• Follow Us on

Home ျမန္မာနဲ႔ တျခား ၅ ႏိုင္ငံကေန ေ႐ႊ႕ေျပာင္းအေျခခ်ခြင့္ အေမရိကန္ပိတ္ပင္

ျမန္မာနဲ႔ တျခား ၅ ႏိုင္ငံကေန ေ႐ႊ႕ေျပာင္းအေျခခ်ခြင့္ အေမရိကန္ပိတ္ပင္

Share this post

ဝါ႐ွင္တန္ဒီစီ၊ ေဖေဖာ္ဝါရီ – ၁

ျမန္မာ၊ အီရီထရီးယား၊ ဆူဒန္၊ တန္ဇန္းနီးယား၊ ကာဂ်စ္စတန္နဲ႔ ႏိုင္ဂ်ီးရီးယားႏိုင္ငံတို႔ကေန အေမရိကန္ျပည္ ေထာင္စုဆီ ေ႐ႊ႕ေျပာင္းအေျခခ်မႈျဖတ္ေတာက္မယ့္အစီအစဥ္တိုးခ်ဲ႕ေတာ့မယ္လို႔ အေမရိကန္က ဇန္နဝါရီ ၃၁ ရက္မွာေၾကညာပါတယ္။

အဲဒီႏိုင္ငံေတြက ႏိုင္ငံသားေတြဟာ ေ႐ႊ႕ေျပာင္းအေျခခ်ေနထိုင္ခြင့္ဗီဇာရဖို႔ တားျမစ္ခံထားရေတာ့မွာျဖစ္ေပမဲ့ ကမာၻလွည့္ခရီးသြားအေနနဲ႔ေတာ့ ေနထိုင္ခြင့္ဗီဇာရဦးမွာပါ။ ၂၀၁၈ ခုႏွစ္မွာ အေမရိကန္ဟာ တျခား ၅ ႏိုင္ငံ ေပါင္းထက္ ႏိုင္ဂ်ီရီးယားႏိုင္ငံကို ေ႐ႊ႕ေျပာင္းအေျခခ်ခြင့္ဗီဇာေတြ ၂ ဆ ထုတ္ေပးထားၿပီး လူ ၈၀၀၀ ကို ေ႐ႊ႕ေျပာင္းအေျခခ်ခြင့္ပိတ္ထားပါတယ္။

အေမရိကန္လံုၿခံဳေရးနဲ႔ သတင္းအခ်က္အလက္ေ၀မွ်မႈစံႏႈန္းေတြနဲ႔မကိုက္ညီလို႔ အခုလိုပိတ္ဆို႔တာလို႔ အရာ႐ွိ တစ္ေယာက္ကေျပာပါတယ္။ စာရင္းကေန ပယ္ဖ်က္ႏိုင္ဖို႔ အဲဒီႏိုင္ငံေတြရဲ႕ လံုၿခဳံေရးလိုအပ္ခ်က္ေတြ အဆင့္ ျမွင့္တင္ရာမွာ အရာ႐ွိေတြ ပူးေပါင္းေဆာင္႐ြက္သြားမယ္လို႔လည္းေျပာပါတယ္။ အဲဒီႏိုင္ငံေတြက အကူအညီ ျဖစ္ေစခ်င္ေပမဲ့ အေၾကာင္းျပခ်က္အမ်ိဳးမ်ိဳးေၾကာင့္ ကၽြန္ေတာ္တို႔ရဲ႕အနိမ့္ဆံုးလိုအပ္ခ်က္ေတြနဲ႔မျပည့္မီခဲ့ဘူးလို႔ ယာယီအမိေျမလံုၿခံဳေရး၀န္ႀကီးခ်က္ ဝုဖ္က သတင္းေထာက္ေတြကို ေသာၾကာေန႔မွာေျပာပါတယ္။ စည္းမ်ဥ္း သစ္ေတြ႐ွိေပမဲ့ စီးပြားေရးလာလုပ္တဲ့လူေတြနဲ႔ ေဆးလာကုတဲ့လူေတြလိုယာယီေနထိုင္တာအတြက္ေတာ့ ေ႐ႊ႕ ေျပာင္းအေျခခ်တာမဟုတ္တဲ့ ဗီဇာေတြထုတ္ေပးသြားမယ္လို႔ ဝုဖ္ကေျပာပါတယ္။

Source – BBC

Photo – Border Report

#USA #Immigration #TravelBan

(Unicode)
မြန်မာနဲ့ တခြား ၅ နိုင်ငံကနေ ရွှေ့ပြောင်းအခြေချခွင့် အမေရိကန်ပိတ်ပင်
…………………………………………………………

ဝါရှင်တန်ဒီစီ၊ ဖေဖော်ဝါရီ – ၁

မြန်မာ၊ အီရီထရီးယား၊ ဆူဒန်၊ တန်ဇန်းနီးယား၊ ကာဂျစ်စတန်နဲ့ နိုင်ဂျီးရီးယားနိုင်ငံတို့ကနေ အမေရိကန်ပြည် ထောင်စုဆီ ရွှေ့ပြောင်းအခြေချမှုဖြတ်တောက်မယ့်အစီအစဉ်တိုးချဲ့တော့မယ်လို့ အမေရိကန်က ဇန်နဝါရီ ၃၁ ရက်မှာကြေညာပါတယ်။

အဲဒီနိုင်ငံတွေက နိုင်ငံသားတွေဟာ ရွှေ့ပြောင်းအခြေချနေထိုင်ခွင့်ဗီဇာရဖို့ တားမြစ်ခံထားရတော့မှာဖြစ်ပေမဲ့ ကမ္ဘာလှည့်ခရီးသွားအနေနဲ့တော့ နေထိုင်ခွင့်ဗီဇာရဦးမှာပါ။ ၂၀၁၈ ခုနှစ်မှာ အမေရိကန်ဟာ တခြား ၅ နိုင်ငံ ပေါင်းထက် နိုင်ဂျီရီးယားနိုင်ငံကို ရွှေ့ပြောင်းအခြေချခွင့်ဗီဇာတွေ ၂ ဆ ထုတ်ပေးထားပြီး လူ ၈၀၀၀ ကို ရွှေ့ပြောင်းအခြေချခွင့်ပိတ်ထားပါတယ်။

အမေရိကန်လုံခြုံရေးနဲ့ သတင်းအချက်အလက်ဝေမျှမှုစံနှုန်းတွေနဲ့မကိုက်ညီလို့ အခုလိုပိတ်ဆို့တာလို့ အရာရှိ တစ်ယောက်ကပြောပါတယ်။ စာရင်းကနေ ပယ်ဖျက်နိုင်ဖို့ အဲဒီနိုင်ငံတွေရဲ့ လုံခြုံရေးလိုအပ်ချက်တွေ အဆင့် မြှင့်တင်ရာမှာ အရာရှိတွေ ပူးပေါင်းဆောင်ရွက်သွားမယ်လို့လည်းပြောပါတယ်။ အဲဒီနိုင်ငံတွေက အကူအညီ ဖြစ်စေချင်ပေမဲ့ အကြောင်းပြချက်အမျိုးမျိုးကြောင့် ကျွန်တော်တို့ရဲ့အနိမ့်ဆုံးလိုအပ်ချက်တွေနဲ့မပြည့်မီခဲ့ဘူးလို့ ယာယီအမိမြေလုံခြုံရေးဝန်ကြီးချက် ဝုဖ်က သတင်းထောက်တွေကို သောကြာနေ့မှာပြောပါတယ်။ စည်းမျဉ်း သစ်တွေရှိပေမဲ့ စီးပွားရေးလာလုပ်တဲ့လူတွေနဲ့ ဆေးလာကုတဲ့လူတွေလိုယာယီနေထိုင်တာအတွက်တော့ ရွှေ့ ပြောင်းအခြေချတာမဟုတ်တဲ့ ဗီဇာတွေထုတ်ပေးသွားမယ်လို့ ဝုဖ်ကပြောပါတယ်။

Source – BBC

Photo – Border Report

#USA #Immigration #TravelBan


Share this post