• Follow Us on

Home မြန်မာအတိုက်အခံအစိုးရ တော်လှန်ရေးရန်ပုံငွေရှာဖွေရာ အမေရိကန်ဒေါ်လာ ၆.၃ သန်းရရှိ

မြန်မာအတိုက်အခံအစိုးရ တော်လှန်ရေးရန်ပုံငွေရှာဖွေရာ အမေရိကန်ဒေါ်လာ ၆.၃ သန်းရရှိ

Share this post

နိုင်ငံတကာ၊ နိုဝင်ဘာ ၂၃ (People Media)

 

အာဏာသိမ်းစစ်အစိုးရကိုဖြုတ်ချမည့်တော်လှန်ရေးအတွက် ရန်ပုံငွေလည်ပတ်သုံးစွဲရန် အကြီးမားဆုံး လှုပ်ရှား မှုအဖြစ် ငွေတိုက်စာချုပ်ရောင်းချသည့်ဖွင့်ပွဲတွင် အမေရိကန်ဒေါ်လာ ၆.၃ သန်း (စင်ကာပူဒေါ်လာ ၈.၆ သန်း) ဖိုး ရောင်းချနိုင်ခဲ့ကြောင်း မြန်မာအတိုက်အခံအစိုးရက ပြောကြားလိုက်သည်။

 

မြန်မာနိုင်ငံသည် ဖေဖော်ဝါရီလ ၁ ရက်နေ့ စစ်အာဏာသိမ်းပြီးကတည်းက ဖရိုဖရဲ ဝရုန်းသုန်းကားအခြေအနေ ဖြစ်ပွားနေပြီး အာဏာသိမ်းစစ်အစိုးရကို စိန်ခေါ်နေသည့် လှုပ်ရှားမှုများကို လူထုလှူဒါန်းမှုများက အဓိကပံ့ပိုး လျက်ရှိသည်။

 

ငွေတိုက်စာချုပ်များကို အမေရိကန်ဒေါ်လာ ၁၀၀ တန်၊ အမေရိကန်ဒေါ် လာ ၅၀၀ တန်၊ အမေရိကန်ဒေါ်လာ ၁,၀၀၀ တန်နှင့် အမေရိကန်ဒေါ်လာ ၅,၀၀၀ တန် တန်ဖိုးသတ်မှတ်ပြီး နှစ်နှစ်သက်တမ်းအဖြစ်သတ်မှတ်၍ တနင်္လာနေ့ (နိုဝင်ဘာလ ၂၂ ရက်) တွင် ပြည်ပရောက်မြန်မာနိုင်ငံသားများကို အဓိကထား ရောင်းချခဲ့ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ NUG ၊ ဒီမိုကရေစီလိုလားသောမဟာမိတ်အုပ်စုများ၊ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များနှင့် ဖြုတ်ချခံရသောအရပ်သားအစိုးရအဖွဲ့ဝင်များက ပြောသည်။

 

ငွေတိုက်စာချုပ်ဝယ်ယူရာတွင် ဝယ်ယူသူများအတွက် အတိုးတစ်ပြားတစ်ချပ်မှမရသည့်တိုင် ပထမဦးဆုံးသုံးနာ ရီအတွင်း အမေရိကန်ဒေါ်လာ ၃ သန်းဖိုး ရောင်းချခဲ့ရကြောင်း၊ ပထမဦးဆုံးနေ့ရောင်းအားမှာ အမေရိကန်ဒေါ် လာ ၆.၃ သန်း အထိရရှိခဲ့ပြီး ငွေတိုက်စာချုပ်စုစုပေါင်းရောင်းချမှုကို အမေရိကန်ဒေါ်လာ ၁ ဘီလျံအထိရောင်းချ သွားရန် ရည်မှန်းထားကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ NUG ကပြောသည်။

 

“ဖက်ဆစ်စစ်တပ်အမြစ်ဖြတ်ဖို့အရေးမှာ လူထုရဲ့အားတက်သရောထောက်ခံမှုကို ဒီနေရာမှာ မျက်ဝါးထင်ထင် တွေ့မြင်လိုက်ရတာပါပဲ” ဟု အမျိုးသားညီညွတ်ရေးအစိုးရ NUG ၏ ပြောခွင့်ရပုဂ္ဂိုလ် ဒေါက်တာဆာဆာက ဖေ့စ်ဘွတ်ခ်တွင်ရေးသားဖော်ပြထားသည်။

 

အာဏာသိမ်းစစ်အစိုးရသည် အမျိုးသားညီညွတ်ရေးအစိုးရ NUG ကို တရားမဝင်ကြောင်းကြေညာခဲ့ပြီး NUG ၏ လှုပ်ရှားမှုကို အကြမ်းဖက်လှုပ်ရှားမှုအဖြစ် သတ်မှတ်ခဲ့သည်။

 

ရန်ပုံငွေများကို မည်သို့သုံးစွဲသွားမည်ကို အမျိုးသားညီညွတ်ရေးအစိုးရ NUG က ထုတ်ဖော်ပြောကြားခြင်းမရှိ ပေ။ ယခုကိစ္စနှင့်ပတ်သက်၍ အာဏာသိမ်းစစ်အစိုးရပြောခွင့်ရပုဂ္ဂိုလ်ထံမေးမြန်းသော်လည်း ပြန်လည်ဖြေကြား ခြင်းမရှိပေ။

 

အတိုက်အခံအုပ်စုများသည် စစ်အစိုးရကို အခွန်မပေးရန်၊ ဆန္ဒပြပွဲများတွင်ပါဝင်ဆန္ဒထုတ်ဖော်ရန်၊ CDM ပြု လုပ်ရန်နှင့် စစ်တပ်နှင့်ဆက်နွယ်သည့်စီးပွားရေးလုပ်ငန်းများနှင့် အောင်ဘာလေထီကို သပိတ်မှောက်ရန် လူထု အားတိုက်တွန်းခြင်းအားဖြင့် စစ်အစိုးရ၏ အာဏာခိုင်မာတောင့်တင်းစေရန် ကြိုးပမ်းအားထုတ်မှုကို နှိမ်နှင်းရန် ကြိုးစားလျက်ရှိသည်။

 

ငွေတိုက်စာချုပ်ဝယ်ယူသူများသည် ချက်သမ္မတနိုင်ငံရှိ ဘဏ်အကောင့်သို့ နိုင်ငံတကာငွေကြေးလွှဲပြောင်းမှု နည်းလမ်းမှတစ်ဆင့် ငွေများပေးပို့ခဲ့ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ NUG ကပြောသည်။

 

လုံခြုံရေးအတွက် အမည်မဖော်လိုသည့် အသက် ၂၇ နှစ်အရွယ် မြန်မာနိုင်ငံသား အမျိုးသမီးတစ်ဦးက ၎င်းအ နေဖြင့် အမေရိကန်ဒေါ်လာ ၅၀၀ တန် ငွေတိုက်စာချုပ်ကို ဝယ်ယူခဲ့ကြောင်း ပြောသည်။

 

“နှစ်နှစ်အတွင်း အဲဒီငွေတွေ ပြန်ရလိမ့်မယ်လို့ ကျွန်မတို့ မမျှော်လင့်ပါဘူး။ တော်လှန်ရေးထဲမှာ တစ်တပ်တစ် အား ထည့်ဝင်လှူဒန်းချင်လို့ ကျွန်မတို့ အဲဒီငွေတိုက်စာချုပ်တွေကို ဝယ်ယူတာပါ။” ဟု ၎င်းကပြောသည်။

 

Ref: Myanmar opposition raises $8.6m on launch of ‘revolution’ bonds

 

#PeopleMedia

 

(unicode)


…………………………………………………………

 


 


 


 


 


 


 


 


 


 


 


 


 

Ref: Myanmar opposition raises $8.6m on launch of ‘revolution’ bonds

 

#PeopleMedia


Share this post