• Follow Us on

Home ျမန္မာဘက္မွ ခိုး၀င္သူ ၁၄ ေယာက္ကို ထိုင္းစစ္တပ္ဖမ္းဆီး

ျမန္မာဘက္မွ ခိုး၀င္သူ ၁၄ ေယာက္ကို ထိုင္းစစ္တပ္ဖမ္းဆီး

Share this post

တက္၊ ဒီဇင္ဘာ ၁၂ (𝐏𝐞𝐨𝐩𝐥𝐞 𝐌𝐞𝐝𝐢𝐚)

ေသာၾကာေန႔ညပိုင္းတြင္ တက္ခရိုင္၌ ထိုင္းစစ္တပ္က ျမန္မာႏိုင္ငံဘက္မွခိုး၀င္လာသူ ၁၄ ေယာက္ကို ဖမ္းဆီးရမိခဲ့သည္။

စစ္ဆင္ေရး ၂ ခုျဖင့္ဖမ္းမိခဲ့ျခင္းျဖစ္ၿပီး ပထမဆံုးျဖစ္ရပ္သည္ မဲေဆာက္ၿမိဳ႕တြင္ မိုေရးျမစ္ကိုျဖတ္လာသည့္ ျမန္မာႏိုင္ငံသား အမ်ိဳးသား ၁ ေယာက္ႏွင့္ အမ်ိဳးသမီး ၁၀ ေယာက္ကို ဖမ္းဆီးရမိခဲ့ကာ သူတို႔အားလံုးကို တက္ခ႐ိုင္ျပည္သူ႔က်န္းမာေရးအရာ႐ွိထံေစလႊတ္ၿပီး ကို႐ိုနာဗိုင္းရပ္စ္ကူးစက္ထားျခင္း႐ွိ၊ မ႐ွိစစ္ေဆးေနသည္။

ဒုတိယေျမာက္ျဖစ္ရပ္သည္ ျမန္မာႏိုင္ငံသား ၃ ေယာက္က မယ္ေတာင္ၿမိဳ႕အတြင္း၀င္ရန္ႀကိဳးစားစဥ္ ဖမ္းမိသည့္ျဖစ္ရပ္ျဖစ္သည္။

အမ်ိဳးသား ၂ ေယာက္ႏွင့္ အမ်ိဳးသမီး ၁ ေယာက္တို႔က ေဆးလိပ္အတုအထုပ္ ၄၆ ထုပ္သယ္ထားေၾကာင္းႏွင့္ သူတို႔အားလံုးကိုလည္း တက္ခ႐ိုင္ရဲစခန္းတြင္ ထိန္းသိမ္းထားကာ ကို႐ိုနာဗိုင္းရပ္စ္ကူးစက္မႈ႐ွိ၊ မ႐ွိႏွင့္ အျခားစစ္ေဆးေမးျမန္းမႈမ်ားျပဳလုပ္ေနသည္။

တက္ခ႐ိုင္ႏွင့္နယ္နိမိတ္ခ်င္းထိစပ္ေနသည့္ ျမ၀တီၿမိဳ႕တြင္ ကို႐ိုနာဗိုင္းရပ္စ္ကူးစက္အတည္ျပဳလူနာျမင့္တက္ ေနသျဖင့္ တက္ခ႐ိုင္အာဏာပိုင္မ်ားက နယ္စပ္တြင္ လံုၿခံဳေရးအဆင့္ျမွင့္တင္ၿပီး တရားမ၀င္နယ္စပ္ျဖတ္ေက်ာ္ မႈမ်ားမွတဆင့္ ကို႐ိုနာဗိုင္းရပ္စ္ကူးစက္မႈမ်ားထပ္မံမျဖစ္ေစရန္ လုပ္ေဆာင္ေနသည္။

Ref : Thai border officials capture 14 illegal Burmese migrants at Tak border areas

#PeopleMedia

(unicode)
မြန်မာဘက်မှ ခိုးဝင်သူ ၁၄ ယောက်ကို ထိုင်းစစ်တပ်ဖမ်းဆီး
…………………………………

တက်၊ ဒီဇင်ဘာ ၁၂ (𝐏𝐞𝐨𝐩𝐥𝐞 𝐌𝐞𝐝𝐢𝐚)

သောကြာနေ့ညပိုင်းတွင် တက်ခရိုင်၌ ထိုင်းစစ်တပ်က မြန်မာနိုင်ငံဘက်မှခိုးဝင်လာသူ ၁၄ ယောက်ကို ဖမ်းဆီးရမိခဲ့သည်။

စစ်ဆင်ရေး ၂ ခုဖြင့်ဖမ်းမိခဲ့ခြင်းဖြစ်ပြီး ပထမဆုံးဖြစ်ရပ်သည် မဲဆောက်မြို့တွင် မိုရေးမြစ်ကိုဖြတ်လာသည့် မြန်မာနိုင်ငံသား အမျိုးသား ၁ ယောက်နှင့် အမျိုးသမီး ၁၀ ယောက်ကို ဖမ်းဆီးရမိခဲ့ကာ သူတို့အားလုံးကို တက်ခရိုင်ပြည်သူ့ကျန်းမာရေးအရာရှိထံစေလွှတ်ပြီး ကိုရိုနာဗိုင်းရပ်စ်ကူးစက်ထားခြင်းရှိ၊ မရှိစစ်ဆေးနေသည်။

ဒုတိယမြောက်ဖြစ်ရပ်သည် မြန်မာနိုင်ငံသား ၃ ယောက်က မယ်တောင်မြို့အတွင်းဝင်ရန်ကြိုးစားစဉ် ဖမ်းမိသည့်ဖြစ်ရပ်ဖြစ်သည်။

အမျိုးသား ၂ ယောက်နှင့် အမျိုးသမီး ၁ ယောက်တို့က ဆေးလိပ်အတုအထုပ် ၄၆ ထုပ်သယ်ထားကြောင်းနှင့် သူတို့အားလုံးကိုလည်း တက်ခရိုင်ရဲစခန်းတွင် ထိန်းသိမ်းထားကာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုရှိ၊ မရှိနှင့် အခြားစစ်ဆေးမေးမြန်းမှုများပြုလုပ်နေသည်။

တက်ခရိုင်နှင့်နယ်နိမိတ်ချင်းထိစပ်နေသည့် မြဝတီမြို့တွင် ကိုရိုနာဗိုင်းရပ်စ်ကူးစက်အတည်ပြုလူနာမြင့်တက် နေသဖြင့် တက်ခရိုင်အာဏာပိုင်များက နယ်စပ်တွင် လုံခြုံရေးအဆင့်မြှင့်တင်ပြီး တရားမဝင်နယ်စပ်ဖြတ်ကျော် မှုများမှတဆင့် ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုများထပ်မံမဖြစ်စေရန် လုပ်ဆောင်နေသည်။

Ref : Thai border officials capture 14 illegal Burmese migrants at Tak border areas

#PeopleMedia


Share this post