• Follow Us on

Home မြန်မာလူထုကိုထိန်းချုပ်နိုင်ရေး အားဖြည့်ပေးဖို့အတွက် တရုတ်နိုင်ငံက မြန်မာစစ်အစိုးရကို ဂျက်တိုက်လေ ယာဉ်တွေ ထောက်ပံ့ကူညီနေ

မြန်မာလူထုကိုထိန်းချုပ်နိုင်ရေး အားဖြည့်ပေးဖို့အတွက် တရုတ်နိုင်ငံက မြန်မာစစ်အစိုးရကို ဂျက်တိုက်လေ ယာဉ်တွေ ထောက်ပံ့ကူညီနေ

Share this post

နိုင်ငံတကာ၊ ဖေဖော်ဝါရီ ၁၈

 

တရုတ်နိုင်ငံက မြန်မာစစ်အစိုးရကို ဂျက်တိုက်လေယာဉ်တွေထောက်ပံ့ပေးနေခြင်းအားဖြင့် အကူအညီမဲ့ နေတဲ့ အရပ်သားတွေကို ထိန်းချုပ်နိုင်ရေးအတွက် မြန်မာစစ်အစိုးရရဲ့ကြိုးပမ်းဆောင်ရွက်မှုကို အားပေး မြှင့်တင်ပေးနေ ကြောင်း Mekong News သတင်းဌာနက ရေးသားဖော်ပြလိုက်ပါတယ်။

 

မြန်မာစစ်အစိုးရကို ဒီလိုထောက်ပံ့ပေးနေတာကိုကြည့်ရင် တရုတ်အစိုးရဟာ ၎င်းတို့ရဲ့အကျိုးစီးပွား တိုးမြှင့်ဖို့လို အပ်လာတဲ့အခါ လူ့အခွင့်အရေးကိုတန်ဖိုးထားခြင်းမရှိဘူးဆိုတာ ရှင်းရှင်းလင်းလင်းပြသ လိုက်တာပဲဖြစ်ကြောင်း Mekong News က ရေးသားပါတယ်။

 

မြန်မာစစ်အစိုးရက တရုတ်နိုင်ငံကနေ FTC-2000G ဂျက်တိုက်လေယာဉ်တချို့ကို မှာယူထားကြောင်း ပြီးခဲ့တဲ့ နှစ် အောက်တိုဘာလအတွင်း ဧရာဝတီသတင်းဌာနက ရေးသားဖော်ပြခဲ့ပါတယ်။

 

အဲဒီလေယာဉ်သစ်တွေကို မောင်းနှင်ပျံသန်းနိုင်ရေးနဲ့ တွဲဖက်လက်နက်တွေကို ကိုင်တွယ်အသုံးပြုနိုင်ရေး အ တွက် သင်တန်းတက်ရောက်ဖို့ လေသူရဲ ၈ ဦး၊ စက်မှုပညာရှင် ၈ ဦးနဲ့ လက်နက်အရာရှိ ၂ ဦးတို့ ပါဝင်တဲ့ မြန် မာအဖွဲ့တစ်ဖွဲ့ဟာ ၂၀၂၂ ခုနှစ် ဇွန်လအတွင်းမှာ ကူမင်းကတစ်ဆင့် တရုတ်နိုင်ငံထဲကို ထွက်ခွာသွားတယ်လို့ သိရပါတယ်။

 

အဲဒီဂျက်တိုက်လေယာဉ်သစ်တွေဟာ မြန်မာနိုင်ငံကို ၂၀၂၂ ခုနှစ် ဇွန်လထဲမှာ ရောက်ရှိသွားပြီဖြစ်ကြောင်း ဧရာဝတီသတင်းဌာနက ရေးသားခဲ့ပါတယ်။ ဒေသတွင်းထောက်လှမ်းရေးသတင်းရင်းမြစ်တွေကလည်း အဲဒီ သတင်းမှန်ကန်ကြောင်း အတည်ပြုပြောကြားခဲ့တယ်လို့ Janes စစ်သတင်းဌာနက ပြောပါတယ်။

 

မြန်မာစစ်အစိုးရဟာ လက်နက်ကိုင်တော်လှန်ရေးကို ဖြိုခွင်းဖို့အတွက် မြန်မာနိုင်ငံတွင်းက ကျေးရွာတွေကို လေ ကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တာတွေကို တိုးမြှင့်ဆောင်ရွက်နေတယ်လို့ Mekong News က ရေးသားပါ တယ်။

 

၂၀၂၂ ခုနှစ် ဇူလိုင်လကနေ ဒီဇင်ဘာလအတွင်း လေကြောင်းတိုက်ခိုက်မှု ၁၃၅ ကြိမ်ရှိခဲ့ကြောင်း မြန်မာနိုင်ငံက လူ့အခွင့်အရေးအခြေအနေတွေကို တင်ပြနေတဲ့ Myanmar Witness အဖွဲ့က ပြောပါတယ်။

 

စက်တင်ဘာလက တည်းက လေကြောင်းတိုက်ခိုက်မှုကို တိုးမြှင့်ဆောင်ရွက်လာတာလို့ ဆိုပါတယ်။

 

ထင်ရှားတဲ့ဖြစ်စဉ်အနေနဲ့ကတော့ ၂၀၂၃ ခုနှစ် ဇန်နဝါရီလက ချင်းပြည်နယ် ဝိတိုရိယတောင်ပေါ်က ချင်းအမျိုး သားတပ်ဦး CNF ဌာနချုပ်ကိုကြဲချခဲ့တဲ့ ဗုံးငါးလုံးအနက် ဗုံးတစ်လုံးဟာ အိန္ဒိယနိုင်ငံ မီဇိုရမ် ပြည်နယ်က ချမ်ပိုင် ခရိုင်ကို ကျရောက်ခဲ့တယ်လို့ဆိုပါတယ်။

 

“စစ်တပ်ဟာ အရပ်သားတွေခိုလှုံတဲ့ အိမ်တွေ၊ စာသင်ကျောင်းတွေနဲ့ ဘာသာရေးအဆောက်အအုံတွေကို တိုက်ခိုက်ဖျက်ဆီးပြီး မြန်မာလူထုကို အန္တရာယ်ရှိတဲ့ဘဝကို တွန်းပို့နေပါတယ်။” လို့ ၂၀၂၃ ခုနှစ် ဇန်နဝါရီ လက ထုတ်ပြန်ခဲ့တဲ့ NUG ပြည်ပြေးအစိုးရရဲ့ ထုတ်ပြန်ချက်ထဲမှာဖော်ပြထားပါတယ်။

 

Ref: China helps military junta with fighter aircraft to strengthen its control over Myanmar population: Report

 

#PeopleMedia

 

(unicode)


…………………………………………………

 


 


 


 


 


 


 


 


 


 


 


 

Ref: China helps military junta with fighter aircraft to strengthen its control over Myanmar population: Report

 

#PeopleMedia


Share this post