• Follow Us on

Home မြန်မာ့တပ်မတော်ကို သစ္စာဖောက်ထွက်ပြေးလာသူတွေကို သြစတေးလျအစိုးရက ဗီဇာထုတ်ပေး

မြန်မာ့တပ်မတော်ကို သစ္စာဖောက်ထွက်ပြေးလာသူတွေကို သြစတေးလျအစိုးရက ဗီဇာထုတ်ပေး

Share this post

နိုင်ငံတကာ၊ မတ် ၁၉

 

မြန်မာ့တပ်မတော်ကနေ စစ်အစိုးရရက်စက်ပုံလုပ်ကြံဇာတ်လမ်းတွေနဲ့ ထွက်ပြေးလာတဲ့ စစ်သားဟောင်းပြည် ပြေးတွေကို သြစတေးလျအစိုးရက ကာကွယ်ပေးသွားမယ်လို့ သိရပါတယ်။

 

ကမ္ဘာ့ငြိမ်းချမ်းရေးကို မတည်ငြိမ်အောင်လုပ်နေတဲ့ ယူကရိန်းနိုင်ငံအပေါ် ရုရှားကျူးကျော်စစ် ဆက်လက်ဖြစ်ပွား နေတဲ့အချိန်မှာ မြန်မာနိုင်ငံကတော့ လွန်ခဲ့တဲ့ဖေဖော်ဝါရီလက အာဏာသိမ်းခဲ့တဲ့စစ်အစိုးရလက်အောက်မှာပဲ ဆက်လက်ရှိနေဆဲဖြစ်ပါတယ်။

 

သြစတေးလျနိုင်ငံမှာ နိုင်ငံရေးခိုလှုံခွင့်တောင်းခံထားတဲ့ မြန်မာနိုင်ငံကထွက်ပြေးလာတဲ့စစ်သားဟောင်းနှစ်ဦး ကို ပြီးခဲ့တဲ့ဇန်နဝါရီလကတည်းက သြစတေးလျအစိုးရက လက်ခံခဲ့တယ်လို့ Sydney Morning Herald and The Age သတင်းစာက ရေးသားဖော်ပြခဲ့ပါတယ်။

 

မြန်မာ-ထိုင်းနယ်စပ်ကထွက်ပြေးမလာခင် တော်လှန်ရေးအုပ်စုတွေနဲ့ပူးပေါင်းခဲ့တဲ့ မြန်မာ့တပ်မတော်က စစ် သားဟောင်းတစ်ဦးက စစ်တပ်ကအာဏာသိမ်းတာကို လက်မခံနိုင်တဲ့အတွက် သူဘယ်လိုထွက်ပြေးလာ တယ်ဆိုတာကို ပြောပြပါတယ်။

 

“အရပ်သားတွေကို ကျွန်တော်ပစ်မသတ်ချင်ပါဘူး။ ပြည်သူနဲ့ ဆန့်ကျင်တဲ့ဘက်မှာ ကျွန်တော်မရပ်ချင်ဘူး။” လို့ အမည်မဖော်လိုတဲ့ ဗိုလ်ကြီးအဆင့်ရှိသူတစ်ဦးကပြောပါတယ်။ မြန်မာပြည်ထဲမှာ ကျန်ရစ်ခဲ့တဲ့ သူ့မိသားစုဝင် တွေရဲ့ လုံခြုံရေးကို စိုးရိမ်လို့ သူ့နာမည်ကိုထုတ်ဖော်ပြောကြားခြင်းမပြုတာလို့ဆိုပါတယ်။

 

“ဒီနယ်စပ်အနီးမှာ ပုန်းနေတဲ့စစ်သားဟောင်းတွေအများအပြားရှိပါတယ်။ မြန်မာနိုင်ငံထဲမှာနေရတာ ကျွန်တော် တို့အတွက် မလုံခြုံပါဘူး။ ဒီနေရာမှာတော့ နည်းနည်းလုံခြုံပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့ ဒီမှာသောင်တင်နေ ကြတယ်။ ကျွန်တော်တို့ ဘဝသစ်တစ်ခုကို ပြန်စချင်နေပါပြီ။” လို့ ၎င်းက ပြောပါတယ်။

 

သြစတေးလျမှာ မိသားစုနဲ့အတူ ပြန်လည်အခြေချလာတဲ့ စစ်သားဟောင်းတစ်ဦးကလည်း ၎င်းအနေနဲ့ ထိုင်း နိုင်ငံက ထွက်ပြေးလာခဲ့တာတောင်မှ တောက်လျှောက်ခြိမ်းခြောက်ခံနေရတယ်လို့ ပြောပြပါတယ်။

 

သူကလည်း သူ့အမည်ကိုထုတ်ဖော်ပြောဆိုခြင်းမပြုရဘူးဆိုတဲ့ကတိတောင်းခံခဲ့ပါတယ်။

 

“စစ်အစိုးရဟာ အတော်ရက်စက်ပါတယ်။ ကျွန်တော် အဲဒီမှာ မနေနိုင်တော့ဘူး။ စစ်အာဏာမသိမ်းခင်ကတော့ ကျွန်တော်တို့ တိုင်းပြည်လေးဟာ ငြိမ်းငြိမ်းချမ်းချမ်းဖြစ်မယ်လို့ ယုံကြည်ခဲ့တာပေါ့။ ဒါပေမဲ့ ကံဆိုးစွာနဲ့ပဲ စစ်တပ် က အာဏာသိမ်းခဲ့တယ်။” လို့ ၎င်းကပြောပါတယ်။

 

မြန်မာ့တပ်မတော်ဟာ အရပ်သားတွေကို တိုက်ခိုက်ခဲ့တယ်ဆိုတဲ့စွပ်စွဲချက်တွေပါတဲ့ အစီရင်ခံစာတစ်စောင်ကို ကုလသမဂ္ဂက အခုသီတင်းပတ်အတွင်းမှာ အစီရင်ခံစာတစ်စောင်ထုတ်ပြန်ခဲ့ပါတယ်။

 

မြန်မာ့တပ်မတော်ဟာ ၂၀၁၇ ခုနှစ်က ရခိုင်ပြည်နယ်အနောက်ပိုင်းမှာ ရိုဟင်ဂျာမူဆလင်တွေကို လူမျိုးတုံးသတ် ဖြတ်ခဲ့တယ်ဆိုတဲ့စွပ် စွဲချက်နဲ့လည်း ကုလသမဂ္ဂတရားရုံးတစ်ခုမှာ အစွပ်စွဲခံထားရပါတယ်။

 

အာဏာသိမ်းပြီးကာလအတွင်း ရက်စက်ကြမ်းကြုပ်မှုတွေကြောင့် တပ်မတော်သား ၂၅၀၀ နဲ့ ရဲတပ်ဖွဲ့ဝင် ၆၀၀၀ ဝန်းကျင်လောက် ထွက်ပြေးလာကြတယ်လို့ မြန်မာနိုင်ငံထဲက တော်လှန်ရေးအဖွဲ့အစည်းတွေကပြောပါတယ်။

 

တစ်ဦးချင်းဖြစ်စေ အုပ်စုလိုက်ဖြစ်စေ အခြေအနေအရ/ လူသားချင်းစာနာထောက်ထားမှုအရ ပြန်လည်နေရာချ ထားရေးအစီအစဉ်နဲ့ ပတ်သက်လို့ သြစတေးလျပြည်ထဲရေးဝန်ကြီးဌာနရဲ့ထုတ်ပြန်ကြေညာချက်ထဲမှာ ဘာမှတ် ချက်မှရေးထားခြင်းမရှိပါဘူး။

 

“လူပုဂ္ဂိုလ်တစ်ဦးချင်းစီရဲ့ ဗီဇာလျှောက်ထားမှုကို သက်ဆိုင်ရာတိုင်းပြည်မှာဖြစ်ပျက်နေတဲ့ အခြေအနေတွေနဲ့ ပတ်သက်ပြီး လက်ရှိအချိန်နဲ့ ပြည့်စုံလုံလောက်တဲ့သတင်းအချက်အလက်တွေကို အသုံးပြုပြီး တစ်ဦးချင်းစီရဲ့ အကောင်းအဆိုးပေါ်မူတည်ပြီး ထည့်သွင်းစဉ်းစားသွားမှာဖြစ်ပါတယ်။

 

ဗီဇာထုတ်ပေးဖို့ဆိုတာက လျှောက်ထား သူတစ်ယောက်ချင်းစီတိုင်းဟာ သက်ဆိုင်ရာလူထုအကျိုးပြုစံနှုန်း တွေနဲ့ ကိုက်ညီဖို့လည်း လိုပါတယ်။” လို့ ထုတ်ပြန်ကြေညာချက်ထဲမှာဖော်ပြထားပါတယ်။

 

မြန်မာပြည်ပြေးအစိုးရဖြစ်တဲ့ NUG အစိုးရရဲ့ သြစတေးလျကိုယ်စားလှယ် ဒေါက်တာထွန်းအောင်ရွှေကတော့ သြစတေးလျအစိုးရက လတ်တလောလက်ခံလိုက်တဲ့ မြန်မာစစ်သားဟောင်းပြည်ပြေးတွေကို သဘောပေါက် နားလည်ကြောင်း၊ အနောက်တိုင်းအစိုးရရဲ့ အခုလိုလုပ်ရပ်မျိုးဟာ အာဏာသိမ်းစစ်အစိုးရကို အားနည်းသွား စေနိုင်ကြောင်း Sydney Morning Herald and The Age သတင်းစာကို ပြောပါတယ်။

 

Ref: Australia issues protection visas to Myanmar military defectors

 

(unicode)

မွနျမာ့တပျမတောျကို သစ်စာဖောကျထှကျပွေးလာသူတှကေို သွစတေးလအြစိုးရက ဗီဇာထုတျပေး

………………………………….

 


 


 


 


 


 


 


 


 


 


 


 


 


 


 


 


 


 

Ref: Australia issues protection visas to Myanmar military defectors


Share this post