• Follow Us on

Home ျမန္မာပိုင္ ကမာၻေျမေလ့လာေရးၿဂိဳလ္တု လႊတ္တင္ရန္ ခြင့္ျပဳခ်က္တင္ ထား

ျမန္မာပိုင္ ကမာၻေျမေလ့လာေရးၿဂိဳလ္တု လႊတ္တင္ရန္ ခြင့္ျပဳခ်က္တင္ ထား

Share this post

ျမန္မာပိုင္ ကမာၻေျမေလ့လာေရးၿဂိဳလ္တု လႊတ္တင္ရန္ ခြင့္ျပဳခ်က္တင္ထားၿပီး ၂၀၂၀ ႏွစ္ကုန္ပိုင္း(သို႔မဟုတ္) ၂၀၂၁ ႏွစ္ဆန္းပိုင္းတြင္ လႊတ္တင္ႏိုင္ဖြယ္ရွိေၾကာင္း ပို႔ေဆာင္ေရးႏွင့္ဆက္သြယ္ေရး၀န္ႀကီးဌာနမွ ၫႊန္ၾကား ေရးမွဴး ဦး၀င္းေအာင္ကေျပာသည္။

ၿဂဳိလ္တုလႊတ္တင္ေရးႏွင့္ပတ္သက္၍ ဇူလိုင္ ၃ ရက္ People Media သတင္းဌာနက ဆက္သြယ္ေမးျမန္းရာ တြင္ ပို႔ေဆာင္ေရးႏွင့္ဆက္သြယ္ေရး၀န္ႀကီးဌာနမွ ၫႊန္ၾကားေရးမွဴး ဦး၀င္းေအာင္ကေျပာၾကားခဲ့သည္။

“အားလုံးအဆင္ေျပၿပီဆိုရင္ ၿဂဳိလ္တုကတင္ဖို႔ပဲ။ ကြ်န္ေတာ္တို႔က ဂ်ပန္မွာ သြားထုတ္တာေလ။ တင္ေပးမွာက ၿဂဳိလ္တုကို နာဆာကတင္ေပးမွာေပါ့။ အခုက ISS ဆိုတာရွိတယ္။ သေဘာထားမွတ္ခ်က္ေတြ ႏိုင္ငံေတြကို ေမး ရေသးတယ္။ ေမးၿပီးလို႔ အဆင္ေျပၿပီ ခြင့္ျပဳၿပီဆိုမွ ကြ်န္ေတာ္တို႔ကတင္ရမွာေလ။ ကမာၻေျမေလ့လာေရးၿဂဳိလ္တု ေပါ့။ ေတာင္၀င္႐ိုးစြန္းနဲ႔ ေျမာက္၀င္႐ိုးစြန္းကိုပတ္ေနမွာေလ။ ကီလိုမီတာအျမင့္ ၄၀၀ အထက္ကေနပတ္ေနမွာ။ ပတ္ေနတဲ့အခ်ိန္မွာ သူကတစ္ေန႔ကို ရွစ္ပတ္ပတ္မယ္။ ျမန္မာျပည္ကို သူကႏွစ္ပတ္ေလာက္ေရာက္မယ္။ အဲဒီ အခါၾကေတာ့ ကိုယ့္ႏိုင္ငံကို ကိုယ္ဓါတ္ပုံ႐ိုက္ႏိုင္တယ္။ ၿပီးေတာ့ စိုက္ပ်ိဳးေရးေတြကို ျဂဳိလ္တုပုံရိပ္ေတြယူၿပီး ေတာ့ စိုက္ပ်ိဳးေရးမွာ လိုအပ္တဲ့ေျမၾသဇာလိုသလား။ ေရလိုသလား။ ဒါေတြလည္းစစ္လို႔ရတယ္။ တစ္ျခား ၀န္ႀကီးဌာနေတြအေနနဲ႔ သတၱဳတူးေဖာ္ဖို႔အတြက္ ေရနံေၾကာေတြ၊ ေရႊေၾကာေတြ အဲဒါကိုလႈိင္းထုတ္ၿပီး ေအာက္ ေျခကိုျပန္ၾကည့္တာေပါ့။ လႊတ္တင္ဖို႔က ၂၀၂၀ ႏွစ္ကုန္ ဒါမွမဟုတ္ ၂၀၂၁ ႏွစ္ဆန္းပိုင္းေလာက္ျဖစ္ႏိုင္တယ္” ဟု ၎ကေျပာသည္။

၎လႊတ္တင္မည့္ၿဂဳိလ္တုတန္ဖိုးမွာ အေမရိကန္ေဒၚလာ ၁၅.၃ သန္းျဖစ္ၿပီး စုစုေပါင္း ၿဂဳိလ္တု ၂ လုံးျဖစ္ကာ ၂၀၁၉ ခုႏွစ္မွစတင္ကာ ဂ်ပန္ႏိုင္ငံေဟာ့ကိုင္းဒိုးတကၠသိုလ္ႏွင့္ ျမန္မာႏိုင္ငံေလေၾကာင္းႏွင့္ အာကာသတကၠ သိုလ္တို႔ ပူးေပါင္းစီစဥ္ခဲ့ျခင္းျဖစ္ေၾကာင္းသိရသည္။

“ထုတ္တာက ကြ်န္ေတာ္တို႔ၿဂဳိလ္တုကို ဂ်ပန္ကထုတ္မွာ ၿပီးရင္ဂ်ပန္ကနာဆာကိုပို႔မွာ။ နာဆာကမွ ISS ကို တင္မွာ။ ISS ကမွ သူ႔လမ္းေၾကာင္းမွာ ခ်ေပးခဲ့မွာ။ ကြ်န္ေတာ္တို႔ႏိုင္ငံမွာ လႊတ္ဖို႔ကဘာမွမရွိဘူးေလ။ လႊတ္လို႔ ရတဲ့ႏိုင္ငံကိုပို႔ရတာေပါ့” ဟု ၫႊန္ၾကားေရးမွဴးဦး၀င္းေအာင္ကေျပာသည္။
ၿပီးခဲ့သည့္ ၂၀၁၉ ခုႏွစ္ ၾသဂုတ္လအတြင္း Myanmar sat 2 ဆက္သြယ္ေရးၿဂဳိလ္တုအား ျမန္မာႏိုင္ငံက အေမရိကန္ေဒၚလာ ၁၅၅.၇ သန္းအကုန္က်ခံ၍ ေတာင္အေမရိကတိုက္ရွိ ျပင္သစ္ပိုင္ ဂိုင္ယာနာ ၿဂဳိလ္တု လႊတ္တင္ေရးစခန္းမွ လႊတ္တင္ခဲ့သည္။

#PeopleMedia

(unicode)
မြန်မာပိုင် ကမ္ဘာမြေလေ့လာရေးဂြိုလ်တု လွှတ်တင်ရန် ခွင့်ပြုချက်တင် ထား
…………………………………………………

မြန်မာပိုင် ကမ္ဘာမြေလေ့လာရေးဂြိုလ်တု လွှတ်တင်ရန် ခွင့်ပြုချက်တင်ထားပြီး ၂၀၂၀ နှစ်ကုန်ပိုင်း(သို့မဟုတ်) ၂၀၂၁ နှစ်ဆန်းပိုင်းတွင် လွှတ်တင်နိုင်ဖွယ်ရှိကြောင်း ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာနမှ ညွှန်ကြား ရေးမှူး ဦးဝင်းအောင်ကပြောသည်။

ဂြိုလ်တုလွှတ်တင်ရေးနှင့်ပတ်သက်၍ ဇူလိုင် ၃ ရက် People Media သတင်းဌာနက ဆက်သွယ်မေးမြန်းရာ တွင် ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူး ဦးဝင်းအောင်ကပြောကြားခဲ့သည်။

“အားလုံးအဆင်ပြေပြီဆိုရင် ဂြိုလ်တုကတင်ဖို့ပဲ။ ကျွန်တော်တို့က ဂျပန်မှာ သွားထုတ်တာလေ။ တင်ပေးမှာက ဂြိုလ်တုကို နာဆာကတင်ပေးမှာပေါ့။ အခုက ISS ဆိုတာရှိတယ်။ သဘောထားမှတ်ချက်တွေ နိုင်ငံတွေကို မေး ရသေးတယ်။ မေးပြီးလို့ အဆင်ပြေပြီ ခွင့်ပြုပြီဆိုမှ ကျွန်တော်တို့ကတင်ရမှာလေ။ ကမ္ဘာမြေလေ့လာရေးဂြိုလ်တု ပေါ့။ တောင်ဝင်ရိုးစွန်းနဲ့ မြောက်ဝင်ရိုးစွန်းကိုပတ်နေမှာလေ။ ကီလိုမီတာအမြင့် ၄၀၀ အထက်ကနေပတ်နေမှာ။ ပတ်နေတဲ့အချိန်မှာ သူကတစ်နေ့ကို ရှစ်ပတ်ပတ်မယ်။ မြန်မာပြည်ကို သူကနှစ်ပတ်လောက်ရောက်မယ်။ အဲဒီ အခါကြတော့ ကိုယ့်နိုင်ငံကို ကိုယ်ဓါတ်ပုံရိုက်နိုင်တယ်။ ပြီးတော့ စိုက်ပျိုးရေးတွေကို ဂြိုလ်တုပုံရိပ်တွေယူပြီး တော့ စိုက်ပျိုးရေးမှာ လိုအပ်တဲ့မြေဩဇာလိုသလား။ ရေလိုသလား။ ဒါတွေလည်းစစ်လို့ရတယ်။ တစ်ခြား ဝန်ကြီးဌာနတွေအနေနဲ့ သတ္တုတူးဖော်ဖို့အတွက် ရေနံကြောတွေ၊ ရွှေကြောတွေ အဲဒါကိုလှိုင်းထုတ်ပြီး အောက် ခြေကိုပြန်ကြည့်တာပေါ့။ လွှတ်တင်ဖို့က ၂၀၂၀ နှစ်ကုန် ဒါမှမဟုတ် ၂၀၂၁ နှစ်ဆန်းပိုင်းလောက်ဖြစ်နိုင်တယ်” ဟု ၎င်းကပြောသည်။

၎င်းလွှတ်တင်မည့်ဂြိုလ်တုတန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၁၅.၃ သန်းဖြစ်ပြီး စုစုပေါင်း ဂြိုလ်တု ၂ လုံးဖြစ်ကာ ၂၀၁၉ ခုနှစ်မှစတင်ကာ ဂျပန်နိုင်ငံဟော့ကိုင်းဒိုးတက္ကသိုလ်နှင့် မြန်မာနိုင်ငံလေကြောင်းနှင့် အာကာသတက္က သိုလ်တို့ ပူးပေါင်းစီစဉ်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

“ထုတ်တာက ကျွန်တော်တို့ဂြိုလ်တုကို ဂျပန်ကထုတ်မှာ ပြီးရင်ဂျပန်ကနာဆာကိုပို့မှာ။ နာဆာကမှ ISS ကို တင်မှာ။ ISS ကမှ သူ့လမ်းကြောင်းမှာ ချပေးခဲ့မှာ။ ကျွန်တော်တို့နိုင်ငံမှာ လွှတ်ဖို့ကဘာမှမရှိဘူးလေ။ လွှတ်လို့ ရတဲ့နိုင်ငံကိုပို့ရတာပေါ့” ဟု ညွှန်ကြားရေးမှူးဦးဝင်းအောင်ကပြောသည်။
ပြီးခဲ့သည့် ၂၀၁၉ ခုနှစ် ဩဂုတ်လအတွင်း Myanmar sat 2 ဆက်သွယ်ရေးဂြိုလ်တုအား မြန်မာနိုင်ငံက အမေရိကန်ဒေါ်လာ ၁၅၅.၇ သန်းအကုန်ကျခံ၍ တောင်အမေရိကတိုက်ရှိ ပြင်သစ်ပိုင် ဂိုင်ယာနာ ဂြိုလ်တု လွှတ်တင်ရေးစခန်းမှ လွှတ်တင်ခဲ့သည်။

#PeopleMedia


Share this post