• Follow Us on

Home မြန်မာနိုင်ငံ၌ အရေးပေါ်ကယ်ဆယ်ရေးလုပ်ငန်းများတွင် အသုံးပြုရန် ဒိန်းမတ်နိုင်ငံက အမေရိကန်ဒေါ်လာ (၃.၈) သန်း လှူဒါန်း

မြန်မာနိုင်ငံ၌ အရေးပေါ်ကယ်ဆယ်ရေးလုပ်ငန်းများတွင် အသုံးပြုရန် ဒိန်းမတ်နိုင်ငံက အမေရိကန်ဒေါ်လာ (၃.၈) သန်း လှူဒါန်း

Share this post

 

ရန်ကုန်၊ ဇန်နဝါရီ ၁၀ (People Media)

 

မြန်မာနိုင်ငံအတွင်း၌ အရေးပေါ်ကယ်ဆယ်ရေးလုပ်ငန်းများတွင် အသုံးပြုရန် ဒိန်းမတ်နိုင်ငံက အမေရိကန် ဒေါ်လာ ၃.၈ သန်းကို ကုလသမဂ္ဂ ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP) ထံသို့ လှူဒါန်းခဲ့ကြောင်း မြန်မာနိုင်ငံ ဆိုင်ရာ ဒိန်းမတ်သံရုံးက ထုတ်ပြန်လိုက်သည်။

 

“မြန်မာနိုင်ငံက ပြည်သူတွေ အကူအညီအလိုအပ်ဆုံးအချိန်မှာ WFP ရဲ့ အရေးကြီးတဲ့ လူသားချင်းစာနာမှု ဆိုင်ရာ အထောက်အပံ့ပေးရေးလုပ်ငန်းတွေမှာ ပါဝင်ပံ့ပိုးခွင့်ရတဲ့အတွက် ကျွန်တော်တို့အနေနဲ့ အလွန်ပဲ ဝမ်းမြောက်မိပါတယ်။ ကံအားလျော်စွာပဲ လိုအပ်ချက်တွေ ပိုမိုများပြားလာပေမယ့် ဒိန်းမတ်နိုင်ငံရဲ့ အ ထောက်အပံ့ဟာ တကယ့်ကိုလိုအပ်‌နေတဲ့လူတွေကို ကူညီပေးနိုင်လိမ့်မယ်လို့ မျှော်လင့်ပါတယ်” ဟု မြန်မာနိုင်ငံဆိုင်ရာ ဒိန်းမတ်သံရုံး၏ သံရုံးအကြီးအကဲ Mr Anders Graugaard က ပြောသည်။

 

ဒိန်းမတ်နိုင်ငံ၏ ပံ့ပိုးကူညီမှုသည် ကချင်၊ ချင်း၊ ရခိုင်နှင့် ရှမ်းပြည်နယ်အပါအဝင် မြန်မာနိုင်ငံရှိ ပြည်နယ်/ တိုင်းဒေသကြီးအသီးသီးတွင် ပဋိပက္ခဒဏ် ထိခိုက်ခံစားကြရသော နေရပ်စွန့်ခွာတိမ်းရှောင်ခဲ့ရသူ လူဦးရေ ပေါင်း ၃၆၀,၀၀၀ ခန့်နှင့် အခြားထိခိုက်လွယ်သော မိသားစုဝင်များကို လစဉ် အသက်ကယ်ဆယ်ရေး အကူအညီများ ပေးအပ်ရာတွင် များစွာအထောက်အပံ့ဖြစ်စေမည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

 

Photo – WFP

 

#PeopleMedia #WFP

 

(unicode)


………………………………………………………

 


 


 


 


 

Photo – WFP

 

#PeopleMedia #WFP


Share this post