• Follow Us on

Home မြန်မာနိုင်ငံ၌ လူဦးရေ ၅၅ သန်းအထိရှိသည့်အနက် အမျိုးသားလူဦးရေထက် အမျိုးသမီးလူဦးရေသည် ၂.၃ သန်းပို၍ များနေ

မြန်မာနိုင်ငံ၌ လူဦးရေ ၅၅ သန်းအထိရှိသည့်အနက် အမျိုးသားလူဦးရေထက် အမျိုးသမီးလူဦးရေသည် ၂.၃ သန်းပို၍ များနေ

Share this post

နေပြည်တော်၊ အောက်တိုဘာ ၁၁ (People media)

 

၂၀၁၄ ခုနှစ်က ကောက်ယူထားသော သန်းခေါင်စာရင်း အခြေခံ၍ ၂၀၂၁ ခုနှစ် အောက်တိုဘာ ၁ ရက်နေ့တွင် ရှိသော လူဦးရေစာရင်းတွက်ချက်ရာတွင် မြန်မာနိုင်ရှိ လူဦးရေစာရင်းမှာ ၅၅ သန်းအထိရှိခဲ့ပြီး ယင်းအနက် အမျိုးသားဦးရေထက် အမျိုးသမီးဦးရေသည် ပိုမို၍ များလာကြောင်း လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန၏ သတင်းထုတ်ပြန်အရ သိရသည်။

 

အဆိုပါ ထုတ်ပြန်ချက်အရ ကချင်ပြည်နယ်တွင် လူဦးရေ ၂ သန်း၊ ကယားပြည်နယ်တွင် လူဦးရေ ၃ သိန်း၊ ကရင်ပြည်နယ်တွင် ၁.၆ သန်း၊ ချင်းပြည်နယ်တွင် ၅ သိန်း၊ စစ်ကိုင်းတိုင်းဒေသကြီးတွင် လူဦးရေ ၅.၆ သန်း၊ တနင်္သာရီတိုင်းဒေသကြီး လူဦးရေ ၁.၅ သန်း၊ ပဲခူးတိုင်းဒေသကြီးတွင် လူဦးရေ ၅ သန်း၊ မကွေးတိုင်းဒေသကြီး တွင် လူဦးရေ ၃.၉ သန်း၊ မန္တလေးတိုင်းဒေသကြီးတွင် လူဦးရေ ၆.၆ သန်း၊ မွန်ပြည်နယ်တွင် လူဦးရေ ၂ သန်း၊ ရခိုင်ပြည်နယ်တွင် လူဦးရေ ၃.၄ သန်း၊ ရန်ကုန်တိုင်းဒေသကြီးတွင် လူဦးရေ ၈.၇ သန်း၊ ရှမ်းပြည်နယ်တွင် ၆.၆ သန်း၊ ဧရာဝတီတိုင်းဒေသကြီးတွင် လူဦးရေ ၆.၃ သန်း၊ နေပြည်တော်ကောင်စီနယ်မြေတွင် လူဦးရေ ၁.၃ သန်း နေထိုင်လျက်ရှိကြောင်း ထုတ်ပြန်ချက်အရ သိရသည်။

 

အဆိုပါစာရင်းအရ လက်ရှိ မြန်မာနိုင်ငံတွင် အမျိုးသားဦးရေ ၂၆.၅ သန်း ၊ အမျိုးသမီးဦးရေ ၂၈.၈ သန်းရှိပြီး အမျိုးသားဦးရေထက် အမျိုးသမီးဦးသည် ၂.၃ သန်းခန့်ပိုများနေခြင်းဖြစ်ကြောင်း ထုတ်ပြန်သည့် စာရင်းအရ သိရသည်။

 

အမျိုးသားဦးရေနှင့် အမျိုးသမီးဦးရေ ကွာခြားချက်တွင် ကယားပြည်နယ်၌ အမျိုးသားဦးရေ ဝ.၂ သန်း၊ အမျိုး သမီးဦးရေ ဝ.၁ သန်း၊ ချင်းပြည်နယ်၌ အမျိုးသားဦးရေ ဝ.၃ သန်း အမျိုးသမီးဦးရေ ဝ.၂ သန်း၊ ကချင်ပြည် နယ်၌ အမျိုးသားဦးရေ ၁.၀ သန်း အမျိုးသမီးဦးရေ ၁.၀ သန်း၊ ကရင်ပြည်နယ်၌ အမျိုးသားဦးရေ ဝ.၈ သန်း အမျိုးသမီးဦးရေ ဝ.၈ သန်း၊ စစ်ကိုင်းတိုင်းဒေသကြီး၌ အမျိုးသားဦးရေ ၂.၆ သန်း အမျိုးသမီးဦးရေ ၃.၀ သန်း၊ တနင်္သာရီတိုင်းဒေသကြီး၌ အမျိုးသားဦးရေ ဝ.၇ သန်း အမျိုးသမီးဦးရေ ဝ.၈ သန်း၊ ပဲခူးတိုင်းဒေသကြီး၌ အမျိုးသားဦးရေ ၂.၄ သန်း အမျိုးသမီးဦးရေ ၂.၆ သန်း၊ မကွေးတိုင်းဒေသကြီး၌ အမျိုးသားဦးရေ ၁.၈ သန်း အမျိုးသမီးဦးရေ ၂.၁ သန်း၊ မန္တလေးတိုင်းဒေသကြီး၌ အမျိုးသားဦးရေ ၃.၁ သန်း အမျိုးသမီးဦးရေ ၃.၅ သန်း၊ မွန်ပြည်နယ်၌ အမျိုးသားဦးရေ ဝ.၉ သန်း အမျိုးသမီးဦးရေ ၁.၁ သန်း၊ ရခိုင်ပြည်နယ်၌ အမျိုးသားဦးရေ ၁.၆ သန်း အမျိုးသမီးဦးရေ ၁.၈ သန်း၊ ရန်ကုန်တိုင်းဒေသကြီး၌ အမျိုးသားဦးရေ ၄.၁ သန်း အမျိုးသမီးဦးရေ ၄.၆ သန်း၊ ရှမ်းပြည်နယ်၌ အမျိူးသားဦးရေ ၃.၃ သန်း အမျိုးသမီးဦးရေ ၃.၃ သန်း၊ ဧရာဝတီတိုင်းဒေသကြီး၌ အမျိုး သားဦးရေ ၃.၁ သန်း အမျိုးသမီးဦးရေ ၃.၂ သန်း၊ နေပြည်တော်ကောင်စီနယ်မြေ၌ အမျိုးသားဦးရေ ဝ.၆ သန်း အမျိုးသမီးဦးရေ ဝ.၇ သန်းရှိကြောင်း ထုတ်ပြန်ချက်အရ သိရသည်။

 

Photo – မကွေးတိုင်းလဝက

 

#PeopleMedia #လဝက

 

(unicode)


………………………………………………………………………

 


 


 


 


 


 


 



Share this post