• Follow Us on

Home မြန်မာခေါင်းဆောင်များကို တပ်မတော်က ထိန်းသိမ်းခြင်းအပေါ် ကုသသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ် ပြင်းပြင်းထန်ထန်ရှုတ်ချ

မြန်မာခေါင်းဆောင်များကို တပ်မတော်က ထိန်းသိမ်းခြင်းအပေါ် ကုသသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ် ပြင်းပြင်းထန်ထန်ရှုတ်ချ

Share this post

နယူးယောက်၊ ဖေဖော်ဝါရီ ၁ (𝐏𝐞𝐨𝐩𝐥𝐞 𝐌𝐞𝐝𝐢𝐚)
စစ်အာဏာသိမ်းမှုအတွင်း မြန်မာနိုင်ငံ၏အရပ်သားအစိုးရအဖွဲ့ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အပါအဝင် ခေါင်းဆောင်များကိုထိန်းသိမ်းခြင်းအပေါ် ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတားရက်စ် က ပြင်းထန်စွာရှုတ်ချသည်။
အထွေထွေအတွင်းရေးမှူးချုပ်၏ပြောခွင့်ရသူ စတီဖန် ဂျူရှာရစ်က ထုတ်ပြန်ချက်တခုတွင်ပြောခြင်းဖြစ်သည်။
ယခုနောက်ဆုံးဖြစ်စဉ်များသည် မြန်မာနိုင်ငံမှဒီမိုကရေစီအရေးပြုပြင်ပြောင်းလဲမှုများကို ဆိုးဆိုးရွားရွား ထိုးနှက်လိုက်ခြင်းဖြစ်သည်ဟု မစ္စတာ ဂျူရှာရစ်ကပြောသည်။
နိုဝင်ဘာရွေးကောက်ပွဲတွင် ဒေါ်အောင်ဆန်းစုကြည်၏အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က အင်အားကောင်း သောလုပ်ပိုင်ခွင့်ရခဲ့ပြီး ဒီမိုကရေစီပြုပြင်ပြောင်းလဲမှုများအတွက် ပြင်းပြစွာအနိုင်ရထားသောလမ်း ကြောင်းကိုဆက်သွားရန် မြန်မာနိုင်ငံသားများ၏ရှင်းလင်းသောစိတ်ဆန္ဒကို လှစ်ပြနေသည်ဟုလည်း ပြောခွင့်ရသူကပြောသည်။
တပ်မတော်အနေနှင့် နိုင်ငံသားများ၏စိတ်သဘောထားကို လေးစားပြီး ဒီမိုကရေစီစံနှုန်းများနှင့်ကိုက်ညီရန်၊ မတူကွဲလွဲမှုများကို ငြိမ်းချမ်းသောဆွေးနွေးမှုဖြင့်ဖြေရှင်းရန်လည်း တိုက်တွန်းသည်။
ကြာသပတေးနေ့တွင် ကုလသမဂ္ဂလုံခြုံရေးကောင်စီက မြန်မာနိုင်ငံဆိုင်ရာကုလသမဂ္ဂအထူးကိုယ်စားလှယ် ခရစ္စတင်း ဘာဂီနာနှင့် မြန်မာနိုင်ငံအရေးဆွေးနွေးရန်စီစဉ်ထားပြီး ယခုအခြေအနေများကြောင့် ပို စောနိုင်ကြောင်း ကုလသမဂ္ဂသံတမန်တယောက်က AFP သတင်းအေဂျင်စီကိုပြောသည်။
Ref : UN Head “Strongly Condemns” Military Detention Of Myanmar Leaders
#PeopleMedia
(unicode)
…………………………………………………..
Ref : UN Head “Strongly Condemns” Military Detention Of Myanmar Leaders
#PeopleMedia


Share this post