• Follow Us on

Home မြန်မာနိုင်ငံ၏ ပထမဆုံးသော မြေအောက်လမ်းကူး လူသွားဥမင်(Underpass) ဖွင့်ပွဲကို န-စ-ကဥက္ကဋ္ဌ တက် ရောက်ဖွင့်လှစ်ခဲ့

မြန်မာနိုင်ငံ၏ ပထမဆုံးသော မြေအောက်လမ်းကူး လူသွားဥမင်(Underpass) ဖွင့်ပွဲကို န-စ-ကဥက္ကဋ္ဌ တက် ရောက်ဖွင့်လှစ်ခဲ့

Share this post

နေပြည်တော်၊ အောက်တိုဘာ ၈ (People Media)

 

ရန်ကုန်တိုင်းဒေသကြီး၊ ကမာရွတ်မြို့နယ်၊ ဟံသာဝတီအဝိုင်းအနီး ပြည်လမ်းမကြီးတွင် ဖောက်လုပ်ထားသည့် မြန်မာနိုင်ငံ၏ ပထမဆုံးသော မြေအောက်လမ်းကူး လူသွားဥမင်(Underpass) ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။

 

အဆိုပါ မြေအောက်လမ်းကူး လူသွားဥမင်သည် ဈေးဆိုင်ခန်းများပါဝင်သည့် မြေအောက်လမ်း ကူးလူသွားဥမင် (Underpass)အမျိုးအစားဖြစ်ပြီး ပင်မဥမင်အမြင့် ၁၁ ပေ၊ အကျယ် ပေ ၄၀၊ မြေအောက်အနက် ၁၅ ပေ ၃ လက်မရှိကြောင်း၊ ပင်မဥမင် စုစုပေါင်းအလျား ၄၂၇ ပေရှိပြီး ဝင်ပေါက်၊ ထွက်ပေါက် ၄ ခု ပါဝင်ကာ တစ်နာရီ လျှင် လူဦးရေ ၆၀၀၀ ခန့်ဖြတ်သန်းသွားလာနိုင်မည်ဖြစ်ကြောင်း၊ သိရသည်။

 

မြေအောက်လမ်းကူး လူသွားဥမင်(Underpass)အတွင်း ရွေ့လျားစက် လှေကား ၃ စင်း၊ သက်ကြီးရွယ်အို များနှင့် မသန်စွမ်းသူများအသုံးပြုရန် ဓာတ်လှေကား ၂ စင်း ထည့်သွင်း တည်ဆောက်ထားပြီး ဈေးဆိုင်ခန်း စုစုပေါင်း ၁၈ ခန်း ထည့်သွင်းတည်ဆောက်ထားကြောင်း၊ မီးဘေးအန္တရာယ်ကာကွယ်ရေး၊ အရေးပေါ် အခြေ အနေကယ်ဆယ်ရေး၊ လုံခြုံရေးဆိုင်ရာ sensor များ၊ ကင်မရာများ တပ်ဆင်ထားရှိပြီး ယနေ့ဖွင့်လှစ်သည့် မြေအောက်လမ်းကူး လူသွားဥမင်သည် အများပြည်သူအတွက် အကျိုးကျေးဇူးများစွာရရှိစေနိုင်မည့် အဆောက်အဦတစ်ခုဖြစ်သည်သာမက ရန်ကုန်မြို့၏ တိုးတက်လာသည့် မြို့အင်္ဂါရပ်ပြယုဂ်တစ်ခုလည်း ဖြစ် ကြောင်း သိရသည်။

 

မြေအောက် လမ်းကူးလူသွားဥမင်(Underpass)အား နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ်က စက်ခလုတ်နှိပ် ဖွင့်လှစ်ပေးခဲ့ပြီး၊ သက်ဆိုင်ရာတာဝန်သူများလည်း တက်ရောက်ခဲ့ကြောင်း သိရသည်။

 

#PeopleMedia #မြေအောက်လမ်းကူးလူသွားဥမင်

 

(unicode)


……………………………………………………………………….

 


 


 


 


 


 



Share this post