• Follow Us on

Home ျမန္မာ့ကမ္းလြန္၌ အလားအလာေကာင္းေသာ ဓာတ္ေငြ႕သိုက္အသစ္ ေတြ႕ရွိဟု POSCO International Corp ေၾကညာ

ျမန္မာ့ကမ္းလြန္၌ အလားအလာေကာင္းေသာ ဓာတ္ေငြ႕သိုက္အသစ္ ေတြ႕ရွိဟု POSCO International Corp ေၾကညာ

Share this post

ႏိုင္ငံတကာ၊ ေဖေဖာ္ဝါရီ ၁၈

ျမန္မာႏိုင္ငံအေနာက္ပိုင္း ကမ္း႐ိုးတန္း အလြန္၌ အလားအလာေကာင္းေသာ ဓာတ္ေငြ႕သိုက္အသစ္တစ္ခု ရွာေဖြေတြ႕ရွိခဲ့ေၾကာင္း ေတာင္ကိုရီးယား အေထြေထြကုန္သြယ္မႈကုမၸဏီတစ္ခုျဖစ္သည့္ POSCO International Corp., က ေဖေဖာ္ဝါရီလ ၁၇ ရက္တြင္ ေၾကညာခဲ့သည္။

ျမန္မာ့ကမ္းလြန္လုပ္ကြက္ Block A-3 ရွိ “မဟာ” ဓာတ္ေငြ႕သိုက္အသစ္က တစ္ရက္လ်င္ သဘာဝဓာတ္ ေငြ႕ ကုဗေပ ၃၈ သန္းခန္႔ ထုတ္လုပ္မည္ဟု ေမွ်ာ္မွန္းရေၾကာင္း POSCO International Corp., ၏ ေျပာၾကား ခ်က္အရ သိရသည္။

အလားအလာေကာင္းေသာ ဓာတ္ေငြ႕လုပ္ကြက္တူးေဖာ္ရန္ လာမည့္ႏွစ္မ်ားအတြင္း အေသး စိတ္အစီအ စဉ္မ်ား မေဆာင္ရြက္မီ ၂၀၂၁ ခုႏွစ္တြင္ “မဟာ” ဓာတ္ေငြ႕သိုက္အသစ္၌ အကဲျဖတ္တူးေဖာ္မႈမ်ား လုပ္ေဆာင္ မည္ဟု ေတာင္ကိုရီးယား သံမဏိလုပ္ငန္းႀကီး POSCO ၏ လုပ္ငန္းခြဲ POSCO International Corp., က ေျပာ ၾကားသည္။

“မဟာ” ဓာတ္ေငြ႕သိုက္အသစ္မွာ ျမန္မာႏိုင္ငံရွိ “ေရႊ” ဓာတ္ေငြ႕လုပ္ကြက္၏ေတာင္ဘက္ ကီလိုမီတာ ၃၀ ခန္႔အကြာ၌ တည္ရွိသည္။ လက္ရွိအခ်ိန္တြင္ POSCO International Corp., သည္ “ေရႊ” ႏွင့္ “ျမ” ကမ္းလြန္လုပ္ ကြက္မ်ားမွထုတ္လုပ္ေသာ သဘာဝဓာတ္ေငြ႕မ်ားကို ၇၉၃ ကီလိုမီတာရွည္လ်ားေသာ ေျမျပင္အေျချပဳ ပိုက္လိုင္း တစ္ခုျဖင့္ တ႐ုတ္ႏွင့္ ျမန္မာႏိုင္ငံသို႔ ေရာင္းခ်သည္။

ျမန္မာႏိုင္ငံ၌ ဓာတ္ေငြ႕စီမံကိန္း အဆင့္-၂ တူးေဖာ္မႈကို ေဆာင္ရြက္ေနၿပီး ၂၀၂၁ ခုႏွစ္တြင္ “ေရႊ” ဓာတ္ ေငြ႕လုပ္ကြက္ႏွင့္ ၂၀၂၂ ခုႏွစ္တြင္ “ေရႊျဖဴ” ဓာတ္ေငြ႕လုပ္ကြက္မ်ား၌ ထုတ္လုပ္မႈစတင္ရန္ စီစဉ္ထားေၾကာင္း POSCO International Corp., က ေျပာၾကားသည္။

#peoplemedia

#MPI #MyitphyarIrra #InternationalNews

ကိုးကား–ယြန္ဟပ္

Ref; POSCO International discovers prospective gas field off Myanmar

(unicode)
မြန်မာ့ကမ်းလွန်၌ အလားအလာကောင်းသော ဓာတ်ငွေ့သိုက်အသစ် တွေ့ရှိဟု POSCO International Corp ကြေညာ
………………………………………………………………………………….

နိုင်ငံတကာ၊ ဖေဖော်ဝါရီ ၁၈

မြန်မာနိုင်ငံအနောက်ပိုင်း ကမ်းရိုးတန်း အလွန်၌ အလားအလာကောင်းသော ဓာတ်ငွေ့သိုက်အသစ်တစ်ခု ရှာဖွေတွေ့ရှိခဲ့ကြောင်း တောင်ကိုရီးယား အထွေထွေကုန်သွယ်မှုကုမ္ပဏီတစ်ခုဖြစ်သည့် POSCO International Corp., က ဖေဖော်ဝါရီလ ၁၇ ရက်တွင် ကြေညာခဲ့သည်။

မြန်မာ့ကမ်းလွန်လုပ်ကွက် Block A-3 ရှိ “မဟာ” ဓာတ်ငွေ့သိုက်အသစ်က တစ်ရက်လျင် သဘာဝဓာတ် ငွေ့ ကုဗပေ ၃၈ သန်းခန့် ထုတ်လုပ်မည်ဟု မျှော်မှန်းရကြောင်း POSCO International Corp., ၏ ပြောကြား ချက်အရ သိရသည်။

အလားအလာကောင်းသော ဓာတ်ငွေ့လုပ်ကွက်တူးဖော်ရန် လာမည့်နှစ်များအတွင်း အသေး စိတ်အစီအ စဉ်များ မဆောင်ရွက်မီ ၂၀၂၁ ခုနှစ်တွင် “မဟာ” ဓာတ်ငွေ့သိုက်အသစ်၌ အကဲဖြတ်တူးဖော်မှုများ လုပ်ဆောင် မည်ဟု တောင်ကိုရီးယား သံမဏိလုပ်ငန်းကြီး POSCO ၏ လုပ်ငန်းခွဲ POSCO International Corp., က ပြော ကြားသည်။

“မဟာ” ဓာတ်ငွေ့သိုက်အသစ်မှာ မြန်မာနိုင်ငံရှိ “ရွှေ” ဓာတ်ငွေ့လုပ်ကွက်၏တောင်ဘက် ကီလိုမီတာ ၃၀ ခန့်အကွာ၌ တည်ရှိသည်။ လက်ရှိအချိန်တွင် POSCO International Corp., သည် “ရွှေ” နှင့် “မြ” ကမ်းလွန်လုပ် ကွက်များမှထုတ်လုပ်သော သဘာဝဓာတ်ငွေ့များကို ၇၉၃ ကီလိုမီတာရှည်လျားသော မြေပြင်အခြေပြု ပိုက်လိုင်း တစ်ခုဖြင့် တရုတ်နှင့် မြန်မာနိုင်ငံသို့ ရောင်းချသည်။

မြန်မာနိုင်ငံ၌ ဓာတ်ငွေ့စီမံကိန်း အဆင့်-၂ တူးဖော်မှုကို ဆောင်ရွက်နေပြီး ၂၀၂၁ ခုနှစ်တွင် “ရွှေ” ဓာတ် ငွေ့လုပ်ကွက်နှင့် ၂၀၂၂ ခုနှစ်တွင် “ရွှေဖြူ” ဓာတ်ငွေ့လုပ်ကွက်များ၌ ထုတ်လုပ်မှုစတင်ရန် စီစဉ်ထားကြောင်း POSCO International Corp., က ပြောကြားသည်။

#peoplemedia

#MPI #MyitphyarIrra #InternationalNews

ကိုးကား–ယွန်ဟပ်

Ref; POSCO International discovers prospective gas field off Myanmar


Share this post