• Follow Us on

Home မြန်မာနိုင်ငံ၌ လယ်ယာသန်းခေါင်စာရင်း ကောက်ယူမည်

မြန်မာနိုင်ငံ၌ လယ်ယာသန်းခေါင်စာရင်း ကောက်ယူမည်

Share this post

နေပြည်တော်၊ စက်တင်ဘာ ၁၅ (PeopleMedia)

 

မြန်မာနိုင်ငံ၌ လယ်ယာသန်းခေါင်စာရင်း ကောက်ယူမှုကို ၂၀၂၂ မှ စတင်ကောက်ယူနိုင်ရေး စိုက်ပျိုးရေး၊ မွေး မြူရေးနှင့် ဆယ်မြောင်းဝန်ကြီးဌာနက စီစဉ်ထားသည်။

 

ထိုသို့ဆောင်ရွက်နိုင်ရန် မြန်မာနိုင်ငံ၌ လယ်ယာသန်းခေါင်စာရင်းကောက်ယူရန်အတွက် လိုအပ်သည့် အိမ် ထောင်စုတည်နေရာပြမြေပုံများ ရေးဆွဲခြင်းနှင့် အိမ်ထောင်စုများ လုပ်ခွင်ခွဲခြားခြင်းတို့ကို စာရင်းပြုစုပြီး ပေးပို့ရန် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆယ်မြောင်းဝန်ကြီးဌာနမှ သက်ဆိုင်ရာဌာနများထံ ညွှန်ကြားထားသည်။

 

အဆိုပါ လယ်ယာသန်းခေါင်စာရင်းကောက်ယူမှုကို၂၀၂၂ ခုနှစ်တွင် စတင်ဆောင်ရွက်မည်ဖြစ်ပြီး ယင်းလုပ်ငန်း အတွက် ကနဦးလုပ်ငန်းစဉ်ဖြစ်သည့် အိမ်ထောင်စုတည်နေရာပြမြေပုံကြမ်းရေးဆွဲခြင်း၊ အိမ်ထောင်စု လုပ်ခွင် ခွဲခြားစာရင်းပြုစုခြင်းများကို ကြိုတင်လိုက်နာဆောင်ရွက်ရန်အတွက် အထက်ပါကဲ့သို့ညွန်ကြားချင်းဖြစ်ကြောင်း သိရသည်။

 

#PeopleMedia #လယ်ယာသန်းခေါင်စာရင်း

 

(unicode)


……………………………………………………………

 


 


 


 


 



Share this post