• Follow Us on
Latest News

Home မြန်မာမှ တရုတ်နိုင်ငံဘက်သို့ ကြံတန်ချိန် (၃၇၄၀၀) တင်ပို့နိုင်ခဲ့

မြန်မာမှ တရုတ်နိုင်ငံဘက်သို့ ကြံတန်ချိန် (၃၇၄၀၀) တင်ပို့နိုင်ခဲ့

Share this post

ရန်ကုန်၊ မတ် ၁၅

 

မြန်မာနိုင်ငံဘက်မှ တရုတ်နိုင်ငံဘက်သို့ ယခုနှစ်တွင် ယူနန်-ချင်းရွှေဟော်နယ်စပ် အဝင်အထွက် စစ်ဆေးရေး ဂိတ်မှတစ်ဆင့် ကြံသယ်ယူပို့ဆောင်ရေးယာဉ် ၃၈၃၁ စီး ဝင်ရောက်ခဲ့ရာမှ ကြံတန်ချိန် ၃၇၄၀၀ တင်ပို့နိုင်ခဲ့ ကြောင်း မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးမှ ထုတ်ပြန်ထားသည်။

 

နှစ်စဉ် နိုဝင်ဘာလမှ ဧပြီလအထိသည် မြန်မာနိုင်ငံတွင် ကြံရိတ်သိမ်းရာသီ ဖြစ်ကြောင်း၊ မကြာသေးမီက မြန်မာနိုင်ငံတွင် ကြံပို့ကုန်လိုအပ်ချက်သည် သိသိသာသာ မြင့်တက်လာခဲ့ကြောင်း၊ ကိုဗစ်-၁၉ ကပ်ရောဂါ၏ အကျိုးသက်ရောက်မှုခံနေရချိန်တွင် ကြံတင်သွင်းတင်ပို့မှုကိစ္စကို ဖြေရှင်းရန်အတွက် တရုတ်နိုင်ငံ ယူနန် ပြည်နယ် လင်ချန်းရှိ ချင်းရွှေဟော်နယ်စပ် အဝင်အထွက်စစ်ဆေးရေးဂိတ်သည် ညှိနှိုင်းဆွေးနွေးပြီးနောက် လူနှင့် ကုန်စည်ခွဲထုတ်ခြင်း၊ အပိုင်းလိုက် သယ်ယူပို့ဆောင်ခြင်း၊ လမ်းပိတ်၍ စီမံခန့်ခွဲခြင်း စသည့်လုပ်ငန်း အစီအစဉ်များကို အတည်ပြုခဲ့ကာ နယ်စပ်ဂိတ်၌ ကြံသယ်ယူပို့ဆောင်ရေးယာဉ်များအတွက် အစိမ်းရောင်လမ်း ကြောင်း ဖွင့်လှစ်ပြီး မြန်မာနိုင်ငံမှ ကြံများ အဆင်ပြေချောမွေ့စွာ၊ မြန်ဆန်စွာ ဂိတ်ဖြတ်သန်းဝင်ရောက်နိုင်ရေး အတွက် ဝန်ဆောင်မှုပေးခဲ့ကြောင်း ထုတ်ပြန်ထားသည်။

 

ထို့ပြင် တစ်ပတ်ကျော်ကြာ ပိတ်ထားသော ကျင်စန်းကျော့ နယ်စပ်ဂိတ်ကို မတ်လ ၁၂ ရက်နေ့ မြန်မာစံ တော်ချိန် မွန်းလွဲပိုင်းတွင် ပြန်လည်ဖွင့်လှစ်ခဲ့ကြောင်း ထုတ်ပြန်ထားသည်။

 

(unicode)


…………………………….

 


 


 


 



Share this post