• Follow Us on

Home မြန်မာနိုင်ငံ၌ ဆန္ဒပြသူများအပေါ် အကြမ်းဖက်နှိမ်နင်းမှု ကုလအကြီးအကဲ ရှုတ်ချ

မြန်မာနိုင်ငံ၌ ဆန္ဒပြသူများအပေါ် အကြမ်းဖက်နှိမ်နင်းမှု ကုလအကြီးအကဲ ရှုတ်ချ

Share this post

နိုင်ငံတကာ၊ ဖေဖော်ဝါရီ ၂၂ (People Media)
မြန်မာနိုင်ငံ၌ ဆန္ဒပြသူများအပေါ် အင်အားသုံး၍ အကြမ်းဖက်နှိမ်နင်းမှုကို ကုလသမဂ္ဂ အတွင်းရေးမှူး ချုပ် အန်တိုနီယိုဂူတာရက်စ်က ရှုတ်ချခဲ့ပြီး ရွေးကောက်ပွဲရလဒ်များကို လေးစားသမှုရှိရန်နှင့် အရပ်သားအစိုးရထံ အာဏာပြန်လွှဲပေးရန် အဖွဲ့အစည်းအားလုံးသို့ တောင်းဆိုလိုက်သည်။
“ငြိမ်းချမ်းစွာ ဆန္ဒဖော်ထုတ်မှုများအပေါ် တပ်ဖွဲ့အင်အား အသုံးပြုမှု၊ ခြိမ်းခြောက်မှုနှင့် အနှောင့်အယှက် ပေးမှုတွေက လက်သင့်ခံနိုင်ဖွယ်ရာမရှိပါဘူး”ဟု ဂူတာရက်စ်က တွစ်တာလူမှုကွန်ရက်၌ ရေးသားခဲ့သည်။
ယမန်နေ့က မန္တလေးမြို့တွင် ရဲတပ်ဖွဲ့က ဆန္ဒပြသူများကို မျက်ရည်ယိုဗုံးများ၊ ရော်ဘာကျည်များ အသုံး ပြု၍ လူစုခွဲခဲ့ရာ လူနှစ်ဦး သေဆုံးခဲ့သည်။
ယခုလအစောပိုင်းမှစ၍ မြန်မာနိုင်ငံတစ်ဝန်း ဆန္ဒပြမှုများ ဖြစ်ပွားနေပြီး ဦးဝင်းမြင့်နှင့် ဒေါ်အောင်ဆန်းစု ကြည်အပါအဝင် ထိန်းသိမ်းထားသောခေါင်းဆောင်များ လွှတ်ပေးရန် တောင်းဆိုခဲ့သည်။
မြန်မာနိုင်ငံ၌ လတ်တလောဖြစ်ပွားနေသည့် ကိစ္စရပ်များနှင့်ပတ်သက်၍ အလွန်အမင်း စိုးရိမ်မိကြောင်း လည်း ၎င်းက ပြောကြားခဲ့သေးသည်။
ကိုးကား– စီဂျီတီအန်
Ref; UN chief condemns use of deadly violence in Myanmar
(unicode)
………………………………….
Ref; UN chief condemns use of deadly violence in Myanmar

Share this post