• Follow Us on
Latest News

Home ျမန္မာေ႐ႊ႕ေျပာင္းလုပ္သားတေယာက္ ထိုင္းႏိုင္ငံတြင္ COVID-19 ေရာဂါကူးစက္ခံရ

ျမန္မာေ႐ႊ႕ေျပာင္းလုပ္သားတေယာက္ ထိုင္းႏိုင္ငံတြင္ COVID-19 ေရာဂါကူးစက္ခံရ

Share this post

ဘန္ေကာက္၊ ႏို၀င္ဘာ ၂၃

ကို႐ိုနာဗိုင္းရပ္စ္အတည္ျပဳလူနာ ၁၁ ေယာက္ထပ္တိုးေၾကာင္း ျပည္တြင္းထိုင္းအစိုးရက တနဂၤေႏြေန႔တြင္ေၾကညာသည္။

ျပည္တြင္းကူးစက္လူနာတေယာက္ပါ၀င္ၿပီး ထိုသူသည္ တက္ခ႐ိုင္မွမဲေဆာက္ေဆး႐ံုလာတက္သည့္ အသက္ ၄၈ ႏွစ္အ႐ြယ္ ျမန္မာႏိုင္ငံသားေ႐ႊ႕ေျပာင္းလုပ္သားတေယာက္ျဖစ္သည္။

ျမန္မာႏိုင္ငံမွျပန္လာေသာအသက္ ၁၇ ႏွစ္အ႐ြယ္ ထိုင္းေက်ာင္းသူတေယာက္က ျမန္မာႏိုင္ငံမွျပန္လာၿပီးေနာက္ ကို႐ိုနာဗိုင္းရပ္စ္ကူးစက္ခံရေၾကာင္းအတည္ျပဳသျဖင့္ ထိုေဆး႐ံုတြင္ပင္ကုသမႈေပးေနသည္။

က်န္လူနာ ၉ ေယာက္မွာ ႏိုင္ငံျခားမွျပန္လာသူမ်ားျဖစ္ၿပီး ကူးစက္ေၾကာင္းအတည္မျပဳႏိုင္ခင္တြင္ အသြားအလာ ကန္႔သတ္ေစာင့္ၾကည့္ခံေနသူမ်ားျဖစ္သည္။

ထိုင္းႏိုင္ငံတြင္ ကို႐ိုနာဗိုင္းရပ္စ္ကူးစက္ခံထားရသူ ၃၉၁၃ ေယာက္႐ွိေနၿပီး ၃၇၆၁ ေယာက္ ေဆးရံုမွဆင္းကာ ေဆး႐ံုတြင္ကုသမႈခံယူေနသူ ၉၂ ေယာက္႐ွိေနၿပီး ေသဆံုးသူ ၆၀ ႐ွိေနသည္။

Ref : New local infection among new Covid cases

#PeopleMedia

(unicode)
မြန်မာရွှေ့ပြောင်းလုပ်သားတယောက် ထိုင်းနိုင်ငံတွင် COVID-19 ရောဂါကူးစက်ခံရ
………………………………………………..

ဘန်ကောက်၊ နိုဝင်ဘာ ၂၃

ကိုရိုနာဗိုင်းရပ်စ်အတည်ပြုလူနာ ၁၁ ယောက်ထပ်တိုးကြောင်း ပြည်တွင်းထိုင်းအစိုးရက တနင်္ဂနွေနေ့တွင်ကြေညာသည်။

ပြည်တွင်းကူးစက်လူနာတယောက်ပါဝင်ပြီး ထိုသူသည် တက်ခရိုင်မှမဲဆောက်ဆေးရုံလာတက်သည့် အသက် ၄၈ နှစ်အရွယ် မြန်မာနိုင်ငံသားရွှေ့ပြောင်းလုပ်သားတယောက်ဖြစ်သည်။

မြန်မာနိုင်ငံမှပြန်လာသောအသက် ၁၇ နှစ်အရွယ် ထိုင်းကျောင်းသူတယောက်က မြန်မာနိုင်ငံမှပြန်လာပြီးနောက် ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရကြောင်းအတည်ပြုသဖြင့် ထိုဆေးရုံတွင်ပင်ကုသမှုပေးနေသည်။

ကျန်လူနာ ၉ ယောက်မှာ နိုင်ငံခြားမှပြန်လာသူများဖြစ်ပြီး ကူးစက်ကြောင်းအတည်မပြုနိုင်ခင်တွင် အသွားအလာ ကန့်သတ်စောင့်ကြည့်ခံနေသူများဖြစ်သည်။

ထိုင်းနိုင်ငံတွင် ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံထားရသူ ၃၉၁၃ ယောက်ရှိနေပြီး ၃၇၆၁ ယောက် ဆေးရုံမှဆင်းကာ ဆေးရုံတွင်ကုသမှုခံယူနေသူ ၉၂ ယောက်ရှိနေပြီး သေဆုံးသူ ၆၀ ရှိနေသည်။

Ref : New local infection among new Covid cases

#PeopleMedia


Share this post