• Follow Us on

Home ျမန္မာအပါအ၀င္ ႏိုင္ငံအခ်ိဳ႕မွ အေမရိကန္ကိုလာေရာက္သူမ်ား ဗီဇာေငြတိုက္စာခ်ဳပ္အတြက္ ေဒၚလာ ေထာင္ခ်ီေပးေခ်ရမည္

ျမန္မာအပါအ၀င္ ႏိုင္ငံအခ်ိဳ႕မွ အေမရိကန္ကိုလာေရာက္သူမ်ား ဗီဇာေငြတိုက္စာခ်ဳပ္အတြက္ ေဒၚလာ ေထာင္ခ်ီေပးေခ်ရမည္

Share this post

ဝါ႐ွင္တန္၊ ႏို၀င္ဘာ ၂၆
 
ျမန္မာ၊ အီရန္ႏွင့္ အာဖရိကႏိုင္ငံမ်ားမွခရီးသည္မ်ားအေနျဖင့္ အေမရိကန္ကိုလာေရာက္ပါက ေဒၚလာ ၁၅၀၀၀ တန္ဖိုး႐ွိေသာဗီဇာေငြတိုက္စာခ်ဳပ္မ်ားအတြက္ ေငြေပးသြင္းရမည္ဟု အေမရိကန္ကေၾကညာသည္။
 
ဒီဇင္ဘာ ၂၄ ရက္တြင္စတင္အသက္၀င္မည္ျဖစ္ၿပီး ၆ လအတြင္းလာေရာက္သူမ်ားေငြေပးသြင္းရမည္ျဖစ္သည္။
 
ေ႐ွ႕ေျပးစီမံကိန္းသည္ ဗီဇာသက္တမ္းေက်ာ္လြန္ၿပီး ႏိုင္ငံအတြင္းေနထိုင္ေနသူမ်ားကို ျပည္ႏွင္ဒဏ္ေပးရာတြင္ အေမရိကန္အစိုးရ၏ကုန္က်ခံရမႈကိုကာမိရန္ ရည္႐ြယ္ထားသည္ဟု အေမရိကန္ႏိုင္ငံျခားေရး၀န္ႀကီးဌာန၊ ေကာင္စစ္၀န္ေရးရာဒုတိယ၀န္ႀကီး မစၥတာ ကားလ္ ရစ္ခ်္က ႏို၀င္ဘာ ၂၄ ရက္ ထုတ္ျပန္ခ်က္တြင္ေျပာသည္။
 
ခဏတာ စီးပြားေရးႏွင့္ အလည္လာေရာက္သူမ်ားကိုေပးသည္ ဘီဗီဇာျဖင့္လာေရာက္သူမ်ားသည္ အေမရိကန္ ေဒၚလာ ၁၅၀၀၀ အထိေပးရမည္ျဖစ္ၿပီး တိုင္းျပည္မွအခ်ိန္မွန္ထြက္ခြာျခင္းမ႐ွိပါက လူ၀င္မႈႀကီးၾကပ္ေရးႏွင့္ အေကာက္ခြန္ဥပေဒစိုးမိုးေရးဌာနသို႔ ထိုေငြကိုေပးအပ္ရမည္ျဖစ္သည္။
 
ႏိုင္ငံ ၂၃ ႏိုင္ငံမွႏိုင္ငံသားမ်ားကို ထိုစည္းမ်ဥ္းအရသက္ေရာက္မႈ႐ွိမည္ျဖစ္ၿပီး ဗီဇာသက္တမ္းလြန္ပါက ပံုမွန္ေပးေဆာင္ရသည့္ဒဏ္ေၾကးထက္ ၁၀ ရာခိုင္ႏႈန္းပိုမ်ားမည္ျဖစ္သည္။
 
ႏိုင္ငံအမ်ားစုမွာ ဆူဒန္ႏွင့္ ကြန္ဂိုဒီမိုကရတ္တစ္သမၼတႏိုင္ငံတို႔အပါအ၀င္ အာဖရိကႏိုင္ငံမ်ားျဖစ္ၿပီး တျခားႏိုင္ငံမ်ားတြင္ ျမန္မာ၊ အီရန္၊ အာဖဂန္နစၥတန္ႏွင့္ ဘူတန္တို႔ပါ၀င္သည္။
 
Ref : US visitors from developing nations to pay thousands in visa bonds
 
#PeopleMedia
 
(unicode)
မြန်မာအပါအဝင် နိုင်ငံအချို့မှ အမေရိကန်ကိုလာရောက်သူများ ဗီဇာငွေတိုက်စာချုပ်အတွက် ဒေါ်လာ ထောင်ချီပေးချေရမည်
……………………………………………………….
 
ဝါရှင်တန်၊ နိုဝင်ဘာ ၂၆
 
မြန်မာ၊ အီရန်နှင့် အာဖရိကနိုင်ငံများမှခရီးသည်များအနေဖြင့် အမေရိကန်ကိုလာရောက်ပါက ဒေါ်လာ ၁၅၀၀၀ တန်ဖိုးရှိသောဗီဇာငွေတိုက်စာချုပ်များအတွက် ငွေပေးသွင်းရမည်ဟု အမေရိကန်ကကြေညာသည်။
 
ဒီဇင်ဘာ ၂၄ ရက်တွင်စတင်အသက်ဝင်မည်ဖြစ်ပြီး ၆ လအတွင်းလာရောက်သူများငွေပေးသွင်းရမည်ဖြစ်သည်။
 
ရှေ့ပြေးစီမံကိန်းသည် ဗီဇာသက်တမ်းကျော်လွန်ပြီး နိုင်ငံအတွင်းနေထိုင်နေသူများကို ပြည်နှင်ဒဏ်ပေးရာတွင် အမေရိကန်အစိုးရ၏ကုန်ကျခံရမှုကိုကာမိရန် ရည်ရွယ်ထားသည်ဟု အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန၊ ကောင်စစ်ဝန်ရေးရာဒုတိယဝန်ကြီး မစ္စတာ ကားလ် ရစ်ချ်က နိုဝင်ဘာ ၂၄ ရက် ထုတ်ပြန်ချက်တွင်ပြောသည်။
 
ခဏတာ စီးပွားရေးနှင့် အလည်လာရောက်သူများကိုပေးသည် ဘီဗီဇာဖြင့်လာရောက်သူများသည် အမေရိကန် ဒေါ်လာ ၁၅၀၀၀ အထိပေးရမည်ဖြစ်ပြီး တိုင်းပြည်မှအချိန်မှန်ထွက်ခွာခြင်းမရှိပါက လူဝင်မှုကြီးကြပ်ရေးနှင့် အကောက်ခွန်ဥပဒေစိုးမိုးရေးဌာနသို့ ထိုငွေကိုပေးအပ်ရမည်ဖြစ်သည်။
 
နိုင်ငံ ၂၃ နိုင်ငံမှနိုင်ငံသားများကို ထိုစည်းမျဉ်းအရသက်ရောက်မှုရှိမည်ဖြစ်ပြီး ဗီဇာသက်တမ်းလွန်ပါက ပုံမှန်ပေးဆောင်ရသည့်ဒဏ်ကြေးထက် ၁၀ ရာခိုင်နှုန်းပိုများမည်ဖြစ်သည်။
 
နိုင်ငံအများစုမှာ ဆူဒန်နှင့် ကွန်ဂိုဒီမိုကရတ်တစ်သမ္မတနိုင်ငံတို့အပါအဝင် အာဖရိကနိုင်ငံများဖြစ်ပြီး တခြားနိုင်ငံများတွင် မြန်မာ၊ အီရန်၊ အာဖဂန်နစ္စတန်နှင့် ဘူတန်တို့ပါဝင်သည်။
 
Ref : US visitors from developing nations to pay thousands in visa bonds
 
#PeopleMedia

Share this post