• Follow Us on

Home ျမန္မာေရပိုင္နက္အတြင္း၀င္ေရာက္သည့္ ထိုင္းသေဘၤာျပန္လြတ္ေရး ထိုင္းဘက္ကအဖြဲ႕ ဖြဲ႕စည္းေဆာင္ ႐ြက္ေန

ျမန္မာေရပိုင္နက္အတြင္း၀င္ေရာက္သည့္ ထိုင္းသေဘၤာျပန္လြတ္ေရး ထိုင္းဘက္ကအဖြဲ႕ ဖြဲ႕စည္းေဆာင္ ႐ြက္ေန

Share this post

ဘန္ေကာက္၊ ႏို၀င္ဘာ ၁၁
 
ၿပီးခဲ့သည့္စေနေန႔က ျမန္မာႏိုင္ငံေရပိုင္နက္အတြင္းသို႔တရားမ၀င္၀င္ေရာက္ခဲ့ၿပီးေနာက္ ျမန္မာဘက္က ထိန္းသိမ္းထားသည့္ သေဘၤာေပၚမွလူ ၂၄ ေယာက္ကို ျပန္လႊတ္ေပးရန္ ပူးေပါင္းေဆာင္႐ြက္မႈ အဖြဲ႕ ဖြဲ႕စည္းလိုက္ေၾကာင္း ထိုင္းေရေၾကာင္းတရားဥပေဒစိုးမိုးေရးကြပ္ကဲမႈဌာန ေဒသအမွတ္ ၃ က အဂၤါ ေန႔တြင္ေျပာသည္။
 
ထိုင္းႏိုင္ငံတြင္မွတ္ပံုတင္ထားသည့္အေပ်ာ္စီးငါးဖမ္းသေဘၤာ The Polaris 1 တြင္ သေဘၤာအမႈထမ္း ၈ ေယာက္ႏွင့္ ခရီးသည္ ၁၆ ေယာက္ပါ၀င္ၿပီး ႏို၀င္ဘာ ၇ ရက္တြင္ ျမန္မာေရပိုင္နက္အတြင္း ၀င္ ေရာက္သျဖင့္ ျမန္မာဘက္က ၾကားျဖတ္ဟန္႔တားခဲ့သည္။
 
ျမန္မာႏိုင္ငံသား ၂ ေယာက္အပါအ၀င္ ထိန္းသိမ္းခံထားရသူမ်ားႏွင့္ သေဘၤာတို႔ကို ေကာ့ေသာင္း႐ွိ အာဏာပိုင္မ်ားထံ ႏို၀င္ဘာ ၈ ရက္တြင္လႊဲေျပာင္းေပးခဲ့သည္။
 
ပိုင္နက္က်ဴးလြန္မႈႏွင့္ တရားမ၀င္၀င္ေရာက္မႈစြဲခ်က္မ်ားရင္ဆိုင္ေနရသည္။
 
ထိုသေဘၤာသည္ ရေနာင္းမွ ႏို၀င္ဘာ ၆ ရက္တြင္ထြက္ခြာခဲ့ၿပီး သေဘၤာေပၚတြင္ လူ ၂၄ ေယာက္ပါ၀င္ကာ ခရီးသည္မ်ားအနက္ ထိုင္းႏိုင္ငံသား ၁၅ ေယာက္ႏွင့္ တ႐ုတ္ႏိုင္ငံသား ၁ ေယာက္တို႔ပါ၀င္သည္။
 
Ref : 24 held after fishing boat enters territorial waters
 
#PeopleMedia
 
(unicode)
မြန်မာရေပိုင်နက်အတွင်းဝင်ရောက်သည့် ထိုင်းသင်္ဘောပြန်လွတ်ရေး ထိုင်းဘက်ကအဖွဲ့ ဖွဲ့စည်းဆောင် ရွက်နေ
……………………………………………………
 
ဘန်ကောက်၊ နိုဝင်ဘာ ၁၁
 
ပြီးခဲ့သည့်စနေနေ့က မြန်မာနိုင်ငံရေပိုင်နက်အတွင်းသို့တရားမဝင်ဝင်ရောက်ခဲ့ပြီးနောက် မြန်မာဘက်က ထိန်းသိမ်းထားသည့် သင်္ဘောပေါ်မှလူ ၂၄ ယောက်ကို ပြန်လွှတ်ပေးရန် ပူးပေါင်းဆောင်ရွက်မှု အဖွဲ့ ဖွဲ့စည်းလိုက်ကြောင်း ထိုင်းရေကြောင်းတရားဥပဒေစိုးမိုးရေးကွပ်ကဲမှုဌာန ဒေသအမှတ် ၃ က အင်္ဂါ နေ့တွင်ပြောသည်။
 
ထိုင်းနိုင်ငံတွင်မှတ်ပုံတင်ထားသည့်အပျော်စီးငါးဖမ်းသင်္ဘော The Polaris 1 တွင် သင်္ဘောအမှုထမ်း ၈ ယောက်နှင့် ခရီးသည် ၁၆ ယောက်ပါဝင်ပြီး နိုဝင်ဘာ ၇ ရက်တွင် မြန်မာရေပိုင်နက်အတွင်း ဝင် ရောက်သဖြင့် မြန်မာဘက်က ကြားဖြတ်ဟန့်တားခဲ့သည်။
 
မြန်မာနိုင်ငံသား ၂ ယောက်အပါအဝင် ထိန်းသိမ်းခံထားရသူများနှင့် သင်္ဘောတို့ကို ကော့သောင်းရှိ အာဏာပိုင်များထံ နိုဝင်ဘာ ၈ ရက်တွင်လွှဲပြောင်းပေးခဲ့သည်။
 
ပိုင်နက်ကျူးလွန်မှုနှင့် တရားမဝင်ဝင်ရောက်မှုစွဲချက်များရင်ဆိုင်နေရသည်။
 
ထိုသင်္ဘောသည် ရနောင်းမှ နိုဝင်ဘာ ၆ ရက်တွင်ထွက်ခွာခဲ့ပြီး သင်္ဘောပေါ်တွင် လူ ၂၄ ယောက်ပါဝင်ကာ ခရီးသည်များအနက် ထိုင်းနိုင်ငံသား ၁၅ ယောက်နှင့် တရုတ်နိုင်ငံသား ၁ ယောက်တို့ပါဝင်သည်။
 
Ref : 24 held after fishing boat enters territorial waters
 
#PeopleMedia

Share this post