• Follow Us on

Home မြန်မာပိုင် ကိုးကန့်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၌ တရုတ်နိုင်ငံမှ မြန်မာနိုင်ငံအတွင်းသို့ ၁၀ မီတာခန့် ဝင်ရောက်ကျူး ကျော်ပြီး ခြံစည်းရိုးခတ်မှုကို န-စ-က အစိုးရ ကန့်ကွက်မည်

မြန်မာပိုင် ကိုးကန့်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၌ တရုတ်နိုင်ငံမှ မြန်မာနိုင်ငံအတွင်းသို့ ၁၀ မီတာခန့် ဝင်ရောက်ကျူး ကျော်ပြီး ခြံစည်းရိုးခတ်မှုကို န-စ-က အစိုးရ ကန့်ကွက်မည်

Share this post

နေပြည်တော်၊ စက်တင်ဘာ ၂၇ (People Media)

 

မြန်မာပိုင် ကိုးကန့်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၌ တရုတ်နိုင်ငံမှ မြန်မာနိုင်ငံအတွင်းသို့ ၁၀ မီတာခန့် ဝင်ရောက်ကျူး ကျော်ပြီး ခြံစည်းရိုးခတ်ထားမှုကို န-စ-က အစိုးရမှ ကန့်ကွက်ရန် စီစဉ်လျက်သည်။

 

ရှမ်းပြည်နယ်၊ ကိုးကန့်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၌ စိုက်ထူထားရှိသည့် မြန်မာ-တရုတ်နှစ်နိုင်ငံနယ်နိမိတ် ကျောက်တိုင်အမှတ် BP 141, BP 142 နှင့် BP 142-1 တို့အား ချင်းရွှေဟော်မြို့ အထွေထွေအုပ်ချုပ်ရေးဦးစီး ဌာန၊ နယ်မြေခံတပ်ရင်းနှင့် နယ်မြေရဲစခန်းမှ တာဝန်ရှိသူများ၊ အခြားသော ဌာနဆိုင်ရာများပူးပေါင်းကာ စက် တင်ဘာလ ၂၆ ရက်နေ့က ကွင်းဆင်းစစ်ဆေးခဲ့သည်။

 

အဆိုပါပူးပေါင်းအဖွဲ့သည် တရုတ်နိုင်ငံဘက်မှ စိုက်ထူကာရံထားသည့် နယ်နိမိတ်မှတ်တိုင်များကို စစ်ဆေးခဲ့ရာ တွင် နှစ်နိုင်ငံနယ်နိမိတ်မျဉ်းနှင့် ၁၀ မီတာအတွင်း ဝင်ရောက်ဆောင်ရွက်ထားကြောင်း စစ်ဆေးတွေ့ရှိခဲ့ရသည် ဟု ဆိုသည်။

 

ယင်းနယ်နိမိတ်ကျောက်တိုက်အနီး ခြံစည်းရိုးကာရံထားမှုကို စက်တင်ဘာ ၂၁ ရက်နေ့တွင် နယ်မြေခံတပ်ရင်းမှ တာဝန်ရှိသူများမှ စစ်ဆေးစဉ် တရုတ်-မြန်မာနှစ်နိုင်ငံနယ်နိမိတ်မျဉ်း ၁၀ မီတာအတွင်း လွတ်ကင်းသော်လည်း ယခုအရပ်ဘက်ဌာနဆိုင်ရာအဖွဲ့များ ထပ်မံစစ်ဆေးစဉ် ယခင်ကာရံထားရှိသည့် ခြံစည်းရိုးများအား ပြန်လည် ဖြုတ်ယူပြီးနေရာရွှေ့၍ နယ်စပ်ကျောက်တိုင်နှင့် တစ်တန်းတည်း ကာရံထားကြောင်း တွေ့ရှိရကြောင်း သိရှိရ သည်။

 

ထို့ကြောင့် ယခုကဲ့သို့ မြန်မာနိုင်ငံနယ်နိမိတ်ဘက်သို့ ၁၀ မီတာအတွင်းဝင်ရောက်၍ ခြံစည်းရိုးကာရံထားမှုအား ကန့်ကွက်မှုများ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရှိရသည်။

 

အလားတူ ၂၀၂၀ ခုနှစ် တရုတ်နိုင်ငံအတွင်း COVID-19 ရောဂါပထမလှိုင်းစတင်ခဲ့သည့်အချိန်မှစတင်ကာ ကပ် ရောဂါအကြောင်းပြချက်ဖြင့် မြန်မာနိုင်ငံသားများ အဝင်အထွက်ကို ထိန်းချုပ်ရန် လူအဝင်အထွက်များသည့် နယ်စပ်ဂိတ်များကို တရုတ်နိုင်ငံဘက်မှ တင်းကြပ်ခဲ့ပြီး နယ်စပ်ဂိတ်နှင့် ကျေးရွာချင်းဆက်နေရာများ၌ ခြံစည်း ရိုးများကို ကာရံခဲ့ခြင်းဖြစ်သည်။

 

#PeopleMedia #မြန်မာ #တရုတ် #နယ်နိမိတ် #ခြံစည်းရိုး

 

(unicode)


…………………………………………………………………

 


 


 


 


 


 


 


 



Share this post