• Follow Us on

Home မြန်မာအစိုးရကိုယ်စားလှယ်အဖွဲ့ ဘင်္ဂါလီဒုက္ခသည်များနှင့် သွားရောက်စကားပြောမှု ရလဒ်ထွက်ပေါ်ခြင်းမရှိခဲ့


Share this post

မန်မာအစိုးရကိုယ်စားလှယ်အဖွဲ့ ဘင်္ဂါလီဒုက္ခသည်များနှင့် သွားရောက် စကားပြောမှု ရလဒ်ထွက်ပေါ်ခြင်းမရှိခဲ့
………………………………………………………






Ref; Dhakatribune


(Unicode)
မြန်မာအစိုးရကိုယ်စားလှယ်အဖွဲ့ ဘင်္ဂါလီဒုက္ခသည်များနှင့် သွားရောက် စကားပြောမှု ရလဒ်ထွက်ပေါ်ခြင်းမရှိခဲ့
………………………………………………………

ဘင်္ဂါလီဒုက္ခသည်များ နေရပ်ပြန်လည်ချထားရေးအတွက် မြန်မာအစိုးရကိုယ်စားလှယ်အဖွဲ့နဲ့ ဘင်္ဂါလီဒုက္ခ သည် ကိုယ်စားပြုခေါင်းဆောင်တွေ ဘင်္ဂလားဒေ့ရှ်က ကော့ဘဇားများ နှစ်ရက်ကြာဆွေးနွေးမှုပြုလုပ်ခဲ့ကြပြီး ရလဒ်တစ်စုံတစ်ရာထွက်ပေါ်ခဲ့ခြင်းမရှိခဲ့ပါဘူး။

မြန်မာအစိုးရကိုယ်စားလှယ်အဖွဲ့ ၁၅ ဦးမှာ မြန်မာအစိုးရအရာရှိ ၉ ဦး၊ အာဆီယံနိုင်ငံတွေက ကိုယ်စားလှယ် ၆ ဦးပါဝင်ခဲ့ပါတယ်။ ဒါကာအခြေစိုက် တရုတ်သံရုံးက အစိုးရအရာရှိတစ်ဦးလည်း အခုအစည်းအဝေးကို တက် ရောက်ခဲ့ပါတယ်။

ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့နဲ့ ကြာသပတေးနေ့တွေမှာ ပြုလုပ်ခဲ့တဲ့ အစည်းအဝေးမှာ ဘင်္ဂါလီဒုက္ခသည်တွေဘက်က ၄င်း တို့ကို ကိုယ်စားပြုတဲ့ ခေါင်းဆောင် ၄၇ ဦး တက်ရောက်ခဲ့ပြီး အမျိုးသမီး ၆ ဦးပါဝင်ခဲ့ပါတယ်။

အစည်းအဝေးမှာ ဘင်္ဂါလီဒုက္ခသည်တွေ တောင်းဆိုတဲ့ မြန်မာနိုင်ငံကို ၄င်းတို့ပြန်လာပြီးနောက် နိုင်ငံတကာရဲ့ စောင့်ကြည်မှုထားရှိရေးကို မြန်မာဘက်က ငြင်းပယ်ခဲ့ပြီး နိုင်ငံသားခံယူမှုကိုလည်း ဖွဲ့စည်းပုံအခြေခံဥပဒေပါ အတိုင်းသာ အဆင့်ဆင့်လျှောက်ထားရမယ်လို့ ပြောပါတယ်။

မြန်မာအစိုးရကိုယ်စားလှယ်အဖွဲ့လာရောက်မှုကို ဆွေးနွေးညှိနှိုင်းမှုအဖြစ် မြန်မာဘက်က အသိအမှတ်မပြုဘဲ လာရောက်စကားပြောဆိုခြင်းသာဖြစ်တယ်လို့ ပြောပါတယ်။ တွေ့ဆုံစကားပြောဆိုကြရာမှာ မြန်မာနိုင်ငံဘက် က ရပ်တည်ချက်သဘောထား ပြောင်းလဲမှုမရှိတဲ့အတွက် ပထမနေ့မှာ ဘင်္ဂါလီခေါင်းဆောင်တွေ ဒေါသထွက်ခဲ့ ကြတယ်လို့ dhakatribune ကဖော်ပြခဲ့ပါတယ်။

Ref; Dhakatribune

#PeopleMedia #International


Share this post