• Follow Us on

Home မြန်မာတော်ဝင်ကျောက်စိမ်းစင်တာကုမ္ပဏီလိမိတက်အမည်ဖြင့် ဖွင့်လှစ်ထားသော တရုတ်နိုင်ငံသားများပိုင် တရားမဝင် ကာစီနိုရုံကို ဝင်ရောက်ဖမ်းဆီးရာ တရုတ်နိုင်ငံသား ၆၀ အပါအဝင် ကျား/မ လူဦရေ ၁၆၀ ခန့် ဖမ်းမိ

မြန်မာတော်ဝင်ကျောက်စိမ်းစင်တာကုမ္ပဏီလိမိတက်အမည်ဖြင့် ဖွင့်လှစ်ထားသော တရုတ်နိုင်ငံသားများပိုင် တရားမဝင် ကာစီနိုရုံကို ဝင်ရောက်ဖမ်းဆီးရာ တရုတ်နိုင်ငံသား ၆၀ အပါအဝင် ကျား/မ လူဦရေ ၁၆၀ ခန့် ဖမ်းမိ

Share this post

ရန်ကုန်၊ ဇန်နဝါရီ ၂၆ (People Media)

 

ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာအရှေ့ပိုင်းမြို့နယ်၌ မြန်မာတော်ဝင်ကျောက်စိမ်းစင်တာကုမ္ပဏီလိမိတက် အမည်ဖြင့် ဖွင့်လှစ်ထားသော တရုတ်နိုင်ငံသားများပိုင် တရားမဝင် ကာစီနိုရုံကို ဝင်ရောက်ဖမ်းဆီးရာ တရုတ် နိုင်ငံသား ၆၀ အပါအဝင် ကျား/မ လူဦရေ ၁၆၀ ခန့် ဖမ်းမိထားကြောင်း တာဝန်ရှိသူများက အတည်ပြုသည်။

 

ဖြစ်စဉ်မှာ ဇန်နဝါရီ ၂၅ ရက် ညပိုင်းက လှိုင်သာယာမြို့နယ်ရှိ မြန်မာတော်ဝင်ကျောက်စိမ်းစင်တာကုမ္ပဏီလိမိ တက်အမည်ဖြင့် ဖွင့်လှစ်ထားသည့် ကာစီနိုလောင်းကစားရုံကို ဝင်ရောက်ဖမ်းဆီးရာ တရုတ်နိုင်ငံသား ၆၀ နှင့် မြန်မာနိုင်ငံသားအပါအဝင် လူဦးရေ ၁၆၀ ခန့် ဖမ်းဆီးနိုင်ခဲ့ခြင်းဖြစ်သည်။

 

“မနေ့ညက ဝင်ဖမ်းတာ တရုတ်နိုင်ငံသား ၅၀ ကျော်နဲ့ လူဦးရေ ၁၆၀ လောက်ကို ဖမ်းမိတာ တချို့ဆိုရင် မြန်မာ စကားမတက်ဘူး။ ဒီမှာအလုပ်လာလုပ်တယ်ဆိုတာကို အထောက်အထားမပြနိုင်ဘူး လက်ရှိတော့ အကုန်ဖမ်း ဆီးထားပါတယ်။” လို့ တာဝန်ရှိသူတစ်ဦးက ပြောသည်။

 

အဆိုပါ ဖမ်းဆီးရမိမှု၌ မန်နေဂျာ၊ အလုပ်သမား(မြန်မာ) ၉၆ ဦးနှင့် အလောင်းအစား လာရောက်ပြုလုပ်သူများ အပါအဝင် လောင်းကစားပြုလုပ်သည့် ငွေသိန်း ၂၀၀၀ ကျော်တို့ကို ဖမ်းဆီးနိုင်ခဲ့သည်။

 

Photo – Credit(ပုံဟောင်းအသုံးပြုထားသည်)

 

#PeopleMedia #လှိုင်သာယာမြို့ #ကာစီနို

 

(unicode)


……………………………………………………..

 


 


 


 


 


 


 



Share this post