• Follow Us on

Home ျမန္မာအစုိးရမွ တ႐ုတ္ႏုိင္ငံသုိ႔ ဆန္တန္ခ်ိန္ (၂၀၀) လွဴဒါန္းမည္

ျမန္မာအစုိးရမွ တ႐ုတ္ႏုိင္ငံသုိ႔ ဆန္တန္ခ်ိန္ (၂၀၀) လွဴဒါန္းမည္

Share this post

ရန္ကုန္၊ ေဖေဖာ္ဝါရီ – ၁၅

ျမန္မာအစုိးရမွ တ႐ုတ္ႏုိင္ငံသုိ႔ ဆန္တန္ခ်ိန္(၂၀၀)လွဴဒါန္းမည္ျဖစ္ေၾကာင္း ႏုိင္ငံျခားေရးဝန္ႀကီးဌာနမွ သတင္း ထုတ္ျပန္ခဲ့သည္။

အျပည္ျပည္ဆိုင္ရာပူးေပါင္းေဆာင္႐ြက္ေရးဝန္ႀကီးဌာန၊ ျပည္ေထာင္စုဝန္ႀကီး ဦးေက်ာ္တင္သည္ ျမန္မာႏုိင္ငံ ဆိုင္ရာ တ႐ုတ္ျပည္သူ႔သမၼတႏုိင္ငံ သံအမတ္ႀကီး မစၥတာခ်န္းဟိုင္အား ေဖေဖာ္ဝါရီ(၄)ရက္ေန႔၌ ေနျပည္ေတာ္ ရွိ နိုင္ငံျခားေရးဝန္ႀကီးဌာန၌ လက္ခံေတြ႕ဆုံခဲ့သည္။

ထုိသုိ႔ေတြ႔ဆုံရာတြင္ ျမန္မာအစုိးရမွ တ႐ုတ္ႏုိင္ငံထံ ဆန္တန္ခ်ိန္(၂၀၀)လွဴဒါန္းမည္ျဖစ္ေၾကာင္း ႏုိင္ငံျခားေရး ဝန္ႀကီးဌာနက သတင္းထုတ္ျပန္ခဲ့သည္။

အလားတူ ႏွစ္ႏုိင္ငံဆက္ဆံေရးႏွင့္ ပူးေပါင္းေဆာင္႐ြက္မႈ တိုးျမႇင့္ေရးကိစၥရပ္မ်ား၊ ျမန္မာနိုင္ငံ၏ ျပည္တြင္းၿငိမ္း ခ်မ္းေရးႏွင့္ အမ်ိဳးသားျပန္လည္သင့္ျမတ္ေရးလုပ္ငန္းစဥ္၊ ရခိုင္ျပည္နယ္မွ ေနရပ္စြန္႔ခြာသြားသူမ်ား ျပန္လည္ လက္ခံေရးလုပ္ငန္းစဥ္ႏွင့္ ျပန္လည္ေနရာခ်ထားေရးလုပ္ငန္းစဥ္တို႔တြင္ ျမန္မာႏုိင္ငံအစိုးရ၏ ႀကိဳးပမ္းေဆာင္ ႐ြက္ေနမႈမ်ားအေပၚ တ႐ုတ္ႏုိင္ငံမွ အျပဳသေဘာ ဆက္လက္အကူအညီေပးအပ္သြားမည့္ကိစၥရပ္မ်ားကိုလည္း ရင္းႏွီးပြင့္လင္းစြာ အျမင္ခ်င္းဖလွယ္ခဲ့ၾကသည္။

#PeopleMedia #China #Myanmar

(Unicode)
မြန်မာအစိုးရမှ တရုတ်နိုင်ငံသို့ ဆန်တန်ချိန် (၂၀၀) လှူဒါန်းမည်
…………………………………………………

ရန်ကုန်၊ ဖေဖော်ဝါရီ – ၁၅

မြန်မာအစိုးရမှ တရုတ်နိုင်ငံသို့ ဆန်တန်ချိန်(၂၀၀)လှူဒါန်းမည်ဖြစ်ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနမှ သတင်း ထုတ်ပြန်ခဲ့သည်။

အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးကျော်တင်သည် မြန်မာနိုင်ငံ ဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံအမတ်ကြီး မစ္စတာချန်းဟိုင်အား ဖေဖော်ဝါရီ(၄)ရက်နေ့၌ နေပြည်တော် ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန၌ လက်ခံတွေ့ဆုံခဲ့သည်။

ထိုသို့တွေ့ဆုံရာတွင် မြန်မာအစိုးရမှ တရုတ်နိုင်ငံထံ ဆန်တန်ချိန်(၂၀၀)လှူဒါန်းမည်ဖြစ်ကြောင်း နိုင်ငံခြားရေး ဝန်ကြီးဌာနက သတင်းထုတ်ပြန်ခဲ့သည်။

အလားတူ နှစ်နိုင်ငံဆက်ဆံရေးနှင့် ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေးကိစ္စရပ်များ၊ မြန်မာနိုင်ငံ၏ ပြည်တွင်းငြိမ်း ချမ်းရေးနှင့် အမျိုးသားပြန်လည်သင့်မြတ်ရေးလုပ်ငန်းစဉ်၊ ရခိုင်ပြည်နယ်မှ နေရပ်စွန့်ခွာသွားသူများ ပြန်လည် လက်ခံရေးလုပ်ငန်းစဉ်နှင့် ပြန်လည်နေရာချထားရေးလုပ်ငန်းစဉ်တို့တွင် မြန်မာနိုင်ငံအစိုးရ၏ ကြိုးပမ်းဆောင် ရွက်နေမှုများအပေါ် တရုတ်နိုင်ငံမှ အပြုသဘော ဆက်လက်အကူအညီပေးအပ်သွားမည့်ကိစ္စရပ်များကိုလည်း ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ်ခဲ့ကြသည်။

#PeopleMedia #China #Myanmar


Share this post