• Follow Us on
Latest News

Home မြန်မာနိုင်ငံ၏ ကျေးလက်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ၊ စိုက်ပျိုးရေးထုတ်ကုန်များနည်းပညာပံ့ပိုးခြင်းနှင့် ထွက် ကုန်များ တရုတ်သို့တင်ပို့ရောင်းချနိုင်ရေးလုပ်ငန်းများကို ပံ့ပိုးကူညီသွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံမတ်ကြီး ပြောဆို

မြန်မာနိုင်ငံ၏ ကျေးလက်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ၊ စိုက်ပျိုးရေးထုတ်ကုန်များနည်းပညာပံ့ပိုးခြင်းနှင့် ထွက် ကုန်များ တရုတ်သို့တင်ပို့ရောင်းချနိုင်ရေးလုပ်ငန်းများကို ပံ့ပိုးကူညီသွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံမတ်ကြီး ပြောဆို

Share this post

နေပြည်တော်၊ ဒီဇင်ဘာ ၃၁ (People Media)

 

တရုတ်နိုင်ငံအနေဖြင့် မြန်မာနိုင်ငံ၏ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာလုပ်ငန်းများ၊ စိုက်ပျိုးရေး ထုတ်ကုန်များ အဆင့်မြှင့်တင်ခြင်းတွင် နည်းပညာပံ့ပိုးပေးခြင်းလုပ်ငန်းများနှင့် စိုက်ပျိုးရေးထွက်ကုန်များ တရုတ်နိုင်ငံသို့ တင်ပို့ရောင်းချနိုင်ရေးလုပ်ငန်းများကို ဆက်လက်ပံ့ပိုးကူညီသွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံ ဆိုင်ရာ တရုတ်သံအမတ်ကြီး မစ္စတာချန်းဟိုင်က ပြောကြားသည်။

 

ကျေးရွာအဆင့်ဆင်းရဲမှု လျော့ချရေး စံပြစီမံကိန်းလွှဲပြောင်းပေးအပ်ပွဲအခမ်းအနားကို ယမန်နေ့နံနက် နံနက်ပိုင်း က သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ရာ တရုတ်သံအမတ်ကြီးမှ ထည့်သွင်းပြောကြားခဲ့သည်။

 

သံအမတ်ကြီး မစ္စတာချန်းဟိုင်က ယခုစီမံကိန်းကို ၂၀၁၄ ခုနှစ်တွင် နေပြည်တော်၌ ကျင်းပခဲ့သော အရှေ့အာရှ အစည်းအဝေးတွင် တရုတ်နိုင်ငံ၏ဝန်ကြီးချုပ် Mr. Li Keqiangမှ ဆင်းရဲမှုလျော့ချရေးဆိုင်ရာ ပူးပေါင်းဆောင် ရွက်နိုင်ရေး အဆိုပြုခဲ့သဖြင့် ကမ္ဘောဒီးယား၊ လာအိုနှင့် မြန်မာနိုင်ငံတို့တွင် အကောင်အထည်ဖော်ဆောင် ရွက်ခဲ့သောစီမံကိန်းဖြစ်ကြောင်း၊ မြန်မာနိုင်ငံတွင်လည်း စံပြစီမံကိန်းအဖြစ် ကျေးရွာ (၂) ရွာတွင် အကောင် အထည်ဖော်ဆောင်ရွက်ခဲ့ကြောင်း၊ စီမံကိန်းအကောင်အထည်ဖော်ဆောင်ရွက်ခဲ့ခြင်းဖြင့် စီမံကိန်းကျေးရွာများ အနေဖြင့် များစွာဖွံ့ဖြိုးတိုးတက်လာခဲ့ပြီး စံပြကျေးရွာများအဖြစ် တည်ရှိနေမည်ဖြစ်ကြောင်း ပြောသည်။

 

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးဦးလှမိုးက ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနနှင့် တရုတ်နိုင်ငံ အပြည်ပြည်ဆိုင်ရာ ဆင်းရဲမှုလျော့ချရေးဗဟိုဌာနတို့ပူးပေါင်း၍  ကျေးရွာအဆင့်ဆင်းရဲမှုလျော့ချရေး စံပြ စီမံကိန်းကို ကျေးလက်လူမှုစီးပွားဘဝမြှင့်တင်နိုင်ရေး၊ စွမ်းဆောင် ရည်မြင့်မားလာစေရေးနှင့် ဆင်းရဲနွမ်းပါးမှု လျော့ချရေးဆိုင်ရာ အလေ့အကျင့်ကောင်း များကိုမျှဝေနိုင်စေရန်ရည်ရွယ်၍ အကောင်အထည်ဖော်ဆောင် ရွက်ခဲ့ကြောင်း ပြောသည်။

 

အဆိုပါစီမံကိန်းအား ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် လယ်ဝေးမြို့နယ်မှ မင်းပြင်ကျေးရွာနှင့် တပ်ကုန်း မြို့နယ်မှ အေးချမ်းသာ(စံပြ)ကျေးရွာတို့တွင် တရုတ်နိုင်ငံ၏ ထောက်ပံ့ငွေဖြင့် ၂၀၁၈ ခုနှစ် ဖေဖော်ဝါရီ ၂၃ ရက်မှ ၂၀၂၁ ခုနှစ် မတ် ၃၁ ရက်အထိ (၃) နှစ်တာ အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ကြောင်းသိရသည်။

 

#PeopleMedia #တရုတ်-မြန်မာ

 

(unicode)


……………………………………………………………….

 


 


 


 


 


 


 



Share this post