• Follow Us on
Latest News

Home မြန်မာဘီယာအပါအဝင် ဘီယာကုန်ပစ္စည်းများ ထုတ်လုပ်လျက်ရှိသော မြန်မာဘရူဝါရီကုမ္ပဏီကို စာရင်းရှင်း လင်းဖျက်သိမ်းရန်အတွက် မြန်မာ့စီးပွားရေးဦးပိုင်အများပိုင်ကုမ္ပဏီက တရားရုံးသို့ တင်ပြလျှောက်ထား

မြန်မာဘီယာအပါအဝင် ဘီယာကုန်ပစ္စည်းများ ထုတ်လုပ်လျက်ရှိသော မြန်မာဘရူဝါရီကုမ္ပဏီကို စာရင်းရှင်း လင်းဖျက်သိမ်းရန်အတွက် မြန်မာ့စီးပွားရေးဦးပိုင်အများပိုင်ကုမ္ပဏီက တရားရုံးသို့ တင်ပြလျှောက်ထား

Share this post

နေပြည်တော်၊ နိုဝင်ဘာ ၂၄ (People Media)

 

မြန်မာဘီယာအပါအဝင် ဘီယာကုန်ပစ္စည်းများ ထုတ်လုပ်လျက်ရှိသော မြန်မာဘရူဝါရီကုမ္ပဏီကို စာရင်းရှင်း လင်း ဖျက်သိမ်းရန်အတွက် မြန်မာ့စီးပွားရေး ဦးပိုင်အများပိုင်ကုမ္ပဏီက တရားရုံးသို့ တင်ပြလျှောက်ထားခဲ့ ကြောင်း နိုဝင်ဘာ ၂၂ ရက်နေ့က နိုင်ငံပိုင်သတင်းစာတွင် ကြေညာထားသည်။

 

မြန်မာ့စီးပွားရေး ဦးပိုင်အများပိုင်ကုမ္ပဏီ၏ လက်အောက်ခံကုမ္ပဏီဖြစ်သည့် မြန်မာဘရူဝါရီကုမ္ပဏီကို စာရင်း ရှင်းလင်းဖျက်သိမ်းရန် ရန်ကုန်အနောက်ပိုင်းခရိုင်တရားရုံးသို့ မြန်မာနိုင်ငံ ကုမ္ပဏီများအက်ဥပဒေပုဒ်မ ၂၉၈(စ) အရ နိုဝင်ဘာလ ၁၉ ရက်နေ့က လျှောက်ထားခဲ့ကြောင်း ကြေညာချက်တွင် ဖော်ပြထားသည်။

 

အဆိုပါ မြန်မာဘရူဝါရီကုမ္ပဏီ စာရင်းရှင်းလင်းဖျက်သိမ်းရေး မြန်မာ့စီးပွားရေးဦးပိုင်အများပိုင်ကုမ္ပဏီ၏ လျှောက်ထားချက်ကို လာမည့် ဒီဇင်ဘာလ ၁၀ ရက်နေ့ နံနက် ၁၀ နာရီတွင် ရန်ကုန်အနောက်ပိုင်းခရိုင် တရားရုံး၌ စစ်ဆေးကြားနာမှာဖြစ်ပြီး ကန့်ကွက်လိုသူများအနေဖြင့် အဆိုပါ ကုမ္ပဏီ၏ ကြွေးမြှီးကူညီပေး ဆပ်သူ၊ အစုပါဝင်သူ သို့မဟုတ် မြှီးရှင်တစ်ဦးတစ်ယောက်တို့သည် ကိုယ်တိုင်ဖြစ်စေ၊ ၎င်း၏ တရားလွှတ် တော်ရှေ့နေဖြစ်စေ မြန်မာနိုင်ငံ ကုမ္ပဏီများနည်းဥပဒေနှင့်အညီ ဆောင်ရွက်ပြီး ကြားနာစစ်ဆေးမည့် ဒီ ဇင်ဘာလ ၁၀ ရက်နေ့ နံနက် ၁၀ နာရီတွင် ထိုကိစ္စအတွက် လာရောက်ကန့်ကွက်နိုင်ကြောင်း ထည့်သွင်း ကြေညာထားသည်။

 

မြန်မာဘရူဝါရီကုမ္ပဏီမှ ထုတ်ကုန်ဖြစ်သည့် မြန်မာဘီယာ၊ Myanmar Premium ဘီယာများအပြင် Myanmar Lager ဘီယာ၊ Black Shield Stout၊ Andaman Gold ဘီယာနှင့် KIRIN ICHIBAN ဘီယာ အမှတ်တံဆိပ် များဖြင့် မြန်မာဘီယာဈေးကွက်တွင် နှစ်ပေါင်းများစွာ ဈေးကွက်အခိုင်အမာရရှိနေသည့် ကုမ္ပဏီဖြစ်သည်။

 

#PeopleMedia #မြန်မာဘရူဝါရီကုမ္ပဏီ #မြန်မာဘီယာ

(unicode)


………………………………………………………………

 


 


 


 


 


 



Share this post