• Follow Us on

Home မြန်မာနိုင်ငံ အလယ်ပိုင်းဒေသ၌ လက်လုပ်သေနတ် တစ်လက်လျှင် ကျပ်ငွေ နှစ်သိန်းခွဲမှ လေးသိန်းအထိ ဈေးပေါက်

မြန်မာနိုင်ငံ အလယ်ပိုင်းဒေသ၌ လက်လုပ်သေနတ် တစ်လက်လျှင် ကျပ်ငွေ နှစ်သိန်းခွဲမှ လေးသိန်းအထိ ဈေးပေါက်

Share this post

ရန်ကုန်၊ သြဂုတ် – ၅ (People Media)

 

မြန်မာနိုင်ငံ အလယ်ပိုင်းဒေသများ၌ လက်လုပ်သေနတ်များ မှောင်ခိုဈေးကွက်၌ တစ်လက်လျှင် ကျပ်ငွေ နှစ်သိန်းခွဲမှ လေးသိန်းအထိ ဈေးပေါက်နေကြောင်း PDF အဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။

 

လက်ရှိအချိန်၌ လက်လုပ်သေနတ်များသည် ယခင်က ကျပ်ငွေ တစ်သိန်းခွဲ ပတ်လည် ဝယ်ယူနိုင်သော်လည်း ထုတ်လုပ်မှုနည်း၍ ဝယ်လိုအားများနေမှုကြောင့် ဈေးနှုန်းမြင့်တက်လာတယ်လို့ PDF အဖွဲ့ဝင်တစ်ဦးက ဆိုပါ တယ်။

 

“ယခင်က စစ်ကိုင်းတိုင်းနဲ့ ချင်းပြည်နယ်ကနေ မြန်မာနိုင်ငံအလယ်ပိုင်းဒေသကို လက်လုက်သေနတ်တွေ သယ်ယူရတာလွယ်တယ်။ အခုက တော်တော် ခက်ခဲသွားပြီး။ စပြီး ဝယ်ချိန်က ဈေးချိုတယ်။ အခုက လမ်းကြောင်းတွေ တော်တော်ကြပ်လာတော့ သယ်ရတာ မလွယ်ဘူး။ မြန်မာနိုင်ငံ အလယ်ပိုင်းမှာ လုပ်ဖို့ ဆိုတာက မလွယ်ကူတော့ဘူး။ ဒါကြောင့် ဈေးက တော်တော်မြင့်တက်နေတယ်” လို့ PDF အဖွဲ့ဝင်တစ်ဦးက ဆိုပါတယ်။

 

အလားတူ ထိုင်း-မြန်မာနယ်စပ်ရှိ သေနတ်မှောင်ခိုဈေးကွက်၌ ယခင်က AK-47 တစ်လက်ကို မြန်မာငွေ ကျပ်သိန်း လေးဆယ်မှ ကျပ်သိန်း ငါးဆယ်ခန့်၊ M-16 ပုံဟောင်း တစ်လက်လျှင် ကျပ်သိန်း သုံးဆယ်မှ လေးဆယ်ခန့်နှင့် ၉မမ ပစ္စတိုတစ်လက်လျှင် ကျပ်သိန်း နှစ်ဆယ်ငါးသိန်းမှ ကျပ်သိန်းသုံးဆယ်ခန့် ဈေးရှိနေ ပါတယ်။

 

#PeopleMedia #လက်လုပ်သေနတ်

 

(unicode)


…………………………………………………..

 


 


 


 


 


 



Share this post