• Follow Us on

Home ျမန္မာရဲတပ္ဖြဲ႕ကို အကူအညီမေပးရန္ ဂ်ပန္ကို HRW တိုက္တြန္း

ျမန္မာရဲတပ္ဖြဲ႕ကို အကူအညီမေပးရန္ ဂ်ပန္ကို HRW တိုက္တြန္း

Share this post

တိုက်ိဳ၊ ဇူလိုင္ ၂၄

ျမန္မာႏိုင္ငံရဲတပ္ဖြဲ႕အတြက္ အကူအညီေပးမည့္အစီအစဥ္ကို ခ်က္ခ်င္းဖ်က္သိမ္းရန္ လူ႔အခြင့္အေရးေစာင့္ ၾကည့္ေရးအဖြဲ႕ (HRW)က ဂ်ပန္ႏိုင္ငံကို ၾကာသပေတးေန႔တြင္ ေတာင္းဆိုသည္။

ရဲတပ္ဖြဲ႕အတြက္ ေမာ္ေတာ္ကားမ်ား၊ ဆက္သြယ္ေရးပစၥည္းမ်ား၀ယ္ယူရန္ အလွဴေငြေပးမည့္အစီအစဥ္ ရပ္ဆိုင္းရန္ ေတာင္းဆိုျခင္းျဖစ္သည္။

ရဲတပ္ဖြဲ႕သည္ အရပ္သားအစိုးရအုပ္ခ်ဳပ္မႈေအာက္တြင္မ႐ွိဘဲ တပ္မေတာ္ထိန္းခ်ဳပ္မႈေအာက္တြင္႐ွိေနၿပီး လူ႔ အခြင့္အေရးဆိုးဆိုး႐ြား႐ြားခ်ိဳးေဖာက္ထားသည့္မွတ္တမ္းမ်ား႐ွိေနေၾကာင္းလည္း HRW က ေျပာသည္။

ႏိုင္ငံထိပ္တန္းေခါင္းေဆာင္မ်ားႏွင့္သက္ဆိုင္ရာအရာ႐ွိႀကီးမ်ားကိုကာကြယ္ရန္ ကားႏွင့္ဆက္သြယ္ေရးပစၥည္း မ်ား၀ယ္ယူရန္ ရဲတပ္ဖြဲ႔ကို အေမရိကန္ေဒၚလာ ၉၃၀၀၀၀ (ဂ်ပန္ယန္းသန္း ၁၀၀) အကူအညီေပးမည္ဟု ဂ်ပန္ႏိုင္ငံျခားေရး၀န္ႀကီးဌာနက ဇူလိုင္ ၂ ရက္တြင္ ေၾကညာသည္။

ယခုလွဴဒါန္းမႈေၾကာင့္ ရဲတပ္ဖြဲ႔သည္ ျပည္သူ႔လံုျခံဳေရးပိုမိုေဆာင္႐ြက္ႏိုင္မည္ျဖစ္ၿပီး လူမႈတည္ၿငိမ္မႈႏွင့္ လူမႈ စီးပြားဖြံ႔ၿဖိဳးတိုးတက္မႈမ်ားကို ပိုမိုအေထာက္အကူျပဳႏိုင္မည္ဟု ဂ်ပန္ႏိုင္ငံျခားေရး၀န္ႀကီးဌာနထုတ္ျပန္ခ်က္တြင္ ပါ၀င္သည္။

လူ႔အခြင့္အေရးခ်ိဳးေဖာက္သည့္ ျမန္မာလုံၿခဳံေရးတပ္ဖြဲ႕မ်ား၏တစိတ္တပိုင္းျဖစ္သည့္ရဲတပ္ဖြဲ႕ကို ေငြေၾကးကူညီ ေထာက္ပံ့ျခင္းကို နားမလည္ေၾကာင္း၊ ရဲတပ္ဖြဲ႕ကို ေငြေၾကးေထာက္ပံ့မည့္အစား ရဲတပ္ဖြဲ႔ကိုတာ၀န္ခံခိုင္းရန္ လူ႔အခြင့္အေရးခ်ိဳးေဖာက္ခံရသူမ်ား၊ လူမ်ိဳးစုအလိုက္ ရွင္းလင္းခံရတဲ့သူမ်ားကို အျခားအလွဴ႐ွင္အစိုးရမ်ားႏွင့္ တြဲဖက္အကူအညီေပးသင့္ေၾကာင္း HRW ၏အာရွေရးရာၫႊန္ၾကားေရးမွဴး ဘရက္ အာဒမ္ကေျပာသည္။
လွဴဒါန္းထားသည့္ပစၥည္းမ်ားကို ကတိျပဳထားသည့္နည္းလမ္းမ်ားျဖင့္သာအသံုးျပဳရန္ ျမန္မာအစိုးရႏွင့္ သေဘာ တူညီအတည္ျပဳထားေၾကာင္း ဂ်ပန္ႏိုင္ငံျခားေရး၀န္ႀကီးဌာနက HRW ၏ေမးျမန္းမႈကိုျပန္လည္ေျဖၾကားထား သည္။

ျမန္မာႏိုင္ငံဆိုင္ရာဂ်ပန္သံ႐ံုးက ထိုပစၥည္းမ်ားအသံုးျပဳမႈကို ေစာင့္ၾကည့္အကဲခတ္ေနမည္ဟုလည္း ဂ်ပန္ႏိုင္ငံ ျခားေရး၀န္ႀကီးဌာနကေျပာသည္။

Ref : Japan Cancel Financial Grant to Myanmar Police

#PeopleMedia

(unicode)
မြန်မာရဲတပ်ဖွဲ့ကို အကူအညီမပေးရန် ဂျပန်ကို HRW တိုက်တွန်း
………………………………………………………….

တိုကျို၊ ဇူလိုင် ၂၄

မြန်မာနိုင်ငံရဲတပ်ဖွဲ့အတွက် အကူအညီပေးမည့်အစီအစဉ်ကို ချက်ချင်းဖျက်သိမ်းရန် လူ့အခွင့်အရေးစောင့် ကြည့်ရေးအဖွဲ့ (HRW)က ဂျပန်နိုင်ငံကို ကြာသပတေးနေ့တွင် တောင်းဆိုသည်။

ရဲတပ်ဖွဲ့အတွက် မော်တော်ကားများ၊ ဆက်သွယ်ရေးပစ္စည်းများဝယ်ယူရန် အလှူငွေပေးမည့်အစီအစဉ် ရပ်ဆိုင်းရန် တောင်းဆိုခြင်းဖြစ်သည်။

ရဲတပ်ဖွဲ့သည် အရပ်သားအစိုးရအုပ်ချုပ်မှုအောက်တွင်မရှိဘဲ တပ်မတော်ထိန်းချုပ်မှုအောက်တွင်ရှိနေပြီး လူ့ အခွင့်အရေးဆိုးဆိုးရွားရွားချိုးဖောက်ထားသည့်မှတ်တမ်းများရှိနေကြောင်းလည်း HRW က ပြောသည်။

နိုင်ငံထိပ်တန်းခေါင်းဆောင်များနှင့်သက်ဆိုင်ရာအရာရှိကြီးများကိုကာကွယ်ရန် ကားနှင့်ဆက်သွယ်ရေးပစ္စည်း များဝယ်ယူရန် ရဲတပ်ဖွဲ့ကို အမေရိကန်ဒေါ်လာ ၉၃၀၀၀၀ (ဂျပန်ယန်းသန်း ၁၀၀) အကူအညီပေးမည်ဟု ဂျပန်နိုင်ငံခြားရေးဝန်ကြီးဌာနက ဇူလိုင် ၂ ရက်တွင် ကြေညာသည်။

ယခုလှူဒါန်းမှုကြောင့် ရဲတပ်ဖွဲ့သည် ပြည်သူ့လုံခြုံရေးပိုမိုဆောင်ရွက်နိုင်မည်ဖြစ်ပြီး လူမှုတည်ငြိမ်မှုနှင့် လူမှု စီးပွားဖွံ့ဖြိုးတိုးတက်မှုများကို ပိုမိုအထောက်အကူပြုနိုင်မည်ဟု ဂျပန်နိုင်ငံခြားရေးဝန်ကြီးဌာနထုတ်ပြန်ချက်တွင် ပါဝင်သည်။

လူ့အခွင့်အရေးချိုးဖောက်သည့် မြန်မာလုံခြုံရေးတပ်ဖွဲ့များ၏တစိတ်တပိုင်းဖြစ်သည့်ရဲတပ်ဖွဲ့ကို ငွေကြေးကူညီ ထောက်ပံ့ခြင်းကို နားမလည်ကြောင်း၊ ရဲတပ်ဖွဲ့ကို ငွေကြေးထောက်ပံ့မည့်အစား ရဲတပ်ဖွဲ့ကိုတာဝန်ခံခိုင်းရန် လူ့အခွင့်အရေးချိုးဖောက်ခံရသူများ၊ လူမျိုးစုအလိုက် ရှင်းလင်းခံရတဲ့သူများကို အခြားအလှူရှင်အစိုးရများနှင့် တွဲဖက်အကူအညီပေးသင့်ကြောင်း HRW ၏အာရှရေးရာညွှန်ကြားရေးမှူး ဘရက် အာဒမ်ကပြောသည်။
လှူဒါန်းထားသည့်ပစ္စည်းများကို ကတိပြုထားသည့်နည်းလမ်းများဖြင့်သာအသုံးပြုရန် မြန်မာအစိုးရနှင့် သဘော တူညီအတည်ပြုထားကြောင်း ဂျပန်နိုင်ငံခြားရေးဝန်ကြီးဌာနက HRW ၏မေးမြန်းမှုကိုပြန်လည်ဖြေကြားထား သည်။

မြန်မာနိုင်ငံဆိုင်ရာဂျပန်သံရုံးက ထိုပစ္စည်းများအသုံးပြုမှုကို စောင့်ကြည့်အကဲခတ်နေမည်ဟုလည်း ဂျပန်နိုင်ငံ ခြားရေးဝန်ကြီးဌာနကပြောသည်။

Ref : Japan Cancel Financial Grant to Myanmar Police

#PeopleMedia


Share this post