• Follow Us on

Home ျမန္မာေရပိုင္နက္ထဲ၀င္ေရာက္ခဲ့သည့္ ထိုင္းႏိုင္ငံသားအေယာက္ ၂၀ ကို ျမန္မာဘက္ကျပန္လည္လႊဲေျပာင္းေပး

ျမန္မာေရပိုင္နက္ထဲ၀င္ေရာက္ခဲ့သည့္ ထိုင္းႏိုင္ငံသားအေယာက္ ၂၀ ကို ျမန္မာဘက္ကျပန္လည္လႊဲေျပာင္းေပး

Share this post

ဘန္ေကာက္၊ ဒီဇင္ဘာ ၁၆ (𝐏𝐞𝐨𝐩𝐥𝐞 𝐌𝐞𝐝𝐢𝐚)
 
အက္ဒမန္ပင္လယ္အတြင္းသို႔ငါးဖမ္းခရီးထြက္ခဲ့ၿပီးေနာက္ ျမန္မာေရပိုင္နက္ထဲသို႔၀င္ေရာက္လာသည့္ထိုင္းခရီးသည္အေယာက္ ၂၀ ကို တစံုတရာျပစ္ဒဏ္မေပးဘဲ အဂၤါေန႔တြင္ ျမန္မာႏိုင္ငံဘက္ကလႊဲေျပာင္းေပးခဲ့သည္။
 
ခရီးစဥ္ကိုဦးေဆာင္ခဲ့သည့္ထိုင္းႏွင့္ျမန္မာသေဘၤာအမႈထမ္း ၂ ေယာက္ကို ျပန္လႊတ္မေပးဘဲ ဆက္လက္ထိန္းသိမ္းထားၿပီး ေရပိုင္နက္တြင္တရားမ၀င္လုပ္ငန္းလည္ပတ္မႈျဖင့္စြဲခ်က္တင္ထားသည္ဟု သတင္းရင္းျမစ္တေယာက္ကေျပာသည္။
 
ျပန္ေရာက္လာသူမ်ားကို ထိုင္းအစိုးရစီစဥ္ထားသည့္အသြားအလာကန္႔သတ္ေစာင့္ၾကည္ေရးဌာနမ်ားငို႔ ခ်က္ခ်င္းပို႔ေဆာင္ခဲ့ေၾကာင္း ရေနာင္းခ႐ိုင္အုပ္ခ်ဳပ္ေရးမွဴး ဆြမ္ကီယက္ ဆီဆာနက္ကေျပာသည္။
 
Polarisawan ဆိုသည့္သေဘၤာျဖင့္ ႏို၀င္ဘာ ၈ ရက္တြင္ သမုဒၵရာထဲထြက္ခဲ့ၿပီး ျမန္မာေရတပ္သေဘၤာက သေဘၤာကိုဟန္႔တားကာ ခရီးသည္အေယာက္ ၂၀ ႏွင့္ အမႈထမ္း ၄ ေယာက္ကိုထိန္းသိမ္းၿပီးေနာက္ ဇဒက္ႀကီးကၽြန္း႐ွိေရတပ္စခန္းသို႔ေခၚေဆာင္ခဲ့သည္။
 
ေနာက္ပိုင္းတြင္ ခရီးသည္မ်ားကို ေကာ့ေသာင္း႐ွိဟိုတယ္တခုသို႔ေခၚသြားၿပီး တလလံုးထားခဲ့သည္။ ထို႔ေနာက္ ခရီးသည္မ်ားကို အဂၤါေန႔တြင္ ရေနာင္းသို႔ျပန္ပို႔ခဲ့ျခင္းျဖစ္ေၾကာင္း သတင္းရင္းျမစ္ကေျပာသည္။
 
Ref : Myanmar releases 20 Thais
 
#PeopleMedia
 
(unicode)
မြန်မာရေပိုင်နက်ထဲဝင်ရောက်ခဲ့သည့် ထိုင်းနိုင်ငံသားအယောက် ၂၀ ကို မြန်မာဘက်ကပြန်လည်လွှဲပြောင်းပေး
……………………………………………
 
ဘန်ကောက်၊ ဒီဇင်ဘာ ၁၆ (𝐏𝐞𝐨𝐩𝐥𝐞 𝐌𝐞𝐝𝐢𝐚)
 
အက်ဒမန်ပင်လယ်အတွင်းသို့ငါးဖမ်းခရီးထွက်ခဲ့ပြီးနောက် မြန်မာရေပိုင်နက်ထဲသို့ဝင်ရောက်လာသည့်ထိုင်းခရီးသည်အယောက် ၂၀ ကို တစုံတရာပြစ်ဒဏ်မပေးဘဲ အင်္ဂါနေ့တွင် မြန်မာနိုင်ငံဘက်ကလွှဲပြောင်းပေးခဲ့သည်။
 
ခရီးစဉ်ကိုဦးဆောင်ခဲ့သည့်ထိုင်းနှင့်မြန်မာသင်္ဘောအမှုထမ်း ၂ ယောက်ကို ပြန်လွှတ်မပေးဘဲ ဆက်လက်ထိန်းသိမ်းထားပြီး ရေပိုင်နက်တွင်တရားမဝင်လုပ်ငန်းလည်ပတ်မှုဖြင့်စွဲချက်တင်ထားသည်ဟု သတင်းရင်းမြစ်တယောက်ကပြောသည်။
 
ပြန်ရောက်လာသူများကို ထိုင်းအစိုးရစီစဉ်ထားသည့်အသွားအလာကန့်သတ်စောင့်ကြည်ရေးဌာနများငို့ ချက်ချင်းပို့ဆောင်ခဲ့ကြောင်း ရနောင်းခရိုင်အုပ်ချုပ်ရေးမှူး ဆွမ်ကီယက် ဆီဆာနက်ကပြောသည်။
 
Polarisawan ဆိုသည့်သင်္ဘောဖြင့် နိုဝင်ဘာ ၈ ရက်တွင် သမုဒ္ဒရာထဲထွက်ခဲ့ပြီး မြန်မာရေတပ်သင်္ဘောက သင်္ဘောကိုဟန့်တားကာ ခရီးသည်အယောက် ၂၀ နှင့် အမှုထမ်း ၄ ယောက်ကိုထိန်းသိမ်းပြီးနောက် ဇဒက်ကြီးကျွန်းရှိရေတပ်စခန်းသို့ခေါ်ဆောင်ခဲ့သည်။
 
နောက်ပိုင်းတွင် ခရီးသည်များကို ကော့သောင်းရှိဟိုတယ်တခုသို့ခေါ်သွားပြီး တလလုံးထားခဲ့သည်။ ထို့နောက် ခရီးသည်များကို အင်္ဂါနေ့တွင် ရနောင်းသို့ပြန်ပို့ခဲ့ခြင်းဖြစ်ကြောင်း သတင်းရင်းမြစ်ကပြောသည်။
 
Ref : Myanmar releases 20 Thais
 
#PeopleMedia

Share this post