• Follow Us on

Home မြန်မာနိုင်ငံ စီးပွားရေး ပြန်လည်ဦးမော့စေရေးစီမံချက် (Myanmar Economic Recovery Plan-MERP) ကို ရေးဆွဲဆောင်ရွက်နေကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီး ပြောဆို

မြန်မာနိုင်ငံ စီးပွားရေး ပြန်လည်ဦးမော့စေရေးစီမံချက် (Myanmar Economic Recovery Plan-MERP) ကို ရေးဆွဲဆောင်ရွက်နေကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီး ပြောဆို

Share this post

နေပြည်တော်၊ နိုဝင်ဘာ ၂၀ (People Media)

 

ကိုဗစ်-၁၉ ကြောင့် ထိခိုက်မှုရှိခဲ့သည့် စီးပွားရေးလုပ်ငန်းများအား အမြန်ဆုံး ကုစားနိုင်ရေးနှင့် ပြည်သူလူထု တစ်ရပ်လုံး၏ လူမှုအကျိုးစီးပွားရေရှည် ဖွံ့ဖြိုးတိုးတက်မှုရှိပြီး လုပ်သာကိုင်သာရှိသော စီးပွားရေးဝန်းကျင် တစ်ရပ်တည်ဆောက်နိုင်ရန်ရည်ရွယ်ကာ မြန်မာနိုင်ငံ စီးပွားရေး ပြန်လည်ဦးမော့စေရေး စီမံချက် (Myanmar Economic Recovery Plan-MERP) ကို ရေးဆွဲဆောင်ရွက်နေကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွား ဆက်သွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦးက ပြောသည်။

 

ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ ပိုမိုတိုးမြှင့်ဆောင်ရွက်နိုင်ရေး၊ ဒေသတွင်းစီးပွားရေး ပေါင်းစည်းမှုဆိုင်ရာ ကိစ္စ ရပ်များနှင့်  ပြည်တွင်းပြည်ပ ရင်းနှီးမြှုပ်နှံမှုတို့ကို ဟန်ချက်ညီညီ ပူးပေါင်း ဆောင်ရွက်သွားနိုင်ရေးအတွက် ညှိနှိုင်းအစည်းအဝေးကို ယမန်နေ့နံ နက်ပိုင်းတွင် နေပြည်တော်ရှိ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ် ရေးဝန်ကြီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။

 

ဦးစွာ ပြည်ထောင်စုဝန်ကြီးက ကိုဗစ်-၁၉ ကပ်ရောဂါနှင့် အခြေအနေ အရပ်ရပ်ကြောင့် သက်ရောက်မှုများ ဖြစ်ပေါ်ခဲ့သော စီးပွားရေးပြန်လည် ဦးမော့လာစေရေးအတွက် ရင်းနှီးမြှုပ်နှံမှုအသစ်များ ဆွဲဆောင်ရေး၊ လက်ရှိဆောင်ရွက်ဆဲ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ အဆင်ပြေချောမွေ့စေရေးနှင့် လုပ်ငန်းရှင်များ၏  အခက်အ ခဲများကို ပြေလည်အောင် ကူညီဖြေရှင်း ဆောင်ရွက်ရေးဆိုင်ရာ ကိစ္စရပ်များ၊ လက်ရှိ ပြည်တွင်း၊ ပြည်ပရင်းနှီး မြှုပ်နှံမှု လုပ်ငန်းများဆောင်ရွက်ရာတွင် လွယ်ကူချောမွေ့စေရေးနှင့် ဥပဒေအရ အကာအကွယ်ပေးရေးတို့ကို အလေးထား ဆောင်ရွက် လျက်ရှိရာတွင် ထုတ်ပြန်ထားပြီးဖြစ်သည့် စံပြုလုပ်ထုံးလုပ်နည်းများအတိုင်း တိကျ စွာလိုက်နာ ဆောင်ရွက်ပေးခြင်းဖြင့် ရင်းနှီးမြှုပ်နှံမှု လုပ်ငန်း များ မြန်ဆန်သွက်လက်လာရေးကိစ္စရပ်များ ဆွေး နွေး ပြောကြားခဲ့သည်။

 

ရင်းနှီးမြှုပ်နှံသူများအပေါ် ဝန်ဆောင်မှုများပေးရာတွင် ပိုမိုလွယ်ကူမြန်ဆန်စေရေး အတွက် Online စနစ်များ ဖြင့် တွင်တွင်ကျယ်ကျယ် အသုံးပြုဆောင်ရွက်ပေးရေး၊ ဆက်စပ်ဌာန အချင်းချင်းပူးပေါင်း ဆောင်ရွက်မှုမြှင့်တင် ခြင်းအားဖြင့် ပိုမိုကောင်းမွန်ထိရောက်ပြီး ရလဒ်ထွက် ပေါ်စေနိုင်သည့် ဝန်ဆောင် မှုများပေးရေး၊ ပြည်တွင်း စီးပွားရေးလုပ်ငန်းများ တိုးတက်စေရန် အတွက် ပြည်တွင်းလုပ်ငန်းများ၊ မြန်မာနိုင်ငံသား ရင်းနှီးမြှုပ်နှံမှုများကို အားပေးမြှင့်တင် ဆောင်ရွက်ရေး၊ ပြည်တွင်းအားကို တိုးမြှင့်နိုင်အောင် ဆောင်ရွက်ရေးကိစ္စရပ်များ၊ ဌာနရှိ ဝန်ထမ်းများ၏ လုပ်ငန်းစွမ်းဆောင် ရည်ကို မြှင့်တင်ရေးအတွက် ဆက်လက်ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များ ကို ပြည်ထောင်စုဝန်ကြီးက ဆွေးနွေးပြောကြားခဲ့သည်။

 

ဆက်လက်၍ မြန်မာနိုင်ငံအနေဖြင့် ဒေသတွင်းစီးပွားရေး ပူးပေါင်း ဆောင်ရွက်မှုများနှင့် အာဆီယံ၏ စီးပွားရေး ပေါင်းစည်းမှုလုပ်ငန်းစဉ်များတွင်လည်း ဆက်လက်၍ တက်ကြွစွာ ပူးပေါင်းပါဝင်ဆောင်ရွက်လျက်ရှိသည့် အခြေအနေများကို ရှင်းလင်း ပြောကြားခဲ့ပြီး နှစ်နိုင်ငံနှင့် ဒေသတွင်းပူးပေါင်းဆောင်ရွက်မှု မြင့်တင်ဆောင်ရွက် ရေးဆိုင်ရာကိစ္စ ရပ်များနှင့် ပတ်သက်၍ ဆက်လက်ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များကို ပြည်ထောင်စုဝန်ကြီး က ဆွေးနွေးပြောကြားခဲ့ကြောင်း MOI ၏ ထုတ်ပြန်ချက်အရ သိရသည်။

 

#PeopleMedia #ရင်းနှီးမြှုပ်နှံမှုနှင့်နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီး

 

(unicode)


……………………………………………………………….

 


 


 


 


 


 


 



Share this post