• Follow Us on
Latest News

Home ျမန္မာပုိင္နက္အတြင္းသုိ႔ တ႐ုတ္ႏုိင္ငံက က်ဴးေက်ာ္၍ ၿခံစည္း႐ိုးကာရံမႈ ျပန္လည္ဖ်က္သိမ္းသြားေၾကာင္း လုံၿခံဳေရးအဖြဲ႕က အတည္ျပဳ

ျမန္မာပုိင္နက္အတြင္းသုိ႔ တ႐ုတ္ႏုိင္ငံက က်ဴးေက်ာ္၍ ၿခံစည္း႐ိုးကာရံမႈ ျပန္လည္ဖ်က္သိမ္းသြားေၾကာင္း လုံၿခံဳေရးအဖြဲ႕က အတည္ျပဳ

Share this post

ရန္ကုန္၊ ႏုိဝင္ဘာ – ၂၃

ျမန္မာ-တ႐ုတ္ နယ္စပ္ၿမိဳ႕ျဖစ္သည့္ ျမန္မာႏုိင္ငံပုိင္ ကုိးကန္႔ကုိယ္ပုိင္အုပ္ခ်ဳပ္ခြင့္ရေဒသ ေလာက္ကုိင္ၿမိဳ႕ရွိ ႏွစ္ႏုိင္ငံနယ္ စပ္မွတ္တုိင္(BP-125)အနီး၌ တ႐ုတ္ႏုိင္ငံသည္ လာေရာက္ၿခံခတ္မႈ ျပဳလုပ္ခဲ့သည္။

ထုိကဲ့သုိ႔ ျမန္မာပုိင္နက္အတြင္းသုိ႔ တ႐ုတ္ႏုိင္ငံက ဝင္ေရာက္ၿခံခတ္မႈျပဳလုပ္သည့္ျဖစ္စဥ္အေပၚ ျမန္မာအာဏာပုိင္မ်ားသည္ သြားေရာက္စစ္ေဆးခဲ့ၿပီး တ႐ုတ္ႏုိင္ငံ ကိန္းမားခ႐ိုင္ အာဏာပုိင္မ်ားထံ စာျဖင့္ေရးသား၍ ကန္႔ကြက္ခဲ့သည္။

အဆုိပါ ကန္႔ကြက္ခ်က္ေၾကာင့္ ႏုိဝင္ဘာ(၂၂)ရက္ေန႔၌ ျမန္မာပုိင္နက္အတြင္း ၿခံခတ္ထားမႈကုိ တ႐ုတ္ႏုိင္ငံက ျပန္လည္ဖ်က္သိမ္းသြားေၾကာင္း ျမန္မာလုံၿခံဳေရးအဖြဲ႕အခ်ဳိ႕က People Media ကုိ အတည္ျပဳသည္။

“ႏွစ္ႏုိင္ငံသေဘာတူညီခ်က္အရ ေက်ာက္တုိင္ရဲ႕ ၁၀ မီတာအတြင္းမွာ ဘယ္ႏုိင္ငံမွ အေဆာက္အဦးေဆာက္လုပ္မရဘူး။ ဒါက ႏွစ္ႏုိင္ငံလုိက္နာရတာပါ” လုိ႔ လုံၿခံဳေရးအဖြဲ႕ဝင္တစ္ဦးက ေျပာသည္။

အလားတူ တ႐ုတ္ႏုိင္ငံသည္ ႏွစ္ႏုိင္ငံဧရိယာအတြင္းရွိ ျမန္မာပုိင္နက္နယ္ေျမအခ်ဳိ႕ကုိ လာေရာက္က်ဴးေက်ာ္၍ ၿခံခတ္မႈ ျပဳလုပ္သည့္ ျဖစ္စဥ္မ်ားေၾကာင့္ ေဒသခံမ်ားႏွင့္ တ႐ုတ္အာဏာပုိင္အဖြဲ႔မ်ား မၾကာခဏအျငင္းပြားမႈ ျဖစ္ေပၚခဲ့သည္။

Photo – ဦးေငြတိုး

#PeopleMedia #BP125 #ျမန္မာပုိင္နက္ #ကုိးကန္႔

(unicode)
မြန်မာပိုင်နက်အတွင်းသို့ တရုတ်နိုင်ငံက ကျူးကျော်၍ ခြံစည်းရိုးကာရံမှု ပြန်လည်ဖျက်သိမ်းသွားကြောင်း လုံခြုံရေးအဖွဲ့က အတည်ပြု
………………………………………………………………

ရန်ကုန်၊ နိုဝင်ဘာ – ၂၃

မြန်မာ-တရုတ် နယ်စပ်မြို့ဖြစ်သည့် မြန်မာနိုင်ငံပိုင် ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လောက်ကိုင်မြို့ရှိ နှစ်နိုင်ငံနယ် စပ်မှတ်တိုင်(BP-125)အနီး၌ တရုတ်နိုင်ငံသည် လာရောက်ခြံခတ်မှု ပြုလုပ်ခဲ့သည်။

ထိုကဲ့သို့ မြန်မာပိုင်နက်အတွင်းသို့ တရုတ်နိုင်ငံက ဝင်ရောက်ခြံခတ်မှုပြုလုပ်သည့်ဖြစ်စဉ်အပေါ် မြန်မာအာဏာပိုင်များသည် သွားရောက်စစ်ဆေးခဲ့ပြီး တရုတ်နိုင်ငံ ကိန်းမားခရိုင် အာဏာပိုင်များထံ စာဖြင့်ရေးသား၍ ကန့်ကွက်ခဲ့သည်။

အဆိုပါ ကန့်ကွက်ချက်ကြောင့် နိုဝင်ဘာ(၂၂)ရက်နေ့၌ မြန်မာပိုင်နက်အတွင်း ခြံခတ်ထားမှုကို တရုတ်နိုင်ငံက ပြန်လည်ဖျက်သိမ်းသွားကြောင်း မြန်မာလုံခြုံရေးအဖွဲ့အချို့က People Media ကို အတည်ပြုသည်။

“နှစ်နိုင်ငံသဘောတူညီချက်အရ ကျောက်တိုင်ရဲ့ ၁၀ မီတာအတွင်းမှာ ဘယ်နိုင်ငံမှ အဆောက်အဦးဆောက်လုပ်မရဘူး။ ဒါက နှစ်နိုင်ငံလိုက်နာရတာပါ” လို့ လုံခြုံရေးအဖွဲ့ဝင်တစ်ဦးက ပြောသည်။

အလားတူ တရုတ်နိုင်ငံသည် နှစ်နိုင်ငံဧရိယာအတွင်းရှိ မြန်မာပိုင်နက်နယ်မြေအချို့ကို လာရောက်ကျူးကျော်၍ ခြံခတ်မှု ပြုလုပ်သည့် ဖြစ်စဉ်များကြောင့် ဒေသခံများနှင့် တရုတ်အာဏာပိုင်အဖွဲ့များ မကြာခဏအငြင်းပွားမှု ဖြစ်ပေါ်ခဲ့သည်။

Photo – ဦးငွေတိုး

#PeopleMedia #BP125 #မြန်မာပိုင်နက် #ကိုးကန့်


Share this post