• Follow Us on
Latest News

Home မြန်မာသင်္ဘောသား ၅၀၀၀ ကို Sinopharm ကိုဗစ်ကာကွယ်ဆေး ပထမအကြိမ်ထိုးနှံပေး

မြန်မာသင်္ဘောသား ၅၀၀၀ ကို Sinopharm ကိုဗစ်ကာကွယ်ဆေး ပထမအကြိမ်ထိုးနှံပေး

Share this post

နေပြည်တော်၊ စက်တင်ဘာ ၃ (People Media)

 

တရုတ်ကုန်သည်များအသင်းနှင့် မီးပြတိုက်လူမှုကူညီရေးအသင်းတို့ ပူးပေါင်းဆောင်ရွက်၍ မြန်မာသင်္ဘောသား ၅၀၀၀ ကို Sinopharm ကိုဗစ်ကာကွယ်ဆေး ပထမအကြိမ်ထိုးနှံပေးမှုကို စက်တင်ဘာ ၁ ရက်နေ့တွင် စတင် ထိုးနှံပေးခဲ့ကြောင်း သိရပါတယ်။

 

မြန်မာနိုင်ငံ၌ မှတ်ပုံတင်ထားသူ သင်္ဘောသား ၁ သိန်းကျော်ရှိသည့်အနက် လုပ်ငန်းပြန်လည်လုပ်ကိုင်မည့် သင်္ဘောသား ၅၀၀၀ အား ပထမဆုံးအကြိမ် ဦးစားပေး၍ ထိုးနှံပေးခြင်းဖြစ်ကြောင်းသိရပါတယ်။

 

လက်ရှိတွင် မြန်မာနိုင်ငံ၌ မှတ်ပုံတင်ထားသူ သင်္ဘောသား ၅၀၀၀ သာ ကာကွယ်ဆေးထိုးနှံနိုင်သေး သော်လည်း ထပ်မံ၍ သင်္ဘောသား ၂၀၀၀၀ ကို ဆက်လက်ထိုးနှံပေးသွားမည်ဖြစ်ကြောင်း သိရပါတယ်။

 

တရုတ်ကုန်သည်များအသင်းနှင့် မီးပြတိုက်လူမှုကူညီရေးအသင်းတို့ ပူးပေါင်းဆောင်ရွက်၍ မြန်မာသင်္ဘောသား များကို ကာကွယ်ဆေးထိုးနှံပေးရာတွင် နှစ်ကြိမ်လျှင် ၆၀၀၀၀ ကျပ်ဖြင့်ထိုးနှံပေးခြင်းဖြစ်ကြောင်း သိရပါတယ်။

 

#People Media #မြန်မာသင်္ဘောသား #ကိုဗစ်ဆေးထိုး

 

(unicode)


………………………………………………………………..

 


 


 


 


 


 



Share this post