• Follow Us on

Home မြန်မာရွှေ့ပြောင်းလုပ်သားများ အလုပ်လုပ်သည့်ဈေးမှတဆင့် ကူးစက်မှုများမြင့်တက်နေပြီးနောက် အလုံပိတ် ကန့်သတ်မှုများပြုလုပ်ရန် ထိုင်းကျန်းမာရေးဝန်ကြီးဌာနပြင်ဆင်

မြန်မာရွှေ့ပြောင်းလုပ်သားများ အလုပ်လုပ်သည့်ဈေးမှတဆင့် ကူးစက်မှုများမြင့်တက်နေပြီးနောက် အလုံပိတ် ကန့်သတ်မှုများပြုလုပ်ရန် ထိုင်းကျန်းမာရေးဝန်ကြီးဌာနပြင်ဆင်

Share this post

ဘန်ကောက်၊ ဒီဇင်ဘာ ၂၁ (𝐏𝐞𝐨𝐩𝐥𝐞 𝐌𝐞𝐝𝐢𝐚)




ပြီးခဲ့သည့်ရက်ပိုင်းအတွင်း ဆာမွတ်ဆာခွန်ခရိုင်ရှိ ဗဟိုပုစွန်ဈေးကြီးတွင် ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုများစ တင်ပြီးနောက် စိုးရိမ်မှုများရှိနေသည်ကိုထင်ဟပ်နေသည်။


ဈေးတွင် ထိုင်းလုပ်သား ၁၀ ရာခိုင်နှုန်းကျော်သာရှိနေပြီး ယခုကူးစက်မှုသည် မြန်မာလုပ်သားများမှတဆင့် စတင်ခြင်းဖြစ်နိုင်ကြောင်း ထိုင်းအရာရှိများက ယုံကြည်နေသည်။ ကူးစက်လူနာအားလုံးသည် ပုစွန်ဈေးနှင့် ဆက်စပ်နေသည်။

ထိုဈေးမှ ဘန်ကောက်၊ ဆာမွတ်ပရာခန်း၊ နခွန်ပသွန်၊ ရတ်ချာဘူရီနှင့် ဆူဖန်ဘူရီတို့တွင်လည်း ကူးစက်မှု များရှိနေသည်။


#PeopleMedia

(unicode)
မြန်မာရွှေ့ပြောင်းလုပ်သားများ အလုပ်လုပ်သည့်စျေးမှတဆင့် ကူးစက်မှုများမြင့်တက်နေပြီးနောက် အလုံပိတ် ကန့်သတ်မှုများပြုလုပ်ရန် ထိုင်းကျန်းမာရေးဝန်ကြီးဌာနပြင်ဆင်
…………………………………………………………

ဘန်ကောက်၊ ဒီဇင်ဘာ ၂၁ (𝐏𝐞𝐨𝐩𝐥𝐞 𝐌𝐞𝐝𝐢𝐚)

ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုဆက်လက်ရှိနေပါက ခရိုင်များကိုအလုံပိတ်ကန့်သတ်ရန် ညွှန်ကြားချက်များ ရှင်းလင်း စွာရေးဆွဲရေး ထိုင်းကျန်းမာရေးဝန်ကြီးဌာနကိုတာဝန်ပေးထားသည်။

ထိုင်းအစိုးရအိမ်တော်၌တွေ့ဆုံမှုတွင် ပြည်သူ့ကျန်းမာရေးဝန်ကြီး အနုတင် ချာဗီကာရူးကို ဝန်ကြီးချုပ် ပရာရွတ် ချန်အိုချာက ညွှန်ကြားခဲ့ကြောင်း ထိုင်းကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုအခြေအနေကြီးကြပ်ကွပ်ကဲရေးဗဟို ဌာနပြောခွင့်ရသူ တာဝီဆလစ် ဝီဆာနူယိုသင်က တနင်္လာနေ့တွင်ပြောသည်။

ခရိုင်တခုတက်ပို၍ဖြစ်စေ၊ ခရိုင်အားလုံးတွင်ဖြစ်စေ အလုံပိတ်ရန်လိုအပ်သည့်အခြေအနေများအတွက် ပြင်ဆင်ထားစေချင်ကြောင်း ဝန်ကြီးချုပ်ကပြောသည်ဟုဆိုသည်။

ပြီးခဲ့သည့်ရက်ပိုင်းအတွင်း ဆာမွတ်ဆာခွန်ခရိုင်ရှိ ဗဟိုပုစွန်စျေးကြီးတွင် ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုများစ တင်ပြီးနောက် စိုးရိမ်မှုများရှိနေသည်ကိုထင်ဟပ်နေသည်။

ထိုဖြစ်ရပ်ကြောင့် ဆာမွတ်ဆာခွန်တွင် မြန်မာရွှေ့ပြောင်းလုပ်သားများအပါအဝင်ကူးစက်အတည်ပြုလူနာ ၈၀၀ ကျော်ရှိနေသည်။

စျေးတွင် ထိုင်းလုပ်သား ၁၀ ရာခိုင်နှုန်းကျော်သာရှိနေပြီး ယခုကူးစက်မှုသည် မြန်မာလုပ်သားများမှတဆင့် စတင်ခြင်းဖြစ်နိုင်ကြောင်း ထိုင်းအရာရှိများက ယုံကြည်နေသည်။ ကူးစက်လူနာအားလုံးသည် ပုစွန်စျေးနှင့် ဆက်စပ်နေသည်။

ထိုစျေးမှ ဘန်ကောက်၊ ဆာမွတ်ပရာခန်း၊ နခွန်ပသွန်၊ ရတ်ချာဘူရီနှင့် ဆူဖန်ဘူရီတို့တွင်လည်း ကူးစက်မှု များရှိနေသည်။

Ref : Health ministry to prepare lockdown criteria

#PeopleMedia


Share this post