင်ငံ၌ ကိုးလအတွင်း မူးယစ်ဆေးဖမ်းဆီးရရှိမှုမှာ ကန်ဒေါ်လာ (၄၆၉) သန်းကျော်ထိရှိနေ

မြန်မာနိုင်ငံ၌ ကိုးလအတွင်း မူးယစ်ဆေးဖမ်းဆီးရရှိမှုမှာ ကန်ဒေါ်လာ (၄၆၉) သန်းကျော်ထိရှိနေ

Share this post

ရန်ကုန်၊ နိုဝင်ဘာ ၈ (People Media)

 

မြန်မာနိုင်ငံအတွင်း ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့မှ အောက်တိုဘာလ ၃၁ရက်နေ့အထိ ကျပ်သန်း (၇၉၈ဒသမ၄)ဘီလီယံကျော်နှင့် ညီမျှသည့် အမေရိကန်ဒေါ်လာ ၄၆၉ ဒသမ ၆ သန်းကျော် တန်ဖိုးရှိသည့် မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိခဲ့ကြောင်း မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့စာရင်းများအရ သိရသည်။

 

ကိုးလအတွင်း ဘိန်း ၁,၉၁၁ ဒသမ ၃၂၃၀၆ သန်း၊ ဘိန်းဖြူ  ၅၄,၃၅၅ ဒသမ ၉၃၄၂၂ ကျပ်သန်း၊ စိတ်ကြွရူး သွပ်ဆေးပြား ၄၈၅,၅၃၅ ဒသမ ၂၆၂၅ သန်း၊ အိုက် ၂၅၆,၂၇၅ ဒသမ ၅၂၁၆ သန်း၊ ဆေးခြောက် ၈၉ ဒသမ ၀၂၁၀၆ သန်း၊ ဘိန်းစာရွက် ၂၂၀ ဒသမ ၅၈၉၆ သန်းနှင့် ဘိန်းစာမှုန့်  ၁၀၂ ဒသမ ၁၃၉၇၈ သန်း စုစုပေါင်း ကျပ်သန်း ၇၉၈ ဒသမ ၄ ဘီလီယံကျော် တန်ဖိုးရှိ မူးယစ်ဆေးဝါးများကို ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

 

မူးယစ်ဆေးဝါးများ ဖမ်းဆီးရရှိမှုတွင် စက်တင်ဘာအတွင်း အများဆုံးဖြစ်ခဲ့ပြီး၊ စက်တင်ဘာလ ၁ ရက်တွင် ပြည်ကြီးတံခွန်မြို့နယ်၊ (ဆ)ရပ်ကွက်၊ (၆၁)လမ်း၊ ၁၃၀ လမ်းနှင့် ၁၃၁ လမ်းကြား၊ အမှတ် (၇၀/၇၁)ရှိ နေ အိမ်နှင့်တွဲလျက်ရှိဂိုဒေါင်မှ ဆာလာအိတ် ၁၆ အိတ် ဖြင့်ထည့်လျက် ဒေသကာလတန်ဖိုးငွေကျပ် ၅ ဒသမ ၉၂၅ ဘီလီယံတန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား ၃၉၅ဝဝဝဝကို ဖမ်းဆီးရမိခဲ့သလို စက်တင်ဘာတွင်လည်း ကျိုက်ထို မြို့နယ် ရန်ကုန်- မော်လမြိုင်သွား ကားလမ်းပေါ်တွင် ငွေကျပ် ၄၁ ဒသမ ၁၇၅ ဘီလီယံတန်ဖိုးရှိ အိုက်စ် (မက်သ်အဖက်တမင်း)နှင့် ကက်တမင်းများကို ဖမ်းဆီးရမိခဲ့သည်။

 

အဆိုပါကားအတွင်း မူးယစ်ဆေးဝါးဖမ်းဆီးမိမှုနှင့်အတူ မူးယစ်တရားခံ ကျား (၆၁၈၂) ဦးနှင့် မ (၇၂၃) ဦးကို ဖမ်းဆီးရမိခဲ့ပြီး၊ မူးယစ်ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်ထားကြောင်း သိရသည်။

 

#PeopleMedia #မူးယစ်

 

(unicode)


………………………………………………………

 


 


 


 


 


 



Share this post