• Follow Us on

Home မြန်မာအခြေစိုက်သံရုံး (၄) ခုမှ ဆန္ဒပြပွဲများတွင် အသက်ဆုံးရှုံးခဲ့ရသူများအား ရည်စူးပြီး နှင်းဆီပန်း (၁၃၂၃) ကို ခင်းကျင်းပြသ

မြန်မာအခြေစိုက်သံရုံး (၄) ခုမှ ဆန္ဒပြပွဲများတွင် အသက်ဆုံးရှုံးခဲ့ရသူများအား ရည်စူးပြီး နှင်းဆီပန်း (၁၃၂၃) ကို ခင်းကျင်းပြသ

Share this post

ရန်ကုန်၊ ဒီဇင်ဘာ ၁၀ (People Media)

 

ဆန္ဒပြပွဲများ၌ အသက်ဆုံးရှုံးခဲ့ရသူများအား ရည်စူးပြီး မြန်မာအခြေစိုက် ဒိန်းမတ်၊ နော်ဝေး၊ ဆွီဒင်နှင့် ဖင်လန်နိုင်ငံ သံရုံးတို့မှ နှင်းဆီပန်း ၁၃၂၃ ကို ခင်းကျင်းပြသခဲ့ကြကြောင်း ယနေ့ အဆိုပါ သံရုံးများမှ ထုတ်ပြန်ထားသည်။

 

ယနေ့သည် နှစ်စဉ်ကျရောက်သည့် အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့ဖြစ်ကြောင်း၊ ယခုနှစ်၏ ဆောင်ပုဒ် မှာ လူသားအားလုံးသည် တန်းတူပင်ဖြစ်သည်ဟူ၍ ဖြစ်ကြောင်း လူသားအားလုံးသည် ဂုဏ်သိက္ခာနှင့် အခွင့် အရေးတူညီစွာ၊ လွတ်လပ်စွာ မွေးဖွားခဲ့ကြောင်း၊ ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံအားလုံးသည် အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးကြေညာစာတမ်းကို လက်ခံကျင့်သုံးနေသော်လည်း မြန်မာနိုင်ငံအပါအဝင် ကမ္ဘာတစ်ဝှမ်းတွင် မညီမျှမှုများနှင့် ချန်လှပ်ထားမှုများ ရှိဆဲဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

 

မြန်မာနိုင်ငံတွင် ကိုဗစ် ၁၉ ရောဂါအကျပ်အတည်းနှင့် အာဏာသိမ်းမှုတို့ကြောင့် မညီမျှမှုများ သိသိသာသာ တိုးလာပြီး အခြေခံနိုင်ငံသားအခွင့်အရေးနှင့် နိုင်ငံရေးရပိုင်ခွင့်များ၊ လွတ်လပ်ခွင့်များကို များစွာ ထိခိုက်ရုံ သာမက မြန်မာနိုင်ငံသူနိုင်ငံသားများ၏ စီးပွားရေး၊ လူမှုရေးနှင့် ယဉ်ကျေးမှုဆိုင်ရာအခွင့်အရေးများလည်း လွန်စွာ ထိခိုက်ခဲ့ကြောင်း ထုတ်ပြန်ထားသည်။

 

မြန်မာနိုင်ငံသူနိုင်ငံသားများ၏ ဒီမိုကရေစီနှင့် လူ့အခွင့်အရေးဆိုင်ရာ မျှော်မှန်းချက်များကို ဆက်လက် ထောက်ခံအားပေးသွားမည်ဖြစ်ပါသည်။ ဖေဖော်ဝါရီလ ၁ ရက်နေ့မှစပြီး လူ့အခွင့်အရေးကို ကာကွယ်ရင်း အသက်ဆုံးရှုံးခဲ့ရသူများ၊ ထိန်းသိမ်းခံထားရသူများကို ယနေ့ ကျွန်ုပ်တို့ ဂုဏ်ပြုလိုက်ကြောင်း ထုတ်ပြန်ထား ကြသည်။

 

#PeopleMedia #ဒိန်းမတ်_နော်ဝေ_ဆွီဒင်_ဖင်လန်နိုင်ငံသံရုံး

(unicode)


………………………………………………………..

 


 


 


 


 


 



Share this post