• Follow Us on

Home မြန်မာ့တပ်မတော်က ရိုဟင်ဂျာတွေအပေါ် လူမျိုးတုံးသတ်ဖြတ်မှု ကျူးလွန်ခဲ့တယ်လို့ အမေရိကန်က ကြေ ညာမည်

မြန်မာ့တပ်မတော်က ရိုဟင်ဂျာတွေအပေါ် လူမျိုးတုံးသတ်ဖြတ်မှု ကျူးလွန်ခဲ့တယ်လို့ အမေရိကန်က ကြေ ညာမည်

Share this post

Open photo

Open photo

Open photo

နိုင်ငံတကာ၊ မတ် ၂၁

 

မြန်မာအစိုးရက ရိုဟင်ဂျာမူဆလင်တွေအပေါ် နှစ်ရှည်လများဖိနှိပ်မှုတွေကို “လူမျိုးတုံးသတ်ဖြတ်မှု” အဖြစ် ဂျိုးဘိုင်ဒန်အစိုးရက ကြေညာသွားမယ်လို့ အမေရိကန်ကန်အရာရှိတွေက တနင်္ဂနွေနေ့ (မတ်လ ၂၀ ရက်) က ပြောပါတယ်။

 

ဒီဆုံးဖြတ်ချက်ကို ဝါရှင်တန်မှာရှိတဲ့ ဟိုလိုကက်အထိမ်းအမှတ်ပြတိုက်မှာ ကြေညာသွားဖို့ အမေရိကန်နိုင်ငံခြား ရေးဝန်ကြီး အန်တိုနီဘလင်ကန်က စီစဉ်နေတယ်လို့ အမည်မဖော်လိုတဲ့ အရာရှိတစ်ဦးကပြောပါတယ်။

 

ဒီဆုံးဖြတ်ချက် တစ်ခုတည်းအနေနဲ့ကတော့ မြန်မာစစ်အစိုးရအပေါ် ပြင်းထန်တဲ့အရေးယူမှုအသစ်တွေချမှတ်ဖို့ ရှေ့ပြေးနိမိတ်မဟုတ်ပါဘူး။

 

အမေရိကန်အစိုးရဟာ ၂၀၁၇ ခုနှစ်မှာ ရခိုင်ပြည်နယ်အနောက်ပိုင်းမှာ ရိုဟင်ဂျာ တွေကို မြန်မာ့တပ်မတော်က စစ်ဆင်ရေးလုပ်လာခဲ့တဲ့အချိန်ကစပြီး စီးပွားရေးအရေးယူပိတ်ဆို့မှု အဆင့်အမျိုး မျိုးကို ချမှတ်ခဲ့ပါတယ်။

 

ဒါပေမဲ့လည်း အမေရိကန်ရဲ့ဆုံးဖြတ်ချက်က သည်ဟိတ်မြို့က နိုင်ငံတကာရာဇဝတ်တရားရုံးမှာ လူမျိုးတုံးသတ် ဖြတ်မှုကျူးလွန်ခဲ့ပါတယ်ဆိုပြီး ရင်ဆိုင်ခဲ့ရတဲ့ မြန်မာအစိုးရအပေါ် နိုင်ငံတကာဖိအားတွေ ထပ်မံ ရောက်ရှိလာ နိုင်တဲ့အထိ အကျိုးသက်ရောက်မှုရှိလာနိုင်ပါတယ်။

 

ဒီဆုံးဖြတ်မျိုးချနိုင်ဖို့အတွက် လူ့အခွင့်အရေးအုပ်စုတွေနဲ့ လွှတ်တော်အမတ်တွေက ထရမ့်အစိုးရကိုရော ဘိုင် ဒန်အစိုးရကိုပါ တောက်လျှောက်ဖိအားပေးလာခဲ့တာဖြစ်ပါတယ်။

 

ဒီမိုကရက်တစ်ပါတီဝင် အိုရီဂွန်ပြည်နယ်က အထက်လွှတ်တော်အမတ်ဖြစ်သူ ဂျက်ဖ်မတ်ခ်လေးက အခုဆုံး ဖြတ်ချက်ကို ကြိုတင်မျှော်လင့်ထားတဲ့အဆင့်တစ်ရပ်အဖြစ် ကြိုဆိုလိုက်ကြောင်းပြောပါတယ်။

 

“ရိုဟင်ဂျာလူမျိုးတွေအပေါ် ကျူးလွန်ခဲ့တဲ့ရက်စက်မှုတွေကို လူမျိုးတုံးသတ်ဖြတ်မှုအဖြစ် နောက်ဆုံးမှာအသိအ မှတ်ပြုလုပ်တဲ့အတွက် ဘိုင်ဒန်အစိုးရကို ချီးကျူးဂုဏ်ပြုလိုက်ပါတယ်။” လို့ ၎င်းက ထုတ်ပြန်ချက်ထဲမှာပြောဆို လိုက်ပါတယ်။

 

“ဒီဆုံးဖြတ်ချက်ဟာ အရမ်းအချိန်နှောင်းတော့မှာထွက်ပေါ်လာတာဖြစ်ပေမဲ့ ဒီရက်စက်ကြမ်းကြုပ်တဲ့အစိုးရကို ဘာ့ကြောင့်ဒီလိုလုပ်ရတယ်ဆိုတာ တာဝန်ယူရှင်းပြဖို့အတွက် အင်အားရှိပြီး အလွန်အရေးကြီးတဲ့အဆင့်တစ် ဆင့်ပဲဖြစ်ပါတယ်။ ဒီလိုဖြစ်စဉ်မျိုးကို ဓမ္မဒိဋ္ဌာန်ကျကျ တစ်သမတ်တည်း အမြဲဆောင်ရွက်ရမှာဖြစ်ပါတယ်။ ပထဝီနိုင်ငံရေးအရ ထည့်သွင်းစဉ်းစားရမယ့်အချက်အလက်တွေကို ကျော်လွန်သွားတဲ့နည်းလမ်းနဲ့ ဆောင်ရွက် ရမယ့်အဆင့်ဖြစ်ပါတယ်။” လို့ မတ်ခ်လေးက ပြောပါတယ်။

 

လူသားချင်းစာနာထောက်ထားမှုအုပ်စုဖြစ်တဲ့ Refugees International အဖွဲ့ကလည်း အမေရိကန်ရဲ့ကြေ ညာချက်ကို ချီးကျူးပြောဆိုလိုက်ပါတယ်။ “အမေရိကန်ရဲ့ လူမျိုးတုံးသတ်ဖြတ်မှုကြေညာချက်ဟာ ကြိုဆိုရ မယ့် အလွန်အရေးကြီးပြီး အဓိပ္ပာယ်ပြည်ဝတဲ့ အဆင့်တစ်ခုဖြစ်ပါတယ်။” လို့ အဲဒီအဖွဲ့က သူတို့ရဲ့ကြေညာ ချက်မှာထည့်သွင်းဖော်ပြခဲ့ပါတယ်။

 

“ဒီကနေ့အချိန်အထိ စစ်အစိုးရရဲ့ ရက်စက်မှုတွေကို ဆက်လက်ရင်ဆိုင်ကြုံတွေ့နေရတဲ့သူတွေအတွက် တရား မျှတမှုကိုရှာဖွေဖို့ သဘောဆန္ဒရှိတဲ့ ခိုင်မာတဲ့နိမိတ်လက္ခဏာတစ်ခုလည်းဖြစ်ပါတယ်။” လို့ ကြေညာချက်ထဲမှာ ဖော်ပြထားပါတယ်။

 

အမေရိကန်အစိုးရအနေနဲ့ မြန်မာအစိုးရရဲ့ ရေနံနဲ့ သဘာဝဓာတ်ငွေ့လုပ်ငန်းတွေအပါအဝင် နောက်ထပ် စီးပွား ရေးအရေးယူပိတ်ဆို့မှုအသစ်တွေကို ထပ်မံချမှတ်ခြင်းအားဖြင့် မြန်မာနိုင်ငံအပေါ်ကို ဆက်လက်ဖိအားပေးသွား ဖို့ မတ်ခ်လေးက တောင်းဆိုလိုက်ပါတယ်။

 

“ဘယ်လိုနေရာမျိုးမှာဖြစ်ပွားခဲ့တာပဲဖြစ်နေပါစေ ဒီလိုရက်စက်ကြမ်းကြုပ်မှုမျိုးတွေကို လူမသိသူမသိ မြေမြုပ် သဂြိုဟ်ပစ်ဖို့ ခွင့်ပြုမှာမဟုတ်ဘူးဆိုတာကို ရှင်းရှင်းလင်းလင်းသိစေဖို့အတွက် ကမ္ဘာကြီးကို အမေရိကန်က ဦးဆောင်ရမှာပါ။” လို့ ၎င်းက ပြောပါတယ်။

 

မြန်မာ့တပ်မတော်က သူပုန်အုပ်စုတစ်စုကို တုံ့ပြန်တိုက်ခိုက်ရာမှာ နယ်မြေရှင်းလင်းရေးစစ်ဆင်ရေးကို ဆောင် ရွက်ခဲ့တဲ့ ၂၀၁၇ ခုနှစ် သြဂုတ်လကတည်းက ဗုဒ္ဓဘာသာလွှမ်းမိုးကြီးစိုးတဲ့ မြန်မာနိုင်ငံကနေ အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ် နိုင်ငံထဲကို ရိုဟင်ဂျာမူဆလင် ၇၀၀,၀၀၀ ကျော် ထွက်ပြေးသွားခဲ့ကြပါတယ်။

 

Ref: US to declare Myanmar army committed genocide against Rohingya

 

(unicode)


……………………………………………

 


 


 


 


 


 


 


 


 


 


 


 


 


 


 


 

Ref: US to declare Myanmar army committed genocide against Rohingya


Share this post