• Follow Us on

Home မြန်မာနိုင်ငံ၌ COVID ကာကွယ်ဆေး စက်ရုံတည်ဆောက်ရန် ရုရှား၊ တရုတ်နိုင်ငံတို့နှင့် ဆွေးနွေးနေကြောင်း န-စ-ကဥက္ကဋ္ဌ ပြောဆို

မြန်မာနိုင်ငံ၌ COVID ကာကွယ်ဆေး စက်ရုံတည်ဆောက်ရန် ရုရှား၊ တရုတ်နိုင်ငံတို့နှင့် ဆွေးနွေးနေကြောင်း န-စ-ကဥက္ကဋ္ဌ ပြောဆို

Share this post

နေပြည်တော်၊ အောက်တိုဘာ ၂၉ (People Media)

 

မြန်မာနိုင်ငံ၌ COVID ကာကွယ်ဆေးနှင့်ပတ်သက်ပြီး စက်ရုံတည်ဆောက်ရန် ရုရှား၊ တရုတ်နိုင်ငံတို့နှင့် ဆွေး နွေးနေကြောင်း န-စ-ကဥက္ကဋ္ဌမှ ပြောကြားခဲ့သည်။

 

အောက်တိုဘာလ ၂၈ ရက်နေ့တွင်ကျင်းပပြုလုပ်သည့် COVID-19 ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင် ရာ (၁၃) ကြိမ်မြောက် ညှိနှိုင်းအစည်းအဝေးတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီး ချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်မှ အထက်ပါအတိုင်းပြောကြားခဲ့ခြင်းဖြစ်သည်။

 

အဆိုပါအစည်းအဝေးတွင် COVID 19 ရောဂါကာကွယ်ဆေးထုတ်လုပ်နိုင်ရေးနှင့်ပတ်သက်ပြီး ပြောကြားရာ တွင် “ကာကွယ်ဆေးနဲ့ပတ်သက်ပြီး ကျွန်တော်တို့ ကြိုးစားနေတာရှိပါတယ်။ တရုတ်နိုင်ငံနဲ့ ဆွေးနွေးနေတာရှိ တယ်။ ရုရှားနိုင်ငံနဲ့ ဆွေးနွေးနေတာရှိတယ်။ မနေ့ကပဲ ရုရှားကကိုယ်စားလှယ်အဖွဲ့တွေအချို့ ကျွန်တော့်ကိုလာ ပြီးတင်ပြတာရှိတယ်။ သူတို့ဘယ်လုပ်ပေးနိုင်ပါတယ်ဆိုပြီး ဒီလိုပြောလာတာရှိတယ်။ ဒါလည်း ကျွန်တော်တို့ ဒီ ဆေးက ရေရှည်ဆောင်ရွက်ရမယ့် ကိစ္စဖြစ်တဲ့အတွက်ကြောင့် ဒီဟာကို အမြန်ဆုံးဆောင်ရွက်ဖို့လည်းလိုတယ်။ အခု ကျွန်တော်တို့ဝယ်နေရတယ်။ တောက်လျှောက် ဝယ်နေရတယ်။ တရုတ်နိုင်ငံက ရောင်းပေးလို့ပဲ။ တရုတ် နိုင်ငံကသာ လိုသလောက်ရောင်းမပေးနိုင်ဘူးဆိုရင် ကျွန်တော်တို့ ဒီအခြေအနေမျိုး ရောက်နိုင်စရာ အကြောင်း မရှိဘူး” ဟု ပြောကြားခဲ့သည်။

 

ဆက်လက်ပြီး ၎င်းမှ တရုတ်ပြည်သူ့သမ္မတနိုင်ငံအနေနှင့် မြန်မာနိုင်ငံကို ဒီလိုကာကွယ်ဆေးတွေရရှိအောင် အချိန်နှင့်တစ်ပြေးညီ မျှဝေဆောင်ရွက်ပေးတဲ့အတွက်လည်း မြန်မာနိုင်ငံရဲ့ကိုယ်စား ကျေးဇူးတင်ကြောင်း ကျွန် တော်ပြောလိုပါတယ်။ ဒီရောဂါသည် ယှဉ်တွဲနေထိုင်ရမယ့်ရောဂါတစ်ခုလိုဖြစ်နေတယ်။ လုံးဝပျောက်ကင်းမယ် လို့ ဘယ်နိုင်ငံကမှမပြောဘူး။ ကမ္ဘာ့ကျန်းမာရေးကလည်း မပြောဘူး။ ဘယ်နိုင်ငံကမှလည်း အဆိုမပြုဘူး။ သုံး သပ်ချက်မထုတ်ဘူး။ ကာကွယ်ဆေးကတော့ အနည်းဆုံး ၆ လတစ်ကြိမ်တော့ထိုးနေရမယ့် အနေအထားရှိပါ တယ်ဟုဆိုသည်။

 

ထို့အပြင် ကမ္ဘာ့ကျန်းမာရေးနှင့် အမေရိကန် FDA မှ ကလေးများထိုးခွင့်ရှိကြောင်း အကြံပြုချက်တွေ ပေးတာရှိ သည့်အတွက် အဲဒီအဆင့်ထိ သွားမည်ဆိုပါက နောက်ထပ်ဆေးများ အများကြီးလိုအပ်လာဦးမည်ဖြစ်ကြောင်း နှင့် လာမည့်နှစ်များတွင် ၆ လပြည့်တိုင်း ပြန်ထိုးရမည့် ဆေးများမှာ သန်းနှင့်ချီပြီးလိုအပ်မည်ဖြစ်ပြီး ထိုးဆေး များ မဖြစ်မနေ ပြည်တွင်း၌ထုတ်လုပ်ရန် လိုအပ်ကြောင်း အနည်းဆုံးတစ်လကို လေးငါးသန်း ထုတ်လုပ်နိုင် ရန်လိုကြောင်းနှင့် သေချာပြန်တွက်ရမည်ဖြစ်ကြောင်းကိုလည်း ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်မှ ပြောကြားခဲ့ သည်။

 

အလားတူ ယင်းအစည်းအဝေးတွင် ကာကွယ်ဆေးထိုးနှံမှုနှင့်ပတ်သက်၍ EAO နယ်မြေများ၊ နယ်စပ်ဒေသများ၊ တိုင်းရင်းသားဒေသများအထိ ထိုးနှံပေးနိုင်ရေးဆောင်ရွက်ပေးရမည်ဖြစ်ကြောင်းနှင့် COVID-19 ရောဂါအပြင် အခြားရောဂါများနှင့်ပတ်သက်သည့် ကျန်းမာရေးအသိပညာပေးခြင်းများကို ထိထိရောက်ရောက်ဆောင်ရွက် ပေးရန် လိုအပ်မည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

 

#PeopleMedia #နစက #COVID #COVID19ကာကွယ်ဆေးစက်ရုံတည်ဆောက်ရန်

 

(unicode)


………………………………………………………………

 


 


 


 


 


 


 


 



Share this post