• Follow Us on

Home မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး၏ နာယကကြီး ဘဘဗိုလ်ကလေးတင့်အောင် ကွယ်လွန်

မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး၏ နာယကကြီး ဘဘဗိုလ်ကလေးတင့်အောင် ကွယ်လွန်

Share this post

နေပြည်တော်၊ ဒီဇင်ဘာ ၁၇ (People Media)

 

မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး၏ နာယက၊ စွယ်စုံရအနုပညာရှင် ဘဘ ဗိုလ်ကလေးတင့်အောင်သည် ဒီဇင်ဘာ လ ၁၆ ရက်နေ့ ည ၁၁ နာရီအချိန်တွင် ဘဝတစ်ပါးသို့ကူးပြောင်းသွားပြီဖြစ်ကြောင်း မြန်မာနိုင်ငံရုပ်ရှင်အစည်း အရုံးမှ ထုတ်ပြန်ထားသည်။

 

ဘဘ ဗိုလ်ကလေးတင့်အောင်သည် မြန်မာ့ရုပ်ရှင်တစ်သက်တာ ထူးချွန်ဆုရ ရုပ်ရှင်ဒါရိုက်တာ၊ ဂီတစာဆို၊ ဇာတ်ညွှန်းရေးဆရာတစ်ဦးဖြစ်ပြီး၊ အမျိုးသားစာပေဆုရ စာရေးဆရာတစ်ဦးလည်း ဖြစ်သလို နိုင်ငံတော်က ပေးအပ်သော စည်သူဘွဲ့ကို ချီးမြှင့်ခြင်းခံခဲ့ရသူဖြစ်သလို  မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး၏ နာယကကြီးတစ်ဦး လည်း ဖြစ်သည်။

 

ဘဘ ဗိုလ်ကလေးတင့်အောင်ကို အဖဦးဘသင်၊ အမိဒေါ်ဖွားသိမ်းတို့မှ ၁၉၂၂ ခုနှစ် ဇွန် ၃ ရက်နေ့တွင် ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့၌ မွေးဖွားကာ သားသမီးခြောက်ယောက်အနက် ဒုတိယ သားဖြစ်ပြီး ကွယ်လွန်ချိန်မှာတော့ အသက် (၁၀၀) နှစ်ခန့်ရှိပြီဖြစ်ကြောင်း သိရသည်။

 

Photo – Credit

 

#PeopleMedia #ဘဘဗိုလ်ကလေးတင့်အောင်

 

(unicode)


……………………………………………………………….

 


 


 


 


 

Photo – Credit

 



Share this post