• Follow Us on

Home မြန်မာနိုင်ငံ၏ တရားဝင်အစိုးရဖြစ်သည်ဆိုခြင်းကို ယုံမှားသံသယဖြစ်စရာအကြောင်း လုံးဝမရှိကြောင်း ပြန်ကြား ရေးဝန်ကြီး ပြောကြား

မြန်မာနိုင်ငံ၏ တရားဝင်အစိုးရဖြစ်သည်ဆိုခြင်းကို ယုံမှားသံသယဖြစ်စရာအကြောင်း လုံးဝမရှိကြောင်း ပြန်ကြား ရေးဝန်ကြီး ပြောကြား

Share this post

နေပြည်တော်၊ ဖေဖော်ဝါရီ ၂၄ (People Media)

 

မြန်မာနိုင်ငံ၏ တရားဝင်အစိုးရဖြစ်သည်ဆိုခြင်းကို ယုံမှားသံသယဖြစ်စရာအကြောင်း လုံးဝမရှိကြောင်း  ပြန် ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းက ပြောသည်။

 

ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း ယမန်နေ့က Asahi Shinbon သတင်းဌာနမှ မေးမြန်းမှုများအား ပြန်လည်ဖြေကြားရာတွင် ထည့်သွင်းပြောဆိုသွားခြင်းဖြစ်သည်။

 

“နိုင်ငံတစ်နိုင်ငံရဲ့ လက်ရှိအခြေအနေတွေကို လက်တွေ့ကျကျ ကိုင်တွယ်ဖြေရှင်းနိုင်တဲ့ အစိုးရဟု သတ်မှတ်ယုံ ကြည်မှုရှိမှသာ အခုကိစ္စကို နိုင်ငံတကာတရားရုံး(ICJ) မှာ လာရောက်ဖြေရှင်းဖို့ ဖိတ်ခေါ်ခြင်းဖြစ်တဲ့အတွက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဟာ မြန်မာနိုင်ငံရဲ့ တရားဝင်အစိုးရဖြစ်တယ်ဆိုတာကို ယုံမှားသံသယဖြစ် စရာအကြောင်း လုံးဝ (လုံးဝ) မရှိပါဘူး” ဟု ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းက ပြောသည်။

 

ယင်းနောက် ဂျပန်သတင်းဌာနဖြစ်သည့် Nikkei Asian News သတင်းဌာန၏ မြန်မာနိုင်ငံ၏ ဒေသတွင်း စီးပွား ရေးမိတ်ဖက်အစီအစဉ်များကို သိလိုကြောင်း မေးခွန်းနှင့်စပ်လျဉ်း၍ ပြည်ထောင်စုဝန်ကြီးက ကိုဗစ်ကာလ အတွင်း နိုင်ငံခြားကုမ္ပဏီများမှာ ၎င်းတို့၏ နိုင်ငံများကို ပြန်သွားကြကြောင်း၊ မြန်မာနိုင်ငံမှ ထွက်ခွာသွားခဲ့သည့် စီးပွားရေးလုပ်ငန်းရှင်များသည် ပြီးခဲ့သည့် ၂၀၂၁ ခုနှစ် မေလမှစ၍ ပြန်ဝင်လာခဲ့ကြသည်မှာ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာနအနေဖြင့် Business visa ထောက်ခံဆောင်ရွက်ပေးပြီး Relief Flight များဆောင်ရွက်ပေးခဲ့သည့် ကုမ္ပဏီပေါင်း ၃၂၀၀ ကျော်ရှိပြီး နိုင်ငံခြားသားအရေအတွက်အားဖြင့် ၉၀၁၀ ရှိ ကြောင်း၊ ပြည်ပနိုင်ငံကြီးများ၏ ဖိအားပေးမှုကြောင့် ထွက်ခွာသွားသည့် ကုမ္ပဏီကြီးများရှိသကဲ့သို့ အသစ်ဝင် လာသည့် ကုမ္ပဏီများလည်းရှိကြောင်း ပြောသည်။

 

ဆက်လက်ပြီး ပြည်ထောင်စုဝန်ကြီးက မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုဥပဒေအရ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်မှ ၂၀၂၂ ခုနှစ် ဇန်နဝါရီ ၃၁ ရက်အထိ ရင်းနှီးမြှုပ်နှံမှုကဏ္ဍ ၁၂ ခုတွင် လုပ်ငန်းပေါင်း ၄၄ ခု စုစုပေါင်း အမေရိကန် ဒေါ်လာ ၃၈၂၃ ဒသမ ၀၁၅ သန်း ခွင့်ပြုပေးခဲ့ပါကြောင်း၊ ယင်းတို့အနက် လျှပ်စစ်ကဏ္ဍတွင် ရင်းနှီးမြှုပ်နှံမှု ပမာဏ အမေရိကန် ဒေါ်လာ ၃၀၆၂ ဒသမ ၁၃၈ သန်းဖြင့် ပထမ၊ အခြားဝန်ဆောင်မှုကဏ္ဍတွင် ရင်းနှီးမြှုပ်နှံမှု ပမာဏ အမေရိကန် ဒေါ်လာ ၂၃၇ ဒသမ ၅၆၄ သန်းဖြင့် ဒုတိယ၊ စက်မှုကဏ္ဍတွင် အမေရိကန် ဒေါ်လာ ၁၉၉ ဒသမ ၈၉၄ သန်းဖြင့် တတိယအများဆုံး ရင်းနှီးမြှုပ်နှံထားပါကြောင်း ဖြေကြားခဲ့သည်။

 

#PeopleMedia

 

(unicode)


…………………………………………………………………

 


 


 


 


 


 


 

#PeopleMedia


Share this post